အာရှ၏တိတ်ဆိတ်ငြိမ်းချမ်းသောနေရာ
မြိတ်ကျွန်းစု၏ ထူးခြားမှုက ကမ္ဘာလှည့်ခရီး သွားဧည့်သည်များ မရှိခြင်းပင်။ ဗြိတိသျှအစိုးရများလက်ထက်က အသိအမှတ်ပြုခံရခြင်းမရှိခဲ့သလို မြန်မာအစိုးရလက်ထက်မှာ နှစ်ငါးဆယ်လောက် ပိတ်ပင်ထားခဲ့သည့် မြိတ်ကျွန်းစု ကို ယခုအခါ နိုင်ငံခြားသားများ အား သွားရောက်လည်ပတ်ခွင့်ပြုလိုက်ပါပြီ။ သို့သော်လည်း သတ်မှတ်ထားသော ခရီးသွားအုပ်စု များအတွက်ပဲ ဖြစ်ပါသည်။
နေ့စဉ်လှုပ်ရှားမှုတွေက ရုန်း ထွက်သည့်အနေဖြင့် မြိတ်ကျွန်းစု ကို ငါးရက်ကြာဖြတ်သန်းရွက် လွှင့်မည့် Intrepid ခရီးသွားအဖွဲ့ ၏ ဇိမ်ခံရွက်သင်္ဘောအသစ်ပေါ် မှာ ကျွန်တော်လိုက်ပါခဲ့ပါသည်။
မြန်မာနိုင်ငံ၏ တောင်ဘက် စွန်းမြို့ ကော့သောင်းမြို့ မြင်ကွင်းကနေကွယ်သွားသည်နှင့် တစ်ပြိုင်နက်မြို့ပြ၀န်းကျင် ဆူညံမှု များအစား သစ်ရွက်တွေပါလာ သော လေတိုးသံများနှင့် လူသူကင်းမဲ့နေသော သဲဖြူသောင်ကမ်းခြေများကို ရိုက်ခတ်နေသော လှိုင်းသံများက အစားထိုးဝင်ရောက် လာပါသည်။
မကြာခဏဆိုသလို လူတွေ ၏ အရိပ်အယောင်ကိုလည်း ကျွန်တော်မြင်ရပါသည်။ ခပ်ဝေး ဝေးက ကင်းမွန်ငါးရှာနေသော ငါးဖမ်းလှေများ၏ မီးအိမ်များ (သို့မဟုတ်) မော်ကင်းဟုခေါ်သည့် ဆလုံပင်လယ်ပျော်လူမျိုး အချို့ သစ်သားလှေများကို လှော်ခတ် သွားကြတာမျိုး ဖြစ်ပါသည်။
သို့သော် ကောင်းကင်ဘုံလို သာယာလှပသော အစိမ်းရောင် မြင်ကွင်းတွေက လွဲလျှင် လူသူကင်းမဲ့လှ၏။ အာရှတိုက်မှာ တိတ်ဆိတ်ငြိမ်သက်အေးချမ်းသော မြို့တော်ရှိသည်ဆိုလျှင် သည်နေရာသာဖြစ်ပါလိမ့်မည်။
ဒုတိယနေ့ နံနက်စောစော တွင် ကျွန်တော်တို့နားမှာ ဒေသခံ ကင်းမွန်ငါးဖမ်းလှေတစ်စီး ကျောက်ချရပ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်တို့၏ မြန်မာဧည့်လမ်းညွှန်ကိုဟိန်းက ကျွန်တော်တို့ကို ထိုလှေလေးပေါ် ခေါ်သွားပြီး နေ့လယ်စာဟင်းချက် စရာ သွားဝယ်ကြပါသည်။
