Header Ads

ျပည္သူ႔ရဲေတြဝိုင္းေပးပါ

မြန်မာစာမမှန်သောဖုန်းများအတွက်ယူနီကုဒ်ဗားရှင်းကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။


ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္ အိုးရွင္းစင္တာအနီး ျပည္လမ္းမေပၚမွာ ဖြင့္ထားတဲ့ Farmer ေငြလဲေကာင္တာအတြင္း အသံတိတ္ေသနတ္ေျပာင္းတပ္ဆင္ထားတဲ့ ေသနတ္နဲ႔ ပစ္ခတ္မႈ ဩဂုတ္ ၅ ရက္ နံနက္ ၈ နာရီခြဲခန္႔က ျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္က အမ်ားျပည္သူကို စိုးထိတ္ေစခဲ့ပါတယ္။ ပစ္ခတ္ၿပီးထြက္ေျပးသြားတဲ့ အမ်ိဳးသားႏွစ္ဦးကိုေတာ့ရဲတပ္ဖြဲ႕က လိုက္လံရွာေဖြေနတယ္လို႔ ဆုိပါတယ္။ အဲဒီျဖစ္စဥ္မတိုင္မီ ေရွ႕တစ္ ရက္ျဖစ္တဲ့ ဩဂုတ္ ၄ ရက္မွာ လည္း မႏၲေလးၿမိဳ႕ ေအာင္ေျမ သာစံၿမိဳ႕နယ္ရွိ သဂၤဇာေခ်ာင္းအ တြင္းက M-16 ေသနတ္အစိတ္ အပိုင္းေတြ ေတြ႕ရွိခဲ့သလို ၿပီးခဲ့တဲ့ ဇူလုိင္ ၁၉ ရက္ကလည္း လြိဳင္ ေကာ္ၿမိဳ႕ကေန မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာတဲ့ ကားတစ္စီးေပၚ က ေမာင္းျပန္ေသနတ္ ၂၂ လက္ ကို သာစည္ၿမိဳ႕နယ္ ကြၽဲတပ္ဆံု တုိးဂိတ္အနီးမွာ ဖမ္းဆီးရမိခဲ့ တယ္ဆုိတဲ့ သတင္းကလည္း အ မ်ားျပည္သူကို ထိတ္လန္႔ေစခဲ့ပါ ေသးတယ္။ အခုဖမ္းမိျခင္းက တတိယအႀကိမ္ သယ္ယူစဥ္မွာ ဖမ္းမိခဲ့တာျဖစ္ၿပီး ေဖေဖာ္ဝါရီလ တစ္ႀကိမ္၊ ဧၿပီလကတစ္ႀကိမ္ သယ္ယူခဲ့ေသးေၾကာင္း၊ အဲဒီေသ နတ္ေတြကို ထိုင္းႏုိင္ငံက သယ္ ေဆာင္လာတာျဖစ္ေၾကာင္း ႏုိင္ငံ ေတာ္အတုိင္ပင္ခံ႐ံုး သတင္း ထုတ္ျပန္ေရးေကာ္မတီရဲ႕ ထုတ္ ျပန္ခ်က္မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒီလုိသတင္းေတြကို ၾကားသိ ရေတာ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ေသဆံုးခဲ့ရတဲ့ျဖစ္စဥ္ကို ျပန္လည္သတိရမိပါတယ္။ ၿပီးခဲ့ တဲ့ ေျခာက္လေက်ာ္ကာလ ဇန္န ဝါရီ ၂၉ ရက္က ျဖစ္ပြားခဲ့တာျဖစ္ ၿပီး ေသနတ္သမားရဲ႕ အနီးကပ္ လုပ္ႀကံျခင္းကို ခံခဲ့ရတာပါ။ ရန္ ကုန္ၿမိဳ႕ရဲ႕ အခ်က္အခ်ာေနရာ တစ္ခုျဖစ္တဲ့ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ ေသနတ္ႏွစ္လက္ကို အသံုးျပဳလုပ္ႀကံသတ္ျဖတ္ခဲ့တာ ျဖစ္ၿပီး ဦးကိုနီနဲ႔အတူ အငွားယာဥ္ ေမာင္း ဦးေနဝင္းလည္း ေသဆံုးခဲ့  ရပါတယ္။

