Header Ads

ၿပိဳေလေတာ့မည့္ လက္ပံေတာင္းႏွင့္ မေျပလည္ႏုိင္ေသးသည့္ ေျမေလ်ာ္ေၾကးျပႆနာ

မြန်မာစာမမှန်သောဖုန်းများအတွက်ယူနီကုဒ်ဗားရှင်းကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်

[Zawgyi Version]

ေျမယာေလ်ာ္ေၾကးျပႆနာမ်ား ျဖစ္ပြားေနဆဲျဖစ္သည့္ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းေဒသကို ဇူလိုင္လအတြင္းက ေတြ႕ရစဥ္ (ဓာတ္ပံု-ေမာင္တာ)

လက္ပံေတာင္းေတာင္ အေရး ေတာင္းဆုိရင္း ေသနတ္က်ည္ ထိမွန္ကာ အသက္ေပးသြားခဲ့ရသူ ေတာင္သူေဒၚခင္၀င္း၏ ထရံကာ၊ သြပ္မုိးႏွင့္ ေျခတံရွည္အိမ္ေပၚတြင္မုိးႀကိဳးျပင္အလယ္ရြာမွ ေဒသခံေတာင္သူအခ်ိဳ႕ စုေ၀းေရာက္ရွိေနၾကသည္။ ေမလ၏ ေန႔လယ္ခင္းအခ်ိန္ အညာေႏြအပူရွိန္ေၾကာင့္ ေျခတံရွည္အိမ္ေလးေပၚမွ လူစုမွာ ေခြၽးတလုံးလုံးျဖင့္ လႈပ္လႈပ္ရြရြျဖစ္ေနသည္။

‘‘ငါတို႔က မထူးစိတ္ေမြးလုိက္ၿပီ။ ေသမထူး၊ ေနမထူးေပါ့ကြာ။ တို႔ေျမကုိ မတရားလုပ္တဲ့အခါ ေသမွာလည္း မေၾကာက္ေတာ့ဘူး။ ဒီအတုိင္းငတ္ေသမွာနဲ႔စာရင္ ကုိယ့္ေျမကုိ ထိန္းႏုိင္သေလာက္ ထိန္းမယ္။ သူတို႔ပစ္ခတ္လို႔ေသ ရင္လည္း ေသပါေစ’’

ေနေလာင္ထားေသာ အသားအေရ၊ ေတာင့္တင္းသည့္ ကုိယ္ခႏၶာႏွင့္ အသက္ (၄၀)ေက်ာ္အရြယ္ ဦးၫြန္႔လြင္က ေဒါမာန္ပါပါျဖင့္ေျပာသည္။ ဦးၫြန္႔လြင္သည္ စစ္ကုိင္းတိုင္း ဆားလင္းႀကီးၿမိဳ႕ နယ္ မုိးႀကိဳးျပင္အလယ္ရြာမွေဒသ ခံေတာင္သူတစ္ဦးျဖစ္ၿပီး လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းအတြက္ သိမ္းဆည္းခံထားရသျဖင့္ သူ၏ စုိက္ပ်ိဳးေျမ ၁၀ ဧက ေက်ာ္ ဆုံး႐ႈံးထားသူျဖစ္သည္။

၂၀၁၀ တြင္ စတင္ခဲ့သည့္ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းႏွင့္ပတ္သက္၍ ေျမယာဆုံး ႐ႈံးရသည့္ေတာင္သူမ်ားက ေလ်ာ္ေၾကးေငြတုိးျမႇင့္ေပးရန္ ေတာင္းဆိုမႈသည္ ခုနစ္ႏွစ္ခန္႔ၾကာျမင့္ခ်ိန္အထိ ေျပလည္မႈမရေသးေပ။

စစ္အစုိးရလက္ထက္ ၂၀၁၀ ဇြန္လတြင္ ျမန္မာ့စီးပြားေရး ဦးပုိင္လီမိတက္ႏွင့္ တ႐ုတ္အစုိးရပုိင္ Norinco ကုမၸဏီ၏ လက္ေအာက္ခံ ၀မ္ေပါင္ကုမၸဏီတို႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိကာ လုပ္ကုိင္ခဲ့ေသာ ျမန္မာႏုိင္ငံ၏ အႀကီးဆုံးႏွင့္ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးသတၳဳတူးေဖာ္ေရး စီမံကိန္းျဖစ္သည့္ လက္ပံေတာင္းေၾကးနီစီမံကိန္းသည္ အရပ္သားအစိုးရ တာ၀န္ယူခ်ိန္အထိ ေျမယာျပႆနာ မ်ားေၾကာင့္ မၾကာခဏ ဆႏၵျပ ေတာင္းဆုိမႈမ်ားႏွင့္ ႀကံဳေတြ႕ေနရ သည္။

‘‘ကုမၸဏီက်ေတာ့ လုပ္ငန္းေတြဆက္လုပ္ေနၿပီး တို႔ေဒသခံေတာင္သူေတြက်ေတာ့ ေလ်ာ္ေၾကးလည္းမရ၊ လုပ္ကုိင္စားလု႔ိလည္း မရျဖစ္ေနတယ္’’ ဟု ဦး ၫြန္႔လြင္က ေျပာသည္။

