စာဖတ်သူအများစုဟာစွဲဆောင်နိုင်သူများဖြစ်ကြသညိ။
ကျော်သန့် (ရိုးရာလေး)
www.yoyarlay.com
#kt_yyl
#news_yyl
(Unicode Version)
စာဖတ်ကြသူအများစုဟာ ဆွဲဆောင်မှုရှိသူများဖြစ်
သင်ဟာ စာဖတ်ဝါသနာ ပါသူ တစ်ဦးဆိုရင် ဒါ သင့်အတွက် သတင်းကောင်းတစ်ရပ်ပါပဲ။
eHarmony ဆိုတဲ့ ဖူးစာဖက်ရှာဖွေရေး website တစ်ခုရဲ့ သုတေသနပြုချက်အရ သင့်ရဲ့ အိပ်ရာဘေးမှာ ရှိတဲ့ စာအုပ်တွေ၊ သင်ဖတ်နေတဲ့ စာအုပ်တွေဟာ သင့်ရဲ့ ချစ်ခရီးလမ်းမှာ အထောက်အပံ့ပြုနိုင်ပါတယ်။ စာဖတ်အားသန်သူတွေဟာ ဆွဲဆောင်မှု ရှိသူတွေ ဖြစ်ကြပါတယ်။ အဲဒီ website မှာ မိမိရဲ့ ဝါသနာနေရာမှာ " စာဖတ်ခြင်း " လို့ စာရင်းဖြည့်သွင်းထားသူတွေကို ဆန့်ကျင်ဘက်လိင်တွေက ပို သဘောကျ ကြတယ်လို့ တွေ့ရှိရပါတယ်။ စာဖတ်တာ ဝါသနာပါကြောင်းဖော်ပြထားတဲ့ အမျိုးသားတွေဟာ သာမန်အမျိုးသားတွေထက် ၁၉ ရာခိုင်နှုန်း မတ်ဆေ့ချ်ပေးပို့ ဆက်သွယ်ခံနေရပြီး စာဖတ်ဝါသနာပါကြောင်းဖော်ပြထားသူအမျိုးသမီးတွေကတော့ ၂၂ ရာခိုင်နှုန်းတောင် ပိုပြီး ခေါ်ပြောဆက်သွယ်ခံနေရပါသတဲ့။
စာဖတ်ဝါသနာပါတာ အပြင် သင် ဖတ်နေတဲ့ စာအုပ်၊ ဖတ်နေကြောင်းကို လူတွေအပေါ် အသိပေးထားတဲ့ စာအုပ် ပေါ်မူတည်ပြီးလည်း လူစိတ်ဝင်စားမှုအနည်းအများ ကွဲပြားနိုင်သေးတယ်လို့ သိရပါတယ်။
Ref : The Independent; "Book Readers Make the Best Lovers, Reveals Survey"
ကျော်သန့် (ရိုးရာလေး)
Post a Comment