ၿပီးခဲ့ေသာ အရပ္သားအစိုးရ လက္ထက္ကစၿပီး ျပန္လည္ ေခါင္းေမာ့လာတဲ့ တရားမဝင္ လက္နက္ကိုင္ေဆာင္မႈ၊ ဖမ္းဆီး ရမိမႈေတြဟာ ဒီကေန႔ကာလအ ထိလည္း ဆက္လက္ေပၚထြက္ လာေနဆဲျဖစ္တာကို ျဖစ္စဥ္၊ ျဖစ္ရပ္ေတြ၊ သတင္းေတြကတစ္ ဆင့္ သိသာထင္ရွားေတြ႕ရမွာ ျဖစ္ပါတယ္။ အေလးဂ႐ုျပဳရမယ့္ ကိစၥျဖစ္ပါတယ္။

ဒီလုိတရားမဝင္လက္နက္ ေတြ ေတြ႕ရွိလာရတာနဲ႔ပတ္သက္ ၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ ၂၀၁၆ ခုႏွစ္ မတ္လ ၂၁ ရက္တုန္းက 7Day မွာ ‘သတိျပဳရမယ့္ လက္ နက္အႏၲရာယ္’ဆုိတဲ့ ေခါင္းစဥ္နဲ႔ ေဆာင္းပါးတစ္ပုဒ္။ ဒီႏွစ္ ေဖေဖာ္ ဝါရီ ၂ ရက္တုန္းက ‘ထိန္းခ်ဳပ္ရ မယ့္ လက္နက္အႏၲရာယ္’ဆုိတဲ့ ေခါင္းစဥ္နဲ႔ ေဆာငး္ပါးတစ္ပုဒ္။ စုစုေပါင္း ေဆာင္းပါးႏွစ္ပုဒ္ ေရး ခဲ့ပါတယ္။

ပထမတစ္ပုဒ္က ရန္ကုန္ၿမိဳ႕ ရဲ႕ ၿမိဳ႕နယ္ႏွစ္ခုမွာ လက္နက္၊ ခဲ ယမ္းနဲ႔ က်ည္ဆန္ေတြ ေတြ႕ရွိခဲ့ တဲ့သတင္းကို အေျခခံၿပီးေရးခဲ့ တာျဖစ္ပါတယ္။ ေရးရျခင္းရည္ ရြယ္ခ်က္က လက္ရွိအစိုးရစတင္ အာဏာရလာခ်ိန္မွာ ႀကံဳေတြ႕ လာရႏုိင္ေျခရွိတဲ့ လက္နက္အႏၲ ရာယ္ကို သတိျပဳမိေစလိုရင္းျဖစ္ ပါတယ္။

ေဆာင္းပါးထဲမွာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းဦးေဆာင္တဲ့ အစိုးရ အဖြဲ႕က တုိင္းျပဳျပည္ျပဳလႊတ္ ေတာ္ေခၚယူႏုိင္ေရး ႀကိဳးပမ္းေန ခ်ိန္ ၿဗိတိသွ်စစ္ဘက္ ပင္မလက္ နက္ခဲယမ္းသိုေလွာင္ေရးတပ္ (ဘီအိုဒီ)ကေန ဘရင္းဂန္း၊ စတင္းဂန္း လက္နက္ေတြနဲ႔ က်ည္ဆန္ခဲ ယမ္းေတြကို လက္မွတ္တုနဲ႔ ထုတ္ ယူသြားၾကတဲ့ သတင္းထြက္ေပၚ တဲ့ အေၾကာင္းရယ္ ဗိုလ္ခ်ဳပ္တုိ႔ လုပ္ႀကံခံလိုက္ရတဲ့အေၾကာင္း ေတြရယ္ကို ပမာျပဳၿပီးေရးသားခဲ့ ပါတယ္။