ဆေးမင်ကြောင်များအပြည့် ထိုးထားသော လှေကုန်းပေါင်ပေါ် က ငါးဖမ်းသမားက ခြင်းအပြည့် နှင့် လတ်လတ်ဆတ်ဆတ် ကင်း မွန်ငါးများကို သံပရာဖျော်ရည်သံဘူးငါးဘူးနှင့် ၀မ်းသာအားရရောင်းချပါသည်။ ကြည့်ရတာအရောင်းအ၀ယ်လုပ်တာနှင့် တောင် မတူပါ။
ဧည့်လမ်းညွှန်ကိုဟိန်းက ‘‘သူတို့အတွက် ငွေကပင်လယ် ထဲမှာ သုံးလို့မှမရတာ။ သူတို့က ဖျော်ရည်ကို ကြိုက်တယ်’’ဟု ရှင်း ပြပါသည်။
ကျွန်တော်တို့သင်္ဘော၏ စားဖိုမှူး ကိုစိုးက ကင်းမွန်တွေရ သည့်အတွက် အားရ၀မ်းသာဖြင့် နေ့လယ်စာကို ကင်းမွန်ကြော်ဖြင့်ပြင်ဆင်ပေး၏။
မကြာခင် ကိုစိုးသည် ဟင်းချက်ကောင်းကြောင်း ကျွန်တော် သိလာရပါသည်။ သူ ၏မီးဖိုချောင် ကျဉ်းကျဉ်းလေးကနေ နေ့လယ် စာနှင့် ညစာကို ထမင်းနှင့် ငါး ဟင်းလေးခွက်ချက်ပေးလေ့ရှိပါ
သည်။ တစ်ခါနှစ်ခါလောက်သာ ဟင်းတစ်မျိုးတည်းကို နေ့လယ် စာရော ညစာပါစားခဲ့ရ၏။
ထို့နောက် လူသူကင်းမဲ့နေ သော လန်ပိကျွန်းကြီးပေါ်က ကွေ့ကောက်နေသော ဒီရေတော ချောင်းလေးအထက်ပိုင်းကို ကျွန်တော်တို့ လှေအသေးလေး များကို လှော်ခတ်ပြီးတက်ခဲ့ကြ သည်။ ချောင်းရေထဲကနေ အ ရောင်လက်နေသော ငါးသိမ်ငါး မွှားလေးများက ထခုန်ပျံလွှားနေ ကြသည်။ ချောင်းအထက်ပိုင်း ခပ်ဝေးဝေးမှာ တောက်တဲ့ကြီး တစ်ကောင်က တွဲလောင်းကျနေ သော သစ်ကိုင်းပေါ်ကနေ ကြည့် နေတာကို မြင်ခဲ့ရသည်။
လူသူအရိပ်အယောင်မရှိ သော တောကြီးကအသက်ကင်းမဲ့နေဆဲပင်။ ဧည့်လမ်းညွှန်ကိုဟိန်းက တောနက်ထဲကနေ ဆင်အော်သံများကြားရသည့်အ ကြောင်းများကို ပြောပြပါသည်။ဖန်သားပြင်လိုရေငြိမ်နေသည့် ချောင်းကလေးက မြွေများ(သို့မဟုတ်)သည့် ထက်ဆိုးသည့် အကောင်များ ပုန်းလျှိုးနေသယောင် ထင်ရသည်။ ထို့ကြောင့် လှေကိုခပ်သွက်သွက် လှော်ရသည်မှာ မဟာစွန့်စားခန်းကြီးလို ခံစားရ စေပါသည်။
နောက်ဆုံးမှာ ကျွန်တော်ခြေ ကုန်လက်ပန်းကျလာပါသည်။ ထို့ကြောင့် ချောင်းကိုကန့်လန့် ဖြတ်လဲကျနေသော သစ်ပင်ပင် စည်ကြီးတစ်ခုကို တွေ့လိုက်သည့်အခါ ကျွန်တော်ကျိတ်ပြီး ၀မ်း သာမိ၏။ သူ့ကြောင့် ကျွန်တော် တို့နောက်ကြောင်း ပြန်လှည့်ခွင့်ရ သွားသည်။