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းေၾကာင့္ ဆုံး႐ႈံးရသည့္ လယ္ယာေျမမ်ားအတြက္ ထုိက္သင့္သည့္ နစ္နာေၾကးေပးရန္ အႀကိမ္တစ္ရာမက ဆႏၵျပေတာင္းဆုိ ခဲ့ေသာ္လည္း ေျပလည္ေအာင္ေျဖရွင္းေပးျခင္းမရွိေသးဘဲ ေျမယာမ်ားမဆုံး႐ႈံးေစရန္ ကာကြယ္သည့္ ေတာင္သူအမ်ိဳးသမီးတစ္ဦး ေသနတ္မွန္ေသဆုံးရျခင္းႏွင့္ အျခားေတာင္သူမ်ား အမႈဖြင့္ခံရျခင္းသာ အဖတ္တင္သည္ဟု ေျမယာအ ေရးဆႏၵျပမႈျဖင့္ ကုိယ္တိုင္အမႈဖြင့္ခံထားရၿပီး ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ရဲတပ္ဖြဲ႕၏ ေျခာက္ႀကိမ္ဖမ္း၀ရမ္းထုတ္ဆင့္ခံခဲ့ရသည့္ မုိးႀကိဳးျပင္အလယ္ရြာမွ ေတာင္သူဦး၀င္းေက်ာ္က ေျပာ သည္။ ဦး၀င္းေက်ာ္သည္ ၂၀၁၃ ကတည္းက လက္ပံေတာင္းစီမံကိန္းေၾကာင့္ စုိက္ပ်ိဳးေျမ ၁၃ဧက ေက်ာ္ ဆုံး႐ႈံးထားသူလည္း ျဖစ္သည္။

‘‘ဘာမွလုပ္စားလုိ႔မရေတာ့ဘူး။ ႀကံဳရာက်ပန္းလုပ္ကုိင္စားေနရတယ္။  အဲဒီေျမေတြအတြက္ အခုထိရွင္းလည္း မေပးဘူး။ ေတြ႕ဆုံမႈလည္း မေပးဘူး’’ ဟု ဦး၀င္းေက်ာ္က ေျပာသည္။

ေၾကးနီစီမံကိန္းစတင္ၿပီး ေျမယာမ်ားသိမ္းဆည္းခံရမႈေၾကာင့္ ေဒသခံမ်ားသီးႏွံစုိက္ပ်ိဳးလုပ္ကိုင္ခြင့္မရေတာ့ဘဲ စား၀တ္ေနေရးအက်ပ္အတည္းေတြ႕ေနရသလုိ သားသမီးမ်ား၏ ပညာေရးေႏွာင့္ ေႏွးမည္ကုိလည္း စုိးရိမ္ေနရသည္ ဟု ဦး၀င္းေက်ာ္ကေျပာသည္။

ယခင္က မိ႐ုိးဖလာေတာင္ သူလယ္သမားမ်ားဘ၀ျဖင့္ ေအးေအးခ်မ္းခ်မ္းေနထုိင္လာခဲ့ေသာ သူတို႔ဘ၀မ်ားသည္ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းေၾကာင့္ လက္ရွိအခ်ိန္တြင္ ႀကီးမားခက္ခဲသည့္ ဘ၀အခ်ိဳးအေကြ႕တစ္ခုကို ရင္ဆုိင္ေက်ာ္ျဖတ္ေနရေၾကာင္း မုိးႀကိဳးျပင္ေဒသခံေတာင္သူမ်ားက ေျပာသည္။


လက္ပံေတာင္းေၾကးနီစီမံကိန္း ဖ်က္သိမ္းေပးရန္ ဇူလိုင္ ၁၅ ရက္က ရန္ကုန္ရွိ တ႐ုတ္သံ႐ံုးေရွ႕တြင္ ဆႏၵျပေနၾကစဥ္ (ဓာတ္ပံု-စိုင္းေဇာ္)

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းကုိ စစ္ကုိင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ေျမဧက ၇,၀၀၀ ခန႔္ေပၚတြင္ ၂၀၁၀ က စတင္ေနျခင္းျဖစ္သည္။ စီမံကိန္းအတြက္ ကန္ေဒၚလာသန္းတစ္ေထာင္ခန္႔ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ၿပီး တစ္ႏွစ္လွ်င္ ေၾကးနီတန္ခ်ိန္တစ္သိန္းအထိ တူးေဖာ္ထုတ္လုပ္မည္ ျဖစ္သည္။

ေၾကးနီစီမံကိန္းဧရိယာ ဧကခုနစ္ေထာင္ေက်ာ္အတြင္းမွ ေျမဧက ၄,၉၀၀ ေက်ာ္ကုိ ၂၀၁၄ ကတည္းက ၿခံစည္း႐ုိးကာရံထားခဲ့ကာ ၿပီးခဲ့သည့္ ၂၀၁၆ ေမလက စတင္၍ ေၾကးနီစတင္ထုတ္လုပ္ေနၿပီျဖစ္သည္။ လက္ရွိတြင္ စမ္း သပ္တူးေဖာ္ထုတ္လုပ္မႈကာလအျဖစ္ တစ္ႏွစ္လွ်င္ ေၾကးနီတန္ခ်ိန္ ႏွစ္ေသာင္းခန္႔ ထုတ္လုပ္ေနၿပီး လာမည့္ ၂၀၁၈ ကစတင္ကာရည္မွန္းထားသည့္ ပမာဏျဖစ္သည့္ တစ္ႏွစ္လွ်င္ ေၾကးနီတန္ခ်ိန္တစ္သိန္းအထိ ထုတ္လုပ္မည္ျဖစ္ သည္။

ေၾကးနီထြက္ရွိမည့္ ေတာေတာင္မ်ားကုိ တူးေဖာ္မည္ျဖစ္ သည့္ စီမံကိန္းဧရိယာသည္ ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ေက်းရြာ ၃၀ ေက်ာ္၊ လူဦးေရ ၂၅,၀၀၀ ခန္႔ ႏွင့္ တုိက္႐ုိက္ ထိစပ္ပတ္သက္ေန သည္။ ေၾကးနီစီမံကိန္းအတြက္ ေျမယာဆုံး႐ႈံးရမည့္သူမ်ားအနက္ လက္ရွိအခ်ိန္ထိ ၃၀ ရာခုိင္ႏႈန္းခန္႔ႏွင့္ ေျမယာေလ်ာ္ေၾကး၊ နစ္နာေၾကးဆုိင္ရာမ်ား ေျပလည္မႈမရေသးဘဲျဖစ္ေနေၾကာင္း လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း အေရး ေစာင့္ၾကည့္ေလ့လာေနသူမ်ားက ေျပာသည္။