အဲဒီေဆာင္းပါးေရးခဲ့ၿပီး ၁၀ လအၾကာမွာ တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီကို လံုၿခံဳေရးတင္း က်ပ္တဲ့ ရန္ကုန္ေလဆိပ္မွာ ေသ နတ္နဲ႔ အနီးကပ္ပစ္ခတ္လုပ္ႀကံခံ ခဲ့ရပါတယ္။ ဒီလိုလုပ္ႀကံခံရမႈနဲ႔ ပတ္သက္ၿပီး တရားမဝင္ လက္ နက္ေတြအေၾကာင္း ဒုတိယ ေဆာင္းပါးကို ေရးသားခဲ့တာျဖစ္ ပါတယ္။ အဲဒီေဆာင္းပါးမွာေတာ့ ျမန္မာႏုိင္ငံကို အုိင္အက္စ္က ပစ္မွတ္ထားလာႏိုင္တယ္ဆုိၿပီး မေလးရွားရဲတပ္ဖြဲ႕က သတိေပး ေျပာၾကားၿပီးတဲ့ေနာက္ လံုၿခံဳေရး ကို အဆင့္အျမင့္ဆံုးထိ တုိးျမႇင့္ ေဆာင္ရြက္ေနတယ္လို႔ ရဲမွဴးခ်ဳပ္ က ဆုိထားခ်ိန္မွာ အခုလိုျဖစ္ရတဲ့ အေပၚ ေထာက္ျပေရးသားခဲ့ပါ တယ္။

မိမိတိုင္းျပည္ သူတစ္ပါး လက္ေအာက္က လြတ္ေျမာက္ၿပီး တျခားတုိင္းျပည္မ်ားနဲ႔ ရင္ေပါင္ တန္းေလွ်ာက္လွမ္းႏိုင္ေရး ကိုယ္ က်ိဳးစြန္႔စြမ္းေဆာင္ေနၾကတဲ့ ဗိုလ္ ခ်ဳပ္အပါအဝင္ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို ေသနတ္နဲ႔ပစ္ ခတ္လုပ္ႀကံခဲ့တာဟာ တုိင္းျပည္ ကိုပါ လုပ္ႀကံလိုက္ျခင္းမည္ပါ တယ္။ တုိင္းျပည္ရဲ႕ အနာဂတ္ အိပ္မက္ေတြ၊ ခရီးလမ္းေတြပါ ေပ်ာက္ဆံုးသြားေစခဲ့ပါတယ္။ ျဖတ္သန္းခဲ့ၿပီးေသာ အတိတ္ သမုိင္းတစ္ေလွ်ာက္ကို ျပန္လည္ ေစ့ငုၾကည့္မယ္ဆိုရင္ ဒီအခ်က္ကို သိသာထင္ရွား ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ဒီလိုပဲ ဥပေဒေရးရာဘက္မွာ အားကိုးအားထားျပဳရေလာက္တဲ့ ဦးကိုနီလို လူပုဂၢိဳလ္တစ္ဦးလုပ္ႀကံ ခံလိုက္ရျခင္း၊ မတရားမႈကို လက္ ပိုက္ၾကည့္မေနႏိုင္တဲ့ ဦးေနဝင္း လို လူပုဂၢိဳလ္တစ္ဦး သတ္ျဖတ္ခံ လိုက္ရျခင္းကလည္း မ်ားစြာနစ္ နာဆံုး႐ႈံးမႈကို ျဖစ္ေစပါတယ္။ အလားတူျဖစ္စဥ္မ်ိဳးေတြမျဖစ္ဖို႔၊ တုိင္းျပည္နဲ႔ ျပည္သူလူထုအက်ိဳး နစ္မြန္းေစမယ့္ ျဖစ္ရပ္ေတြ ေပၚ ထြက္မလာဖို႔အတြက္ အဓိက ထား သတိခ်ပ္ရမွာကေတာ့ တရားမဝင္လက္နက္ေတြ ႏုိင္ငံတြင္း စိမ့္ဝင္ေနျခင္းကို ထိထိေရာက္ေရာက္တားဆီးသြားႏုိင္ဖို႔ပဲျဖစ္ပါတယ္။