ရွက်လှေပေါ်ပြန်ရောက်ချိန် မှာ စားဖိုးမှူးကိုစိုးက အမြော်အ မြင်ကြီးစွာဖြင့် လက်ဖက်ရည်နှင့် ကိတ်မုန့်တွေကို နေ့ခင်းအဆာ ပြေအဖြစ် ခင်းကျင်းပြင်ဆင်ပေး ထားပြီးသား ဖြစ်သည်။ နောက် တစ်ကြိမ် ရေထဲဆင်းပြီး လှေလှော်မထွက်ခင် နာရီဝက်လောက်တော့ ကျွန်တော်အစာကြေ အောင် စောင့်နေလိုက်ပါသည်။
အက်ဒမန်ပင်လယ်က မိုး ကုပ်စက်ဝိုင်းလိမ္မော်ရောင်နှင့် ခရမ်းရင့်ရောင်များ ရောယှက်နေ သော နေ၀င်ချိန်ကိုကြည့်ပြီး ကျွန်တော်တို့ ညစာစားခဲ့ကြပါ သည်။
နောက်တစ်နေ့ မနက်မှာ ကော်ဖီကိုဖြည်းဖြည်းသောက် ရင်း လန်ပိကျွန်းတောထဲက ငှက် သံတွေနှင့် ပြည့်နေသော ပင်လယ်အော်ကြီးပေါ်ကနေ ထွက်လာသည့် နေလုံးကြီးကို ကျွန်တော်စောင့်ကြည့်ခဲ့ပါသည်။ ထို့နောက် ရေဆင်းကူး။ နံနက်စာ စားပြီး သောအခါ မကြာခင် ကျောက်ဆူး ကြိုးကိုနုတ်ပြီး ထွက်ခွာဖို့ပြင်ပါ သည်။ သည်လိုလှပသော နေရာ ကနေ ကျွန်တော်မခွာချင်ပါ။
နံနက်ပိုင်းရွက်လွှင့်အပြီးမှာ နောက်ထပ်လူသူမရှိသော ဆွန် တွန်ဆိုသည့်ကျွန်းကို ကျွန်တော် တို့တွေ့ခဲ့ရပါသည်။ ကျောက် ဆောင်တွေနားမှာ သန္တာကျောက် တန်းတွေကိုဖြတ်ပြီး ရာနှင့်ချီ သည့် အရောင်စုံငါးအုပ်များ ကူးသန်းနေသည့်နေရာမှာ ကျွန်တော်တို့ ရေငုပ်ရေကူးခဲ့ပါ သည်။
ကမ်းခြေပေါ်မှာ ၀င်ကစွပ် ကောင်အုပ်စုတွေက သူတို့အခွံ တွေကိုဆွဲပြီး သွားလာနေပါသည်။ သည်အချိန်သည် အကောင်လေး များ ကမ်းခြေ၌ တိတ်တဆိတ် အလုပ်များသွားလာသည့် အချိန်ဖြစ်ပါသည်။ ညနေပိုင်းကိုမူ လူသူတစ်ဦးတစ်ယောက်မျှ မမြင်ရ ဘဲ ကျွန်တော်တို့ချည်း ဖြတ်သန်း ခဲ့ရပါသည်။
ညဘက်ရောက်သောအခါ ကျွန်တော်တို့ရွက်လှေ၏ စက် ဆရာကိုဝင်းက မီးပုံပွဲအတွက် သစ်တွေကိုခုတ်ပြီး ထင်းစုဆောင်းပါသည်။ ကျွန်တော်တို့လည်း မီး တောက်အောင် ထင်းတွေကို ဆွဲ ကာမီးဖိုထဲသို့ ပစ်ထည့်ခဲ့ကြပါ သည်။
