Header Ads

အားလပ်ရက်မှာ လည်ပတ်စရာ တောတောင်ရေမြေ သဘာဝကို ခံစားနိုင်မယ့် ဆောင်နိုင်ကြီးရေတံခွန်သို့ တစ်ခေါက်





ဓာတ်ပုံ − Mountain View Hotel ဖေ့စ်ဘွတ်ခ်

မိုးတွင်းကာလ ဖြစ်တာကြောင့် အလုပ်ပိတ်ရက်တွေမှာ ခရီးသွားဖို့ နေရာရွေးချယ်ရတာ အခက်အခဲ ရှိနေသူတွေအတွက် အခုတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့နဲ့ မနီးမဝေးမှာ တည်ရှိပြီး နေ့ချင်း ပြန်လည်းသွားရောက်လည်ပတ်နိုင်သလို တစ်ညအိပ်ခရီးလည်း သွားရောက်နိုင်တဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့အနီးက ဆောင်နိုင်ကြီးရေတံခွန်နဲ့ အနီးတစ်ဝိုက်ကို ဖော်ပြလိုက်ပါတယ်။



ရန်ကုန်ကနေ လေးနာရီဝန်း ကျင် မောင်းရုံနဲ့ရောက်ရှိနိုင်တဲ့ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားတည်ရှိရာ တောင်ခြေကင်မွန်းစခန်းအနီးမှာ ဆောင်နိုင်ကြီးရေတံခွန်တည်ရှိပါတယ်။

 ရေတံခွန်ကိုမသွားခင် ကျိုက်ထီးရိုးဘုရားကို တောင်တက်ကားတွေစီးပြီး နေ့တစ်ပိုင်း ဘုရားဖူးပြီးမှ တောင်ခြေကို ပြန်ဆင်းလာပြီး ရေတံခွန်ကိုသွားလို့ ရပါတယ်။

ကင်မွန်းစခန်းကနေ ကားနဲ့ မိနစ် ၂၀ ကျော်လောက် မောင်း နှင်ရုံနဲ့ တောင်တွေကြားထဲမှာ စီးဆင်းနေတဲ့ ဆောင်နိုင်ကြီးရေ တံခွန်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါ တယ်။ ခရီးလမ်းတစ်လျှောက်မှာ ရော်ဘာတောအုပ်တွေ၊ ကျွဲကော၊ ကြက်မောက်နဲ့ မာလကာဥယျာဉ် ခြံတွေကို တွေ့ရမှာပါ။ ခြေတံ ရှည်၊ ၀ရန်တာကျယ်ကျယ်နဲ့ မွန် ရိုးရာကျေးလက်အိမ်တွေနဲ့ ကရင် ရိုးရာဆန်တဲ့ အိမ်တွေကိုလည်း မြေနီလမ်းလေးတွေရဲ့ ဘေးမှာ တွေ့နိုင်ပါတယ်။



ကရင်လူမျိုး အများစု  နေ ထိုင်တဲ့ ရွာငယ်နှစ်ရွာရဲ့ကြားမှာ ဒီရေတံခွန်ကတည်ရှိတာ ဖြစ်ပါ တယ်။ ကျိုက်ထီးရိုးတောင်ပေါ် ကနေ ကျဆင်းလာတဲ့ ရေတံခွန်ကြီးကနေ တောင်ခြေအထိ ဆောင်နိုင်ကြီးရေတံခွန်ဖြစ်လာအောင် စီးဆင်းလာခြင်း ဖြစ်ပါတယ်။

ကားနဲ့သွားသွား၊ ဆိုင်ကယ် နဲ့ သွားသွား ရေတံခွန်ထိပ်ထိ မရောက်နိုင်ဘဲ ရေတံခွန်အစပ် မှာ တင်ရပ်နားရမှာ ဖြစ်ပါတယ်။ ရေကစားဖို့နဲ့ ဓာတ်ပုံလှလှတွေ ရိုက် နိုင်ဖို့ တောတွင်းလမ်းအတွင်း ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာ ဖြစ်တဲ့အတွက် တောတွင်းလမ်း လျှောက်ခြင်းအရသာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။



ရေတံခွန်က ရှည်လျားပြီးအ  မြင့်ကကျလာတဲ့ပုံစံမဟုတ်ဘဲ စမ်းချောင်းကြီးသဖွယ် ကျောက် တုံးတွေကြားမှ အရှိန်အဟုန်နဲ့ ကျ ဆင်းလာတာကြောင့် ရေကူးလို သူတွေအတွက် အဆင်ပြေနိုင်ပြီး နောက်ခံတောင်တန်းတွေနဲ့ အ မှတ်တရဓာတ်ပုံတွေ ရိုက်ကူးနိုင် မှာ ဖြစ်ပါတယ်။

ဆောင်နိုင်ကြီးရေတံခွန်ကို ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်က ဒေသခံတချို့သာ သွားရောက်လည် ပတ်ခဲ့ကြရာက အခုနောက်ပိုင်းမှာ တော့ ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်ဆင်းလာသူတိုင်းလာရောက် လည်ပတ်မှုများလာပြီး လူသိများ လာပြီဖြစ်တဲ့ ရေတံခွန်လည်း ဖြစ်ပါတယ်။

ရေတံခွန်အနီးတစ်ဝိုက်မှာ တော့  ဒေသခံတွေရောင်းချတဲ့ ခြံ ထွက်သီးနှံဆိုင်လေးတွေ ရှိပါ တယ်။ ဒါ့အပြင် အပန်းဖြေအနား ယူနိုင်ဖို့ စားသောက်ဆိုင်လေး တချို့လည်းရှိနေပါပြီ။