တရားမဝင္လက္နက္ေတြနဲ႔ အတူ ေနာက္ထပ္သတိျပဳရမွာက အၾကမ္းဖက္သမားမ်ားအေရးျဖစ္ ပါတယ္။ အိုင္အက္စ္က ပစ္မွတ္ ထားလာႏုိင္တယ္၊ အၾကမ္းဖက္ သမားေတြ စီးဝင္ေနတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚခဲ့ဖူးသလို ရန္ကုန္ၿမိဳ႕အပါအဝင္ ႏုိင္ငံရဲ႕အ တြင္းပိုင္းေဒသေတြထဲအထိ ဘဂၤါ လီေတြ တရားမဝင္ေရာက္ရွိလာ တာ၊ ဖမ္းဆီးရမိတာေတြလည္း မၾကာခဏဆုိသလို ၾကားသိေနရ ပါတယ္။

လက္ရိွ ရခိုင္ေဒသဟာဆုိ ရင္ အၾကမ္းဖက္သမားတို႔ရဲ႕ အႏၲ ရာယ္ကို အခါမလပ္ရင္ဆုိင္ႀကံဳ ေတြ႕ေနရတဲ့ ေဒသတစ္ခုျဖစ္ပါ တယ္။ တစ္ေန႔ကပဲ ေမာင္ေတာ ၿမိဳ႕နယ္ ကိုင္းႀကီး (ၿမိဳ)ေက်းရြာမွာ အၾကမ္းဖက္သမားေတြရဲ႕ တုိက္ ခိုက္မႈေၾကာင့္ အမ်ိဳးသားသံုးဦး၊ အမ်ိဳးသမီးသံုးဦး စုစုေပါင္း ေျခာက္ဦးေသဆံုးခဲ့ရၿပီး အၾကမ္း ဖက္အဖြဲ႕ကုိ ေထာက္ပံ့ေနတဲ့ တရားခံေျခာက္ဦးကို သြားေရာက္ ဖမ္းဆီးတဲ့ လံုၿခံဳေရးတပ္ဖြဲ႕ဝင္ ေတြကို လူ ၆၀၀ ေလာက္က ဝိုင္း ဝန္းတိုက္ခိုက္တဲ့အတြက္ ဖမ္းဆီး လာတဲ့ တရားခံေျခာက္ဦးထဲက ႏွစ္ဦးလြတ္ေျမာက္သြားတယ္ဆုိ တဲ့ သတင္းမ်ားလည္း ၾကားသိခဲ့ ရပါတယ္။

တရားမဝင္လက္နက္ေတြ ျပည္တြင္းမွာ ကိုင္ေဆာင္ေနတာ၊ ဖမ္းဆီးရမိေနတာနဲ႔ အၾကမ္းဖက္ သမားအေရးတုိ႔ဟာ ဆက္စပ္ေန စရာအေၾကာင္းမ်ားလည္း ရွိ ေကာင္းရွိေနႏုိင္ပါတယ္။ အထူး သတိျပဳရမယ့္ကိစၥျဖစ္ပါတယ္။ အမ်ားျပည္သူ အစိုးရိမ္ဆံုးကိစၥ ရပ္ေတြလည္း ျဖစ္ပါတယ္။

ဒီတရားမဝင္လက္နက္အ ေရးနဲ႔ အၾကမ္းဖက္သမားမ်ားအ ေရးကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္က ေတာ့ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕အေပၚ မွာ အဓိကတည္မွီပါတယ္။ အဓိကအက်ဆံုးအဖြဲ႕အစည္း၊ တာဝန္ရွိဆံုး အဖြဲ႕အစည္းလည္းျဖစ္ပါ တယ္။

