➳ အတွေးနက်နက် ပင်လယ်➳
➳ အတွေးနက်နက် ပင်လယ်➳
ဘ၀ထဲက တစ်စုံတစ်ယောက်ကို မေ့ချင်တယ်
ပ လပ်ခံ ဘ၀မှာ အသားမကျနိုင်လို့
ဝေးခြင်း နီးခြင်းတွေမှာ
နှလုံးသားမပါဝင်တာ သိခဲ့လေတော့
သူ့ ကိုထုပ်ပယ်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း
ပိုလို့ ဆွေးရင်း . . .
တစ်ချိနိမှာ ဆိုတဲ့ မျှော်လင့်ချက်မျိုးလဲ မရခဲ့ပါဘူး
တကယ်ပါဆိုတဲ့ စကားမျိုးလဲ မကြားခဲ့ပါဘူး
`ခံစားချက်ကို စာစီဖို့မှမလိုတာ´
တချိန်ကတွေးဖူးတဲ့ ကိုယ်ပိုင်အတွေးလေးကို
ခပ်ထေ့ထေ့ ပြန်တွေးရင်း
အရောင်တွေထဲ နစ်တထက်နစ်လာခဲ့တယ်
ကျမရဲ့ညတွေ ဘယ်အချိန်ထိ နက်မလဲ . . .
နန်းမဟော်
Post a Comment