စီမံကိန္းဧရိယာအျဖစ္ ၿခံစည္း႐ုိးခတ္ ကာရံထားၿပီးျဖစ္ေသာ ေျမဧကေလးေထာင္ေက်ာ္ အနက္မွာပင္ ဧက ၁,၉၀၀ ေက်ာ္အတြက္ နစ္နာေၾကးမ်ား၊ ေလ်ာ္ေၾကးကိစၥမ်ား မေျပလည္ေသးဘဲ စနစ္တက်ညိႇႏႈိင္းရန္ လုိအပ္ ေၾကာင္း လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းအေရး ေစာင့္ၾကည့္လုပ္ေဆာင္ေနသည့္ ဆားလင္းႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အ မွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ေဒါက္တာ သိန္းႏုိင္က ေျပာသည္။

ေျမယာေလ်ာ္ေၾကးျပႆနာ မ်ား မေျပလည္ရသည့္အဓိကအေၾကာင္းရင္းသည္ စီမံကိန္းအတြက္ ေျမသိမ္းစဥ္က ၁၈၉၄ ေျမသိမ္းဥပေဒကုိ အသုံးမျပဳခဲ့ဘဲ ၁၉၆၃ လယ္ယာေျမသီးစားခ်ထား ေရးဥပေဒကုိ ကုိင္စြဲကာ ေျမသိမ္း ခဲ့၍ ျဖစ္သည္ဆုိသည့္အခ်က္ကုိ ေဒါက္တာသိန္းႏုိင္က ေထာက္ျပသည္။

လက္ပံေတာင္းေတာင္ေၾကး နီစီမံကိန္းအတြြင္းပါဝင္ေနသည့္ ေျမယာမ်ားအတြက္ ၂၀၁၁ က စတင္ကာ ၂၀၁၄ အထိ သံုးႀကိမ္တိုင္ေအာင္ ေျမယာေလ်ာ္ေၾကးႏွင့္ ေထာက္ပံ့ေၾကးမ်ား ေပးအပ္ခဲ့ၿပီး စုစုေပါင္း က်ပ္သန္း ၁၂,၀၀၀ ေက်ာ္ ေပးအပ္ခဲ့ၿပီျဖစ္ေၾကာင္း စီမံကိန္းလုပ္ကိုင္ေနသည့္ ျမန္မာ-ဝမ္ေပါင္ကုမၸဏီက ၂၀၁၆ အတြင္းက ထုတ္ျပန္ခဲ့သည့္ ေၾကးနီစီမံကိန္းတိုးတက္မႈ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းႏွင့္ပတ္သက္၍ ေျမယာျပႆနာမ်ား ညႇိႏႈိင္းေျဖရွင္းရန္ က်န္ရွိေနဆဲျဖစ္ေသာ္လည္း စီမံကိန္းအတြက္ ေျမယာဆံုး႐ႈံးသူမ်ား၏ ၈၃ ရာခိုင္ႏႈန္းသည္ ေထာက္ပံ့ေၾကး လက္ခံထားၿပီျဖစ္ေၾကာင္း အဆိုပါအစီရင္ခံစာတြင္ ေဖာ္ျပ ထားပါသည္။

‘‘ေျမယာဆံုး႐ႈံးခဲ့သည့္ ေဒသခံ ျပည္သူအမ်ာစုက ေျမယာနစ္နာေၾကးႏွင့္ ေထာက္ပံ့ေၾကးမ်ား လက္ခံယူခဲ့ၾကသည္ကို သံုးသပ္ျခင္း အားျဖင့္ ေဒသခံအမ်ားစုက စီမံကိန္းအတြြက္ ေျမယာဆံုး႐ႈံးရသည္ကို လက္ခံသေဘာတူၾက သည္ဟု ယူဆရပါသည္’’ ဟု ျမန္မာ-ဝမ္ေပါင္ကုမၸဏီက ထုတ္ျပန္သည့္ ေၾကးနီစီမံကိန္းတိုးတက္မႈ အစီရင္ခံစာတြင္ မွတ္ခ်က္ျပဳ ေဖာ္ျပထားသည္။

လက္ရွိတြင္ ေၾကးနီစီမံကိန္းအတြင္း ပါဝင္ေနသည့္ ေျမယာမ်ားႏွင့္ပတ္သက္၍ နစ္နာေၾကးႏွင့္ေထာက္ပံ့ေၾကးမ်ားကို ေျမအမ်ိဳးအစားေပၚမူတည္ကာ ထုတ္ေပးေနၿပီး စီမံကိန္းအတြက္ဆံုး႐ႈံးမည့္ ေျမတစ္ဧကလွ်င္ အနည္းဆံုးက်ပ္ ၁၈ သိန္းေက်ာ္မွ အမ်ားဆံုးက်ပ္ ၃၂ သိန္းေက်ာ္အထိ ရရွိမည္ဟု ဆိုသည္။