‘‘ေဟ့... တစ္ေယာက္မွ မလႈပ္နဲ႔ မင္းတို႔ကို ျပည္သူ႔ရဲေတြ ဝိုင္းထားၿပီ’’ဆုိတဲ့ စကားကို ၾကား ဖူးၾကပါလိမ့္မယ္။ ျမန္မာဇာတ္ ကားေတြထဲမွာ သ႐ုပ္ေဆာင္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက ျပစ္မႈက်ဴး လြန္သူေတြ၊ လူဆုိး၊ လူမိုက္ေတြ ကို ဝင္ေရာက္ဖမ္းဆီးရာမွာ သံုး ႏႈန္းတတ္တဲ့ အသံုးအႏႈန္းျဖစ္ပါ တယ္။ အမ်ားစုကေတာ့ ဇာတ္ သိမ္းခန္းမွာ ၾကားတတ္တဲ့ စကား မ်ိဳးျဖစ္ပါတယ္။ ေသစရာရွိသူ ေတြ ေသေပးၿပီးခ်ိန္၊ နာစရာရွိသူ ေတြ နာေပးၿပီးခ်ိန္မွ ေရာက္လာ တတ္တဲ့ ရဲတပ္ဖြဲ႕ေၾကာင့္ အမ်ား ျပည္သူၾကား သေရာ္စရာတစ္ခု အျဖစ္ေတာင္ ရွိခဲ့ပါတယ္။

တရားမဝင္လက္နက္ေတြ ျပည္တြင္းမွာ တြင္တြင္က်ယ္ က်ယ္ေတြ႕ရွိလာေနတာေၾကာင့္ ေက်ာခ်မ္းေနရတဲ့ ျပည္သူေတြ၊ အၾကမ္းဖက္သမားေတြရဲ႕သတင္း ေၾကာင့္ ထိတ္လန္႔ေနရတဲ့ ျပည္ သူေတြရဲ႕ အသက္အိုးအိမ္လံုၿခံဳ ေစဖို႔၊ ႏုိင္ငံနဲ႔ ႏုိင္ငံသားတုိ႔အက်ိဳး နစ္မြန္းေစမယ့္ျဖစ္ရပ္ေတြ ထပ္မံ မေပၚထြက္ေစဖို႔ ျမန္မာႏုိင္ငံရဲ တပ္ဖြဲ႕အေနနဲ႔ ဇာတ္ကားထဲက ရဲတပ္ဖြဲဲ႕လို အခ်ိန္ေႏွာင္းမွ ဝိုင္း တာ၊ ဝန္းတာမ်ိဳးမဟုတ္ဘဲ အခ်ိန္ မီ ဝိုင္းထား၊ ဝန္းထားေစလို ေၾကာင္းပါ။။
ေဂ်ၿငိမ္း
(ေဖာ္ျပပါ ေဆာင္းပါးသည္ စာေရးသူ၏ အာေဘာ္သာျဖစ္သည္)

[Unicode Version]

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာအနီး ပြည်လမ်းမပေါ်မှာ ဖွင့်ထားတဲ့ Farmer ငွေလဲကောင်တာအတွင်း အသံတိတ်သေနတ်ပြောင်းတပ်ဆင်ထားတဲ့ သေနတ်နဲ့ ပစ်ခတ်မှု ဩဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်က အများပြည်သူကို စိုးထိတ်စေခဲ့ပါတယ်။ ပစ်ခတ်ပြီးထွက်ပြေးသွားတဲ့ အမျိုးသားနှစ်ဦးကိုတော့ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မတိုင်မီ ရှေ့တစ် ရက်ဖြစ်တဲ့ ဩဂုတ် ၄ ရက်မှာ လည်း မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ သင်္ဂဇာချောင်းအ တွင်းက M-16 သေနတ်အစိတ် အပိုင်းတွေ တွေ့ရှိခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း လွိုင် ကော်မြို့ကနေ မန္တလေးမြို့သို့ မောင်းနှင်လာတဲ့ ကားတစ်စီးပေါ် က မောင်းပြန်သေနတ် ၂၂ လက် ကို သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကလည်း အ များပြည်သူကို ထိတ်လန့်စေခဲ့ပါ သေးတယ်။ အခုဖမ်းမိခြင်းက တတိယအကြိမ် သယ်ယူစဉ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ တစ်ကြိမ်၊ ဧပြီလကတစ်ကြိမ် သယ်ယူခဲ့သေးကြောင်း၊ အဲဒီသေ နတ်တွေကို ထိုင်းနိုင်ငံက သယ် ဆောင်လာတာဖြစ်ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီလိုသတင်းတွေကို ကြားသိ ရတော့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်လည်သတိရမိပါတယ်။ ပြီးခဲ့ တဲ့ ခြောက်လကျော်ကာလ ဇန်န ဝါရီ ၂၉ ရက်က ဖြစ်ပွားခဲ့တာဖြစ် ပြီး သေနတ်သမားရဲ့ အနီးကပ် လုပ်ကြံခြင်းကို ခံခဲ့ရတာပါ။ ရန် ကုန်မြို့ရဲ့ အချက်အချာနေရာ တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နှစ်လက်ကို အသုံးပြုလုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဦးကိုနီနဲ့အတူ အငှားယာဉ် မောင်း ဦးနေဝင်းလည်း သေဆုံးခဲ့  ရပါတယ်။