အကြံပြုလိုတာကတော့ လမ်းလျှောက်လို့သက်သောင့် သက်သာဖြစ်စေမယ့် ဖိနပ်မျိုး စီး လာဖို့နဲ့ ရေကစားပြီး လဲလှယ် ဖို့အတွက် အ၀တ်အစားအပို ထည့်လာဖို့ပါ။ ဆောင်နိုင်ကြီးရေ တံခွန်ပတ်ဝန်းကျင်ဟာ သဘာဝ ပတ်ဝန်းကျင်ပြုန်းတီးမှု မရှိသ လောက် နည်းပါးပြီးသန့်ရှင်းနေပါ သေးတယ်။ ဒါကြောင့် ခရီးသွား တွေအနေနဲ့ အပန်းဖြေဥယျာဉ်နဲ့ စမ်းချောင်းအတွင်းကို ပလတ် စတစ်၊ အမှိုက်နဲ့စားကြွင်းစားကျန် အမှိုက်တွေကို မစွန့်ပစ်ဖို့ ၀ိုင်းဝန်း ကူညီသင့်ပါတယ်။

ဆောင်နိုင်ကြီးရေတံခွန်က အပြန်ညအိပ်နားနေလိုသူတွေအ တွက် ကင်မွန်းစခန်းနဲ့ ကျိုက်ထို မြို့အကြားက စိမ်းလန်းပြီးအေး ချမ်းတဲ့ Thuwunna Bomi Mountain View Resort ကို ညွှန်းချင်ပါတယ်။ ရေတံခွန်ကနေလည်ပတ်ပြီး ပြန်လာတဲ့သူတွေအတွက် အနားယူလို့ကောင်းမယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ဆောင်နိုင်ကြီးရေ တံခွန်ကနေ မိနစ် ၃၀ အကြာ မောင်းနှင်ပါက ကျိုက်ထို-ကင် မွန်းစခန်းအဝေးပြေးကားလမ်း ပေါ်မှာ Resort တည်ရှိပါတယ်။

ဒေသခံတွေရဲ့ အခေါ်အရ တော့ တောင်တန်းသာဟိုတယ် လို့သာ လူသိများပါတယ်။ ကျယ် ၀န်းတဲ့ ခြံကျယ်ကြီးထဲမှာ ဘန်ဂ လိုပုံစံနဲ့ လွတ်လပ်စွာ အနားယူလို့ကောင်းတဲ့ ဟိုတယ်လည်း ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေမှာ အခန်းတွေ ပြည့်တတ်လေ့ရှိတာကြောင့် ရန်ကုန်ကနေပြီး ကြိုတင်ဘွတ်ကင်ယူလာဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

Resort ထဲမှာ ကျွဲကောခြံ တွေ၊ ရော်ဘာပင်တွေကြားထဲမှာ သစ်လုံးအိမ်ဆန်ဆန် ဘန်ဂလို လေးတွေ တည်ဆောက်ထားတာ ကြောင့် အေးချမ်းတိတ်ဆိတ်နေ ပါတယ်။ ကုန်းမြင့်တွေမှာ တည် ဆောက်ထားတဲ့ အခန်းတွေမှာ နေမယ်ဆိုရင်တော့ နောက်ခံ တောင်တန်းတွေနဲ့ အခန်းရဲ့ ၀ရန် တာရှေ့မှာ အလှဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။



ဟိုတယ်ရဲ့ အဓိကအားသာ ချက်ကတော့ ရေကူးကန်ဖြစ်ပါ တယ်။ ရေကူးကန်က ခြံရဲ့ အမြင့် ပိုင်းမှာ တည်ဆောက်ထားတာ ဖြစ်လို့ ရေကူးရင်းအဝေးက မြင် နေရတဲ့ တောင်တန်းတွေကို ငေး ရင်း အပန်းဖြေလို့ရမှာ ဖြစ်ပါ တယ်။

ဟိုတယ်ကိုရောက်တဲ့ သူအ များစုကတော့ ရေကူးကန်ထဲမှာ ရေကူးရင်းနောက်ခံတောင်တန်း တွေနဲ့ အလှဓာတ်ပုံရိုက်လေ့ရှိ ပါတယ်။ တောင်ကုန်းလေးတွေပေါ်ကို လှေကားလေးတွေနဲ့တစ်ဆင့်ချင်းတက်ရင်း ချစ်စရာကောင်းတဲ့ ဘန်ဂလိုလေးတွေဆီသွားရတာလည်း ဒီဟိုတယ်ကိုလာတဲ့သူတိုင်း သဘောကျတဲ့အချက်တစ်ခုပါ။

အခန်းခဈေးနှုန်းတွေကတော့ နေရာပေါ်မူတည်ပြီး ကျပ် ၂၁,၀၀၀ ကနေ ၄၅,၀၀၀ အထိရှိပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၈၆၂၀၇၂၂ ပါ။ ခရီးသွားကားနဲ့ သွားလိုသူတွေအတွက် အောင်မင်္ဂလာအဝေးပြေးကနေ ကျိုက်ထိုမြို့ကို နေ့စဉ်အဝေးပြေးကားတွေရှိပါတယ်။ အပြန်ကိုလည်း ဟိုတယ်အရှေ့ကနေ အဝေးပြေးကားကို စောင့်စီးပြီး ပြန်လို့ရပါတယ်။   


No comments