ထို႔အျပင္ ေျမယာေလ်ာ္ေၾကးလက္ခံကာ စီမံကိန္းအတြက္ ေျမယာစြန္႔လႊတ္ေပးသူမ်ားအတြက္ ဆံုး႐ႈံးသည့္ ေျမဧကေပၚမူတည္၍ အလုပ္ခန္႔ထားေပးျခင္းႏွင့္ အလုပ္မရမီၾကားကာလတြင္ ေထာက္ပံ့ေၾကးေပးျခင္းတို႔ကို လုပ္ေဆာင္ ေနၿပီး စီမံကိန္းအတြက္ ေျမ ၁၀ ဧကအထိ စြန္႔လႊတ္သူမ်ားကို အလုပ္တစ္ေနရာ၊ ၁၀ ဧကမွ ဧက ၂၀ ၾကား ဆံုး႐ႈံးရသူမ်ားကို အလုုပ္ႏွစ္ေနရာႏွင့္ ေျမဧက ၂၀ အ ထက္ဆံုး႐ႈံးသည့္ ေတာင္သူမ်ား ကို အလုပ္အကိုင္သံုးေနရာႏႈန္းသတ္မွတ္ကာ ခန္႔ထားေပးေနသည္ဟု ျမန္မာ-ဝမ္ေပါင္ကုမၸဏီ၏ ေၾကးနီစီမံကိန္း တိုးတက္မႈဆိုင္ရာ အစီရင္ခံစာ၌ ေဖာ္ျပထားသည္။ အလုပ္မခန္႔ထားမီၾကား ကာလတြင္ စြန္႔လႊတ္ေပးသည့္ေျမ ဧကေပၚမူတည္၍ တစ္လလွ်င္ ေဒၚလာ ၇၀၊ ၁၂၀ ႏွင့္ ၁၆၀ ႏႈန္းျဖင့္ ေထာက္ပံ့ေနၿပီး ေထာက္ပံ့ေၾကးကို ေျခာက္လတစ္ႀကိမ္ ထုတ္ေပးေနသည္ဟု ျမန္မာ-၀မ္ေပါင္ကုမၸဏီကဆိုထားသည္။

သို႔ေသာ္ ျမန္မာ-ဝမ္ေပါင္ကုမၸဏီမွ ေျမယာနစ္နာေၾကးထုတ္ေပးေနမႈပံုစံသည္ ေတာင္သူမ်ားကို ထမင္းငတ္ေအာင္ထားၿပီး ေနာက္ဆံုးတြင္မွ မျဖစ္မေနေလ်ာ္ ေၾကးထုတ္ယူေစသည့္ သေဘာျဖစ္ေနေၾကာင္း လက္ပံေတာင္း အေရး လႈပ္ရွားေနသူမ်ားက ေဝဖန္ၾကသည္။


ကြယ္လြန္သူ ေဒၚခင္၀င္းအိမ္တြင္ ေတြ႕ရသည့္ ဦးၫြန္႔လြင္၊ ဦး၀င္းေက်ာ္အပါအ၀င္ လက္ပံေတာင္းေဒသခံအခ်ိဳ႕ (ဓာတ္ပံု-ေမာင္တာ)

ေျမသိမ္းခံရသည့္ ေတာင္သူ အမ်ားစုက မိသားစုစားဝတ္ေနေရးအတြက္ အဓိကအားထားေနရသည့္ ေျမယာမ်ားေပၚတြင္ သီးႏွံစိုက္ပ်ိဳးခြင့္မရေတာ့ဘဲ စားဝတ္ေနေရး က်ပ္တည္းလာသျဖင့္ မေက်နပ္ေသာ္လည္း ကုမၸဏီမွ ေလ်ာ္ေၾကးထုတ္ယူေနရျခင္းျဖစ္သည္ဟု ကိုယ္တိုင္ေျမသိမ္းခံေတာင္သူတစ္ဦးျဖစ္သလို လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း အေရးတက္ႂကြလႈပ္ရွားသူ ဆားလင္းႀကီးၿမိဳ႕နယ္ တံုေတာေခ်ာင္း ရြာေန ေဒၚစန္းႏြဲ႕ကေျပာသည္။

‘‘ေျမယာေလွ်ာ္ေၾကးမယူေသးဘဲ ေတာင္းခံေနတဲ့ေတာင္သူေတြ အမ်ားႀကီးရွိေသးတယ္။ စားဝတ္ေနေရး မေျပလည္ေပမယ့္ အရမ္းနစ္နာလို႔ ေလွ်ာ္ေၾကးကိုလက္မခံၾကေသးဘူး’’ ဟု ေဒၚစန္းႏြဲ႕က ေျပာသည္။

လက္ပံေတာင္းေတာင္ေၾကး နီစီမံကိန္းႏွင့္ပတ္သက္၍ အဓိကကိုင္တြယ္လုပ္ကိုင္ေနသည့္ စစ္ ကိုင္းတိုင္းအစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္ကမူ ေၾကးနီစီမံကိန္း ေျမယာျပႆနာ ေျပလည္ေစရန္ ဥပေဒေဘာင္အ တြင္းမွ တတ္ႏိုင္သမွ် လိုက္ေလ်ာညႇိႏႈိင္းေပးမည္ဟု ေျပာသည္။ ေတာင္သူမ်ားအေနႏွင့္ ေျမယာနစ္နာေၾကးထုတ္ယူမည္ဆိုလွ်င္ နစ္နာမႈ မရွွိေစရန္ ယခင္ေက်ာ္လြန္ခဲ့သည့္ကာလမ်ား (Back Date)  အတြက္ကိုပါ ျပန္လည္ထည့္သြင္းတြက္ခ်က္၍ လစဥ္ေထာက္ပ့ံေၾကးေပးႏိုင္ရန္ စီစဥ္ထားသည္ဟု ေျပာသည္။

ထို႔အျပင္ ၂၀၁၃ က ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ စံုစမ္းေရးအစီရင္ခံစာ အႀကံျပဳခ်က္အတိုင္း စာခ်ဳပ္ျပင္ဆင္ခ်ဳပ္ဆိုခဲ့ရာ လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းသည္ ႏိုင္ငံေတာ္စီမံကိန္းျဖစ္သည့္အတြက္ ျပႆနာမ်ား မေပၚေပါက္ေစဘဲ ေျပလည္ေအာင္ႏိုင္မည့္ နည္းျဖင့္ေျဖရွင္းလုပ္ေဆာင္မည္ဟု ဦးျမင့္ၾကည္ကဆိုသည္။