ပြီးခဲ့သော အရပ်သားအစိုးရ လက်ထက်ကစပြီး ပြန်လည် ခေါင်းမော့လာတဲ့ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ဖမ်းဆီး ရမိမှုတွေဟာ ဒီကနေ့ကာလအ ထိလည်း ဆက်လက်ပေါ်ထွက် လာနေဆဲဖြစ်တာကို ဖြစ်စဉ်၊ ဖြစ်ရပ်တွေ၊ သတင်းတွေကတစ် ဆင့် သိသာထင်ရှားတွေ့ရမှာ ဖြစ်ပါတယ်။ အလေးဂရုပြုရမယ့် ကိစ္စဖြစ်ပါတယ်။

ဒီလိုတရားမဝင်လက်နက် တွေ တွေ့ရှိလာရတာနဲ့ပတ်သက် ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်တုန်းက 7Day မှာ ‘သတိပြုရမယ့် လက် နက်အန္တရာယ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်။ ဒီနှစ် ဖေဖော် ဝါရီ ၂ ရက်တုန်းက ‘ထိန်းချုပ်ရ မယ့် လက်နက်အန္တရာယ်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောငး်ပါးတစ်ပုဒ်။ စုစုပေါင်း ဆောင်းပါးနှစ်ပုဒ် ရေး ခဲ့ပါတယ်။

ပထမတစ်ပုဒ်က ရန်ကုန်မြို့ ရဲ့ မြို့နယ်နှစ်ခုမှာ လက်နက်၊ ခဲ ယမ်းနဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့ တဲ့သတင်းကို အခြေခံပြီးရေးခဲ့ တာဖြစ်ပါတယ်။ ရေးရခြင်းရည် ရွယ်ချက်က လက်ရှိအစိုးရစတင် အာဏာရလာချိန်မှာ ကြုံတွေ့ လာရနိုင်ခြေရှိတဲ့ လက်နက်အန္တ ရာယ်ကို သတိပြုမိစေလိုရင်းဖြစ် ပါတယ်။

ဆောင်းပါးထဲမှာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်တဲ့ အစိုးရ အဖွဲ့က တိုင်းပြုပြည်ပြုလွှတ် တော်ခေါ်ယူနိုင်ရေး ကြိုးပမ်းနေ ချိန် ဗြိတိသျှစစ်ဘက် ပင်မလက် နက်ခဲယမ်းသိုလှောင်ရေးတပ် (ဘီအိုဒီ)ကနေ ဘရင်းဂန်း၊ စတင်းဂန်း လက်နက်တွေနဲ့ ကျည်ဆန်ခဲ ယမ်းတွေကို လက်မှတ်တုနဲ့ ထုတ် ယူသွားကြတဲ့ သတင်းထွက်ပေါ် တဲ့ အကြောင်းရယ် ဗိုလ်ချုပ်တို့ လုပ်ကြံခံလိုက်ရတဲ့အကြောင်း တွေရယ်ကို ပမာပြုပြီးရေးသားခဲ့ ပါတယ်။