ကိုဝင်းသည် ကျွန်တော်တို့ မီးပုံပွဲကိုတာဝန်အရ မီးသတ်ပေး ရမည့် မီးသတ်သမားတစ်ဦးကဲ့ သို့သတိထားပြီး ဆင်နွှဲပါဝင်ခဲ့ပါ သည်။ ကိုစိုးကမူ ကြက်သား ဟင်း။ လတ်လတ်ဆတ်ဆတ် ငါးကင်။ အသုပ်နှင့် အုန်းထမင်း တို့ဖြင့် အသေအချာ ညစာကိုပြင် ဆင်ကျွေးပါသည်။ ကျွန်တော်တို့ အထက်ကောင်းကင်က တောက် ပနေသော ကြယ်တွေအောက်မှာ ဗိုက်ပြည့်နေသော ကျွန်တော်တို့ သည် ဘီယာသောက်ရင်း၊ စကား တွေပြောရင်း သီချင်းတွေကို နား ထောင်နေခဲ့ကြပါသည်။
‘‘ကျွန်းတစ်ကျွန်းလုံးမှာ ဘယ်သူမှမရှိဘူး’’ဟု တစ်ယောက်က ပြောပါသည်။
‘‘တကယ်တော့ ကျွန်တော် တို့အနီးဝန်းကျင်မှာကို ဘယ်သူမှ မရှိတာဗျ။ ဒီလိုအဖြစ်မျိုး ခင်ဗျား ဘ၀မှာ ဘယ်နှခါများ ကြုံဖူးသ လဲ’’
ကျွန်တော်ကမီးဖိုက မီးကြွင်းမီးကျန်တွေကိုကြည့်ပြီး ကျေနပ် သဘောကျစွာ ပြုံးမိပါသည်။
ကျွန်တော်တို့ရွက်လှေ၏ ပဲ့ ထိန်းတောင်အာဖရိကလူမျိုး သင်္ဘောသား မိုင်းလ်က သည် ကျွန်းအပါအ၀င် အချို့ကျွန်းများ ကို အပန်းဖြေစခန်းလုပ်ရန် ၀ယ် ထားကြပြီးပြီဟုဆိုပါသည်။ စွန်း တွန်ကျွန်းကို ကျွန်တော်တို့လာ လည်ရသည်မှာ နောက်ဆုံးအ ကြိမ်ဖြစ်မှာကိုမူ သူကစိတ်ပူပုံ မပေါ်ပါ။
‘‘ဒီနားပတ်လည်မှာ တခြား ကျွန်းတွေလည်း ရှိပါသေးတယ်’’
ဟု လေးရက်ခန့် ကျွန်တော်တို့၏အိမ်ဖြစ်ခဲ့သော ပင်လယ်ပြင်ကြယ်ကြီးကို ညွှန်ပြပြီးသူက ပြုံးပြီး ပြောပါသည်။
မြန်မာအစိုးရသည် သည် ဒေသကို သတိကြီးစွာဖြင့် တ ဖြည်းဖြည်းလမ်းဖွင့်ပေးနေပါသည်။ ကြည့်ရသည်မှာ မြိတ်ကျွန်းစုကို တစ်မူထူးခြားစေသော တိတ်ဆိတ် ငြိမ်းချမ်းမှုကို ကာကွယ်ထိန်းသိမ်း ဖို့လိုသည်ဆိုတာကို သူတို့နား လည်ပုံရပါသည်။
မည်သို့ပင်ဖြစ်စေ မြိတ်ကျွန်းစုအနေဖြင့် တဖြည်းဖြည်းပြောင်း လဲလာမှာကိုမူ ရှောင်လွှဲ၍မရနိုင် ပါ။ သို့သော် ယခုအချိန်မှာတော့ တိုးတက်ဖွံ့ဖြိုးလာမှုများသည် ကျွန်းတွေကြားမှာ ရွက်လွှင့်သွား ရသကဲ့သို့ နှေးကွေးနေပါသေး သည်။
Credit – 7daydaily
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Post a Comment