ေၾကးနီစီမံကိန္းေၾကာင့္ မိုးႀကိဳးျပင္အလယ္ရြယ္မွ ေျမယာသိမ္းဆည္းခံရျခင္း၊ သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈႏွင့္ က်န္းမာေရးဆိုင္ရာ ဆိုးက်ိဳးမ်ား ခံစားရႏိုင္ေသာ္လည္း စီမံကိန္းေၾကာင့္ ၎တို႔ရြာအတြက္ မည္သည့္အခြင့္ အေရးမွ်မရဟု ေတာင္သူဦးၫြန္႔လြင္ကေျပာသည္။

‘‘စီမံကိန္းနဲ႔ပတ္သက္ၿပီး ေဒသခံေတြ ဘာအခြင့္အေရး၊ ဘာခံစားခြင့္မွမရဘူး။ အခုေတာင္ႀကီးaတြသာ ၿဖိဳလို႔ကုန္ေတာ့မွာ၊ ေဒသခံေတြရဲ႕ေျမေတြသာ အသိမ္းခံထားရတာ ေဒသခံေတြအတြက္ ဘာေကာင္းက်ိဳးမရေသးဘူး’’ ဟု ဦးၫြန္႔လြင္ကေျပာသည္။

၂၀၁၁ ကတည္းက ေက်းရြာအတြက္ ေသာက္သံုးေရ ဖူလံုစြာရရွိေရး လုပ္ေဆာင္ေပးရန္ ေတာင္းဆိုထားေသာ္လည္း လုပ္ေဆာင္aပးျခင္းမရွိေသးဘဲ လက္ရွိအေျခအေနတိုင္းဆိုပါက ေၾကးနီမ်ားရသေလာက္ ထုတ္ယူၿပီး စီမံကိန္း ကာလၿပီးဆံုးခ်ိန္တြင္ မိုးႀကိဳးျပင္ အလယ္ရြာသည္ မည္သည့္အခြင့္အေရးမွ်မရဘဲ ေတာျပဳန္း၊ ေတာင္ျပဳန္းႏွင့္ ကႏၲာရသဖြယ္ျဖစ္က်န္ခဲ့ မည္ကို စိုးရိမ္ေၾကာင္း ဦးၫြန္႔လြင္ကဆိုသည္။

ကုမၸဏီကေပးသည့္ နစ္နာေၾကးသည္ အလြန္နည္းပါးၿပီး ၎တို႔အေနျဖင့္ ေၾကးနီစီမံကိန္းေၾကာင့္ စြန္႔လႊတ္ရမည့္စိုက္ပ်ိဳးေျမ မ်ားအတြက္ ေျမငွားရမ္းခအျဖစ္ တစ္ဧကလွ်င္ တစ္ႏွစ္က်ပ္ခုနစ္ သိန္းႏႈန္း ရလိုသည္ဟု မိုးႀကိဳးျပင္ ေဒသခံေတာင္သူမ်ားက ေတာင္းဆိုသည္။ ထို႔အျပင္ ေျမယာမ်ားကို အၿပီးျပတ္ေရာင္းခ်လိုျခင္းမရွိဘဲ စီမံကိန္းလုပ္ကိုင္မည့္ သတ္တမ္းအတိုင္း ေျမအငွားအေနျဖင့္သာ စာခ်ဳပ္ခ်ဳပ္ဆို လုပ္ကိုင္လိုသည္ ဟု ဆိုသည္။

‘‘ဒီအတိုင္းႀကီး မျဖစ္သေလာက္ေစ်းေလးနဲ႔ သူတို႔ကို ေရာင္းလိုက္ရရင္ ေနာင္သားစဥ္ ေျမးဆက္အတြက္တို႔မွာ အေမြေပးစရာမရွိေတာ့ဘူး။ အဲဒါေၾကာင့္မုိ႔။ ငါတို႔တုန္းကလည္း အဘုိးအဘြားေတြေပးခဲ့တဲ့လယ္ယာ ေျမ၊ ငါတို႔ရဲ႕ သားသမီးေတြအတြက္၊ သားစဥ္ေျမးဆက္အတြက္ကိုလည္း အေမြေပးတဲ့သေဘာ ျဖစ္ေအာင္လို႔ မေရာင္းႏိုင္ဘူး။ အငွားနဲ႔ပဲ အငွားဂရန္နဲ႔ သီးႏွံနစ္နာမႈ အဲဒီလိုပဲ လိုခ်င္တယ္’’ ဟု မိုးႀကိဳးျပင္အလယ္ရြာေန ေတာင္သူ ဦးဝင္းေက်ာ္ကေျပာသည္။

လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္း စတင္လုပ္ကိုင္စဥ္က ေျမယာျပႆနာ၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးမႈႏွင့္ ေဒသခံမ်ား အခြင့္အေရးဆံုး႐ႈံးမႈတို႔အတြက္ စီမံကိန္းရပ္တန္႔ရန္ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခံခဲ့ရၿပီး လက္ပံေတာင္းေတာင္ ေၾကးနီစီမံ ကိန္းအေၾကာင္းျပဳကာ ျမန္မာ့ဒီမုိကေရစီ အေျပာင္းအလဲေနာက္ ျပန္လွည့္သြားမည္လားဟူ၍ပင္ စိုးရိမ္္ခဲ့ရသည္။