အဲဒီဆောင်းပါးရေးခဲ့ပြီး ၁၀ လအကြာမှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုံခြုံရေးတင်း ကျပ်တဲ့ ရန်ကုန်လေဆိပ်မှာ သေ နတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခံ ခဲ့ရပါတယ်။ ဒီလိုလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားမဝင် လက် နက်တွေအကြောင်း ဒုတိယ ဆောင်းပါးကို ရေးသားခဲ့တာဖြစ် ပါတယ်။ အဲဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံကို အိုင်အက်စ်က ပစ်မှတ်ထားလာနိုင်တယ်ဆိုပြီး မလေးရှားရဲတပ်ဖွဲ့က သတိပေး ပြောကြားပြီးတဲ့နောက် လုံခြုံရေး ကို အဆင့်အမြင့်ဆုံးထိ တိုးမြှင့် ဆောင်ရွက်နေတယ်လို့ ရဲမှူးချုပ် က ဆိုထားချိန်မှာ အခုလိုဖြစ်ရတဲ့ အပေါ် ထောက်ပြရေးသားခဲ့ပါ တယ်။

မိမိတိုင်းပြည် သူတစ်ပါး လက်အောက်က လွတ်မြောက်ပြီး တခြားတိုင်းပြည်များနဲ့ ရင်ပေါင် တန်းလျှောက်လှမ်းနိုင်ရေး ကိုယ် ကျိုးစွန့်စွမ်းဆောင်နေကြတဲ့ ဗိုလ် ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို သေနတ်နဲ့ပစ် ခတ်လုပ်ကြံခဲ့တာဟာ တိုင်းပြည် ကိုပါ လုပ်ကြံလိုက်ခြင်းမည်ပါ တယ်။ တိုင်းပြည်ရဲ့ အနာဂတ် အိပ်မက်တွေ၊ ခရီးလမ်းတွေပါ ပျောက်ဆုံးသွားစေခဲ့ပါတယ်။ ဖြတ်သန်းခဲ့ပြီးသော အတိတ် သမိုင်းတစ်လျှောက်ကို ပြန်လည် စေ့ငုကြည့်မယ်ဆိုရင် ဒီအချက်ကို သိသာထင်ရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလိုပဲ ဥပဒေရေးရာဘက်မှာ အားကိုးအားထားပြုရလောက်တဲ့ ဦးကိုနီလို လူပုဂ္ဂိုလ်တစ်ဦးလုပ်ကြံ ခံလိုက်ရခြင်း၊ မတရားမှုကို လက် ပိုက်ကြည့်မနေနိုင်တဲ့ ဦးနေဝင်း လို လူပုဂ္ဂိုလ်တစ်ဦး သတ်ဖြတ်ခံ လိုက်ရခြင်းကလည်း များစွာနစ် နာဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ အလားတူဖြစ်စဉ်မျိုးတွေမဖြစ်ဖို့၊ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုး နစ်မွန်းစေမယ့် ဖြစ်ရပ်တွေ ပေါ် ထွက်မလာဖို့အတွက် အဓိက ထား သတိချပ်ရမှာကတော့ တရားမဝင်လက်နက်တွေ နိုင်ငံတွင်း စိမ့်ဝင်နေခြင်းကို ထိထိရောက်ရောက်တားဆီးသွားနိုင်ဖို့ပဲဖြစ်ပါတယ်။

တရားမဝင်လက်နက်တွေနဲ့ အတူ နောက်ထပ်သတိပြုရမှာက အကြမ်းဖက်သမားများအရေးဖြစ် ပါတယ်။ အိုင်အက်စ်က ပစ်မှတ် ထားလာနိုင်တယ်၊ အကြမ်းဖက် သမားတွေ စီးဝင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို ရန်ကုန်မြို့အပါအဝင် နိုင်ငံရဲ့အ တွင်းပိုင်းဒေသတွေထဲအထိ ဘင်္ဂါ လီတွေ တရားမဝင်ရောက်ရှိလာ တာ၊ ဖမ်းဆီးရမိတာတွေလည်း မကြာခဏဆိုသလို ကြားသိနေရ ပါတယ်။

