အချစ်အကြောင်း...တစ်စေ့တစ်စောင်း
"အချစ်အကြောင်း...တစ်စေ့တစ်စောင်း"
ချစ်ခြင်းတရားသည်
စစ်ခင်းကစားရန်အတွက်မဟုတ် .....
အရှုံးအမြတ်အတွက်မဟုတ်
ဆုံးတစ်သက်ချစ်ကြရန်သာ.....
အပြန်အလှန်နားလည်မှုရှိခြင်းသည်
ချစ်ခြင်းတရားကို ပို၍ ခိုင်မြဲစေမည် .....
အကြင်နာတရားကို
ရင်မှာအစဉ်ထားသင့်သည်သာ....
နီးခြင်း ဝေးခြင်းများသည်
ပညတ်ချက်များသာဖြစ်၍
ချစ်ခြင်းတရားအား ဟန့်တား၍မရနိုင် .....
စာနာခြင်းတရားသာရှိပါက
အခါခါအငြင်းပွားစရာလည်းလိုမည်မထင်.....
မိုင်ထောင်ချီဝေးကွာခြားလည်း
ချစ်ခြင်းတရားများဖြင့် နီးကပ်လျက်သာ......
ချစ်ခြင်းတို့ခိုင်မြဲစေဖို့
မယိုင်လဲသင့်သည်က သစ္စာတရား.....
အချစ်ကြောင့် အလွမ်းဖြစ်တည်လာပြီး
အလွမ်းမရှိပါက စစ်မှန်သောအချစ်မမည်.....
အလွမ်းကြောင့်ကျသော မျက်ရည်သည်
အချစ်၏သက်သေတစ်ခုပင် ဖြစ်လေ၏.....
စာနာနားလည်မှုတို့ဖြင့်တည်ဆောက်ထားသော
အချစ်အိမ်သည် ဘယ်သောအခါမျှ ပြိုကွဲလိမ့်မည် မဟုတ်.....
ချစ်သူတိုင်း
ဤချစ်ခြင်းတရားဖြင့်
နှလုံးစိတ်ဝမ်းချမ်းမြေ့ကြစေပြီး သာယာစွာဖြင့် ဘဝခရီးကို
ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ကြပါစေ.....
HH (Maths)
28-5-17
Post a Comment