၂၀၁၃ တြင္ စံုစမ္းစစ္ေဆးေရးေကာ္မရွင္က ထုတ္ျပန္ခဲ့သည့္ အႀကံျပဳခ်က္မ်ားအေပၚအေျခခံ၍ လုပ္ကိုင္ခဲ့ရာတြင္မူ ေၾကးနီစီမံကိန္းႏွင့္ပတ္သက္၍ ဆႏၵျပကန္႔ကြက္မႈမ်ား အတန္အသင့္ေလ်ာ့ပါးခဲ့သည္။ သို႔ေသာ္ ၂၀၁၄ တြင္ ေၾကးနီစီမံကိန္း ဧရိယာအျဖစ္ၿခံ စည္း႐ိုးကာရံခဲ့ရာ၌မူ ေျမယာေလ်ာ္ေၾကးမယူသည့္ ေဒသခံေတာင္သူမ်ားႏွင့္ လံုၿခံဳေရးတပ္ဖြဲ႕မ်ား ထိပ္တိုက္ေတြ႕ကာ ျပႆနာ မ်ားျဖစ္ပြားခဲ့ၿပီး မိုးႀကိဳးျပင္ အလယ္ရြာသူ အသက္ (၅၈) ႏွစ္အ ရြယ္ ေတာင္သူေဒၚခင္ဝင္း ေသနတ္က်ည္ ထိမွန္ေသဆံုးခဲ့သည္ အထိပဋိပကၡမ်ား ျပင္းထန္ခဲ့သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသိန္းႏိုင္ကမူ ေၾကးနီစီမံကိန္းအတြက္ လက္ရွိၿခံစည္း႐ိုးကာရံထားသည့္ ဧက ၄,၉၀၀ ေက်ာ္မွ စီမံကိန္းဧရိယာ ဧက ၇,၀၀၀ အျပည့္ ၿခံစည္း႐ိုးမကာရံမီ ေျမယာျပႆနာကို အၿပီးျပတ္ ေျပလည္ေအာင္ ေျဖရွင္းထားရန္လိုအပ္မည္ျဖစ္ၿပီး ထိုသို႔ ေျမယာ ျပႆနာမ်ား မေျပလည္ေသးဘဲ ၿခံစည္း႐ိုး ထပ္မံကာရံမည္ဆိုပါက တစ္ေက်ာ့ျပန္ပဋိပကၡမ်ား ျဖစ္ပြားလာမည္ကို စိုးရိမ္သည္ဟု ေျပာသည္။

ေတာင္သူဘဝျဖင့္ ေန႔စဥ္ဘဝမ်ားကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းခဲ့ေသာ မိုးႀကိဳးျပင္အလယ္ရြာ ေဒသခံမ်ားကမူ ေၾကးနီစီမံကိန္း စတင္သည္ႏွင့္အတူ ဆႏၵျပေတာင္းဆိုမႈမ်ား၊ အၾကမ္းဖက္မႈမ်ား၊ ပဋိပကၡမ်ားျဖင့္ နိစၥဓူဝ လံုးခ်ာလည္ေနသည္။

ရာသီခ်ိန္အလိုက္ သီးႏွံစိုက္ပ်ိဳးလုပ္ကိုင္ရန္ ထြန္ေရး၊ ထယ္ေရး ျပင္ရျခင္းထက္ အခ်ိန္၊ ရာသီမေရြး ဆႏၵျပေတာင္းဆိုရန္ အသင့္ရွိေနရျခင္းျဖင့္ သူတို႔၏ေန႔စဥ္ဘဝမ်ားကို ျဖတ္သန္းေနသည္။ လယ္ယာေျမမ်ား မဆံုး႐ႈံးေစရန္ ဆႏၵျပ မည္ဆိုလွ်င္ မည္သူမွ် လိုက္လံလူစုေနစရာမလိုဘဲ အိမ္တိုင္းေစ့ လမ္းေပၚထြက္လာသည္အထိ စည္းလံုးေသာ္လည္း ေဒၚခင္ဝင္းကဲ့သုိ႔ အျဖစ္မ်ိဳးေနာက္ထပ္မႀကံဳ ေတြ႕လိုေတာ့ဟု ေဒသခံမ်ားက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ရြာမွာ ရာဇ၀င္တြင္ေအာင္ဆိုးတဲ့ လူဆိုး၊ လူမိုက္ေတြ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ႐ိုးသားစြာ စည္းလံုးၾကတာပါ’’

Credit - 7daydaily


[Unicode Version]
လက်ပံတောင်းတောင် အရေး တောင်းဆိုရင်း သေနတ်ကျည် ထိမှန်ကာ အသက်ပေးသွားခဲ့ရသူ တောင်သူဒေါ်ခင်၀င်း၏ ထရံကာ၊ သွပ်မိုးနှင့် ခြေတံရှည်အိမ်ပေါ်တွင်မိုးကြိုးပြင်အလယ်ရွာမှ ဒေသခံတောင်သူအချို့ စုေ၀းရောက်ရှိနေကြသည်။ မေလ၏ နေ့လယ်ခင်းအချိန် အညာနွေအပူရှိန်ကြောင့် ခြေတံရှည်အိမ်လေးပေါ်မှ လူစုမှာ ချွေးတလုံးလုံးဖြင့် လှုပ်လှုပ်ရွရွဖြစ်နေသည်။

‘‘ငါတို့က မထူးစိတ်မွေးလိုက်ပြီ။ သေမထူး၊ နေမထူးပေါ့ကွာ။ တို့မြေကို မတရားလုပ်တဲ့အခါ သေမှာလည်း မကြောက်တော့ဘူး။ ဒီအတိုင်းငတ်သေမှာနဲ့စာရင် ကိုယ့်မြေကို ထိန်းနိုင်သလောက် ထိန်းမယ်။ သူတို့ပစ်ခတ်လို့သေ ရင်လည်း သေပါစေ’’

နေလောင်ထားသော အသားအရေ၊ တောင့်တင်းသည့် ကိုယ်ခန္ဓာနှင့် အသက် (၄၀)ကျော်အရွယ် ဦးညွန့်လွင်က ဒေါမာန်ပါပါဖြင့်ပြောသည်။ ဦးညွန့်လွင်သည် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ နယ် မိုးကြိုးပြင်အလယ်ရွာမှဒေသ ခံတောင်သူတစ်ဦးဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံထားရသဖြင့် သူ၏ စိုက်ပျိုးမြေ ၁၀ ဧက ကျော် ဆုံးရှုံးထားသူဖြစ်သည်။

၂၀၁၀ တွင် စတင်ခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မြေယာဆုံး ရှုံးရသည့်တောင်သူများက လျော်ကြေးငွေတိုးမြှင့်ပေးရန် တောင်းဆိုမှုသည် ခုနစ်နှစ်ခန့်ကြာမြင့်ချိန်အထိ ပြေလည်မှုမရသေးပေ။