လက်ရှိ ရခိုင်ဒေသဟာဆို ရင် အကြမ်းဖက်သမားတို့ရဲ့ အန္တ ရာယ်ကို အခါမလပ်ရင်ဆိုင်ကြုံ တွေ့နေရတဲ့ ဒေသတစ်ခုဖြစ်ပါ တယ်။ တစ်နေ့ကပဲ မောင်တော မြို့နယ် ကိုင်းကြီး (မြို)ကျေးရွာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက် ခိုက်မှုကြောင့် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့ရပြီး အကြမ်း ဖက်အဖွဲ့ကို ထောက်ပံ့နေတဲ့ တရားခံခြောက်ဦးကို သွားရောက် ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို လူ ၆၀၀ လောက်က ဝိုင်း ဝန်းတိုက်ခိုက်တဲ့အတွက် ဖမ်းဆီး လာတဲ့ တရားခံခြောက်ဦးထဲက နှစ်ဦးလွတ်မြောက်သွားတယ်ဆို တဲ့ သတင်းများလည်း ကြားသိခဲ့ ရပါတယ်။

တရားမဝင်လက်နက်တွေ ပြည်တွင်းမှာ ကိုင်ဆောင်နေတာ၊ ဖမ်းဆီးရမိနေတာနဲ့ အကြမ်းဖက် သမားအရေးတို့ဟာ ဆက်စပ်နေ စရာအကြောင်းများလည်း ရှိ ကောင်းရှိနေနိုင်ပါတယ်။ အထူး သတိပြုရမယ့်ကိစ္စဖြစ်ပါတယ်။ အများပြည်သူ အစိုးရိမ်ဆုံးကိစ္စ ရပ်တွေလည်း ဖြစ်ပါတယ်။

ဒီတရားမဝင်လက်နက်အ ရေးနဲ့ အကြမ်းဖက်သမားများအ ရေးကို ထိန်းချုပ်နိုင်ဖို့အတွက်က တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် မှာ အဓိကတည်မှီပါတယ်။ အဓိကအကျဆုံးအဖွဲ့အစည်း၊ တာဝန်ရှိဆုံး အဖွဲ့အစည်းလည်းဖြစ်ပါ တယ်။

‘‘ဟေ့... တစ်ယောက်မှ မလှုပ်နဲ့ မင်းတို့ကို ပြည်သူ့ရဲတွေ ဝိုင်းထားပြီ’’ဆိုတဲ့ စကားကို ကြား ဖူးကြပါလိမ့်မယ်။ မြန်မာဇာတ် ကားတွေထဲမှာ သရုပ်ဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူး လွန်သူတွေ၊ လူဆိုး၊ လူမိုက်တွေ ကို ဝင်ရောက်ဖမ်းဆီးရာမှာ သုံး နှုန်းတတ်တဲ့ အသုံးအနှုန်းဖြစ်ပါ တယ်။ အများစုကတော့ ဇာတ် သိမ်းခန်းမှာ ကြားတတ်တဲ့ စကား မျိုးဖြစ်ပါတယ်။ သေစရာရှိသူ တွေ သေပေးပြီးချိန်၊ နာစရာရှိသူ တွေ နာပေးပြီးချိန်မှ ရောက်လာ တတ်တဲ့ ရဲတပ်ဖွဲ့ကြောင့် အများ ပြည်သူကြား သရော်စရာတစ်ခု အဖြစ်တောင် ရှိခဲ့ပါတယ်။

တရားမဝင်လက်နက်တွေ ပြည်တွင်းမှာ တွင်တွင်ကျယ် ကျယ်တွေ့ရှိလာနေတာကြောင့် ကျောချမ်းနေရတဲ့ ပြည်သူတွေ၊ အကြမ်းဖက်သမားတွေရဲ့သတင်း ကြောင့် ထိတ်လန့်နေရတဲ့ ပြည် သူတွေရဲ့ အသက်အိုးအိမ်လုံခြုံ စေဖို့၊ နိုင်ငံနဲ့ နိုင်ငံသားတို့အကျိုး နစ်မွန်းစေမယ့်ဖြစ်ရပ်တွေ ထပ်မံ မပေါ်ထွက်စေဖို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေနဲ့ ဇာတ်ကားထဲက ရဲတပ်ဖွဲဲ့လို အချိန်နှောင်းမှ ဝိုင်း တာ၊ ဝန်းတာမျိုးမဟုတ်ဘဲ အချိန် မီ ဝိုင်းထား၊ ဝန်းထားစေလို ကြောင်းပါ။။
ဂျေငြိမ်း
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)


No comments