စစ်အစိုးရလက်ထက် ၂၀၁၀ ဇွန်လတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် Norinco ကုမ္ပဏီ၏ လက်အောက်ခံ ၀မ်ပေါင်ကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးသတၳုတူးဖော်ရေး စီမံကိန်းဖြစ်သည့် လက်ပံတောင်းကြေးနီစီမံကိန်းသည် အရပ်သားအစိုးရ တာ၀န်ယူချိန်အထိ မြေယာပြဿနာ များကြောင့် မကြာခဏ ဆန္ဒပြ တောင်းဆိုမှုများနှင့် ကြုံတွေ့နေရ သည်။

‘‘ကုမ္ပဏီကျတော့ လုပ်ငန်းတွေဆက်လုပ်နေပြီး တို့ဒေသခံတောင်သူတွေကျတော့ လျော်ကြေးလည်းမရ၊ လုပ်ကိုင်စားလု့ိလည်း မရဖြစ်နေတယ်’’ ဟု ဦး ညွန့်လွင်က ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဆုံးရှုံးရသည့် လယ်ယာမြေများအတွက် ထိုက်သင့်သည့် နစ်နာကြေးပေးရန် အကြိမ်တစ်ရာမက ဆန္ဒပြတောင်းဆို ခဲ့သော်လည်း ပြေလည်အောင်ဖြေရှင်းပေးခြင်းမရှိသေးဘဲ မြေယာများမဆုံးရှုံးစေရန် ကာကွယ်သည့် တောင်သူအမျိုးသမီးတစ်ဦး သေနတ်မှန်သေဆုံးရခြင်းနှင့် အခြားတောင်သူများ အမှုဖွင့်ခံရခြင်းသာ အဖတ်တင်သည်ဟု မြေယာအ ရေးဆန္ဒပြမှုဖြင့် ကိုယ်တိုင်အမှုဖွင့်ခံထားရပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရဲတပ်ဖွဲ့၏ ခြောက်ကြိမ်ဖမ်း၀ရမ်းထုတ်ဆင့်ခံခဲ့ရသည့် မိုးကြိုးပြင်အလယ်ရွာမှ တောင်သူဦး၀င်းကျော်က ပြော သည်။ ဦး၀င်းကျော်သည် ၂၀၁၃ ကတည်းက လက်ပံတောင်းစီမံကိန်းကြောင့် စိုက်ပျိုးမြေ ၁၃ဧက ကျော် ဆုံးရှုံးထားသူလည်း ဖြစ်သည်။

‘‘ဘာမှလုပ်စားလို့မရတော့ဘူး။ ကြုံရာကျပန်းလုပ်ကိုင်စားနေရတယ်။  အဲဒီမြေတွေအတွက် အခုထိရှင်းလည်း မပေးဘူး။ တွေ့ဆုံမှုလည်း မပေးဘူး’’ ဟု ဦး၀င်းကျော်က ပြောသည်။

ကြေးနီစီမံကိန်းစတင်ပြီး မြေယာများသိမ်းဆည်းခံရမှုကြောင့် ဒေသခံများသီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့်မရတော့ဘဲ စား၀တ်နေရေးအကျပ်အတည်းတွေ့နေရသလို သားသမီးများ၏ ပညာရေးနှောင့် နှေးမည်ကိုလည်း စိုးရိမ်နေရသည် ဟု ဦး၀င်းကျော်ကပြောသည်။

ယခင်က မိရိုးဖလာတောင် သူလယ်သမားများဘ၀ဖြင့် အေးအေးချမ်းချမ်းနေထိုင်လာခဲ့သော သူတို့ဘ၀များသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် လက်ရှိအချိန်တွင် ကြီးမားခက်ခဲသည့် ဘ၀အချိုးအကွေ့တစ်ခုကို ရင်ဆိုင်ကျော်ဖြတ်နေရကြောင်း မိုးကြိုးပြင်ဒေသခံတောင်သူများက ပြောသည်။


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ မြေဧက ၇,၀၀၀ ခန့်ပေါ်တွင် ၂၀၁၀ က စတင်နေခြင်းဖြစ်သည်။ စီမံကိန်းအတွက် ကန်ဒေါ်လာသန်းတစ်ထောင်ခန့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တစ်နှစ်လျှင် ကြေးနီတန်ချိန်တစ်သိန်းအထိ တူးဖော်ထုတ်လုပ်မည် ဖြစ်သည်။

ကြေးနီစီမံကိန်းဧရိယာ ဧကခုနစ်ထောင်ကျော်အတွင်းမှ မြေဧက ၄,၉၀၀ ကျော်ကို ၂၀၁၄ ကတည်းက ခြံစည်းရိုးကာရံထားခဲ့ကာ ပြီးခဲ့သည့် ၂၀၁၆ မေလက စတင်၍ ကြေးနီစတင်ထုတ်လုပ်နေပြီဖြစ်သည်။ လက်ရှိတွင် စမ်း သပ်တူးဖော်ထုတ်လုပ်မှုကာလအဖြစ် တစ်နှစ်လျှင် ကြေးနီတန်ချိန် နှစ်သောင်းခန့် ထုတ်လုပ်နေပြီး လာမည့် ၂၀၁၈ ကစတင်ကာရည်မှန်းထားသည့် ပမာဏဖြစ်သည့် တစ်နှစ်လျှင် ကြေးနီတန်ချိန်တစ်သိန်းအထိ ထုတ်လုပ်မည်ဖြစ် သည်။

ကြေးနီထွက်ရှိမည့် တောတောင်များကို တူးဖော်မည်ဖြစ် သည့် စီမံကိန်းဧရိယာသည် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော်၊ လူဦးရေ ၂၅,၀၀၀ ခန့် နှင့် တိုက်ရိုက် ထိစပ်ပတ်သက်နေ သည်။ ကြေးနီစီမံကိန်းအတွက် မြေယာဆုံးရှုံးရမည့်သူများအနက် လက်ရှိအချိန်ထိ ၃၀ ရာခိုင်နှုန်းခန့်နှင့် မြေယာလျော်ကြေး၊ နစ်နာကြေးဆိုင်ရာများ ပြေလည်မှုမရသေးဘဲဖြစ်နေကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေး စောင့်ကြည့်လေ့လာနေသူများက ပြောသည်။

စီမံကိန်းဧရိယာအဖြစ် ခြံစည်းရိုးခတ် ကာရံထားပြီးဖြစ်သော မြေဧကလေးထောင်ကျော် အနက်မှာပင် ဧက ၁,၉၀၀ ကျော်အတွက် နစ်နာကြေးများ၊ လျော်ကြေးကိစ္စများ မပြေလည်သေးဘဲ စနစ်တကျညှိနှိုင်းရန် လိုအပ် ကြောင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး စောင့်ကြည့်လုပ်ဆောင်နေသည့် ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အ မှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ သိန်းနိုင်က ပြောသည်။

မြေယာလျော်ကြေးပြဿနာ များ မပြေလည်ရသည့်အဓိကအကြောင်းရင်းသည် စီမံကိန်းအတွက် မြေသိမ်းစဉ်က ၁၈၉၄ မြေသိမ်းဥပဒေကို အသုံးမပြုခဲ့ဘဲ ၁၉၆၃ လယ်ယာမြေသီးစားချထား ရေးဥပဒေကို ကိုင်စွဲကာ မြေသိမ်း ခဲ့၍ ဖြစ်သည်ဆိုသည့်အချက်ကို ဒေါက်တာသိန်းနိုင်က ထောက်ပြသည်။

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းအတွွင်းပါဝင်နေသည့် မြေယာများအတွက် ၂၀၁၁ က စတင်ကာ ၂၀၁၄ အထိ သုံးကြိမ်တိုင်အောင် မြေယာလျော်ကြေးနှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး စုစုပေါင်း ကျပ်သန်း ၁၂,၀၀၀ ကျော် ပေးအပ်ခဲ့ပြီဖြစ်ကြောင်း စီမံကိန်းလုပ်ကိုင်နေသည့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ၂၀၁၆ အတွင်းက ထုတ်ပြန်ခဲ့သည့် ကြေးနီစီမံကိန်းတိုးတက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မြေယာပြဿနာများ ညှိနှိုင်းဖြေရှင်းရန် ကျန်ရှိနေဆဲဖြစ်သော်လည်း စီမံကိန်းအတွက် မြေယာဆုံးရှုံးသူများ၏ ၈၃ ရာခိုင်နှုန်းသည် ထောက်ပံ့ကြေး လက်ခံထားပြီဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။

‘‘မြေယာဆုံးရှုံးခဲ့သည့် ဒေသခံ ပြည်သူအမျာစုက မြေယာနစ်နာကြေးနှင့် ထောက်ပံ့ကြေးများ လက်ခံယူခဲ့ကြသည်ကို သုံးသပ်ခြင်း အားဖြင့် ဒေသခံအများစုက စီမံကိန်းအတွွက် မြေယာဆုံးရှုံးရသည်ကို လက်ခံသဘောတူကြ သည်ဟု ယူဆရပါသည်’’ ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည့် ကြေးနီစီမံကိန်းတိုးတက်မှု အစီရင်ခံစာတွင် မှတ်ချက်ပြု ဖော်ပြထားသည်။

လက်ရှိတွင် ကြေးနီစီမံကိန်းအတွင်း ပါဝင်နေသည့် မြေယာများနှင့်ပတ်သက်၍ နစ်နာကြေးနှင့်ထောက်ပံ့ကြေးများကို မြေအမျိုးအစားပေါ်မူတည်ကာ ထုတ်ပေးနေပြီး စီမံကိန်းအတွက်ဆုံးရှုံးမည့် မြေတစ်ဧကလျှင် အနည်းဆုံးကျပ် ၁၈ သိန်းကျော်မှ အများဆုံးကျပ် ၃၂ သိန်းကျော်အထိ ရရှိမည်ဟု ဆိုသည်။

ထို့အပြင် မြေယာလျော်ကြေးလက်ခံကာ စီမံကိန်းအတွက် မြေယာစွန့်လွှတ်ပေးသူများအတွက် ဆုံးရှုံးသည့် မြေဧကပေါ်မူတည်၍ အလုပ်ခန့်ထားပေးခြင်းနှင့် အလုပ်မရမီကြားကာလတွင် ထောက်ပံ့ကြေးပေးခြင်းတို့ကို လုပ်ဆောင် နေပြီး စီမံကိန်းအတွက် မြေ ၁၀ ဧကအထိ စွန့်လွှတ်သူများကို အလုပ်တစ်နေရာ၊ ၁၀ ဧကမှ ဧက ၂၀ ကြား ဆုံးရှုံးရသူများကို အလုပ်နှစ်နေရာနှင့် မြေဧက ၂၀ အ ထက်ဆုံးရှုံးသည့် တောင်သူများ ကို အလုပ်အကိုင်သုံးနေရာနှုန်းသတ်မှတ်ကာ ခန့်ထားပေးနေသည်ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်း တိုးတက်မှုဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အလုပ်မခန့်ထားမီကြား ကာလတွင် စွန့်လွှတ်ပေးသည့်မြေ ဧကပေါ်မူတည်၍ တစ်လလျှင် ဒေါ်လာ ၇၀၊ ၁၂၀ နှင့် ၁၆၀ နှုန်းဖြင့် ထောက်ပံ့နေပြီး ထောက်ပံ့ကြေးကို ခြောက်လတစ်ကြိမ် ထုတ်ပေးနေသည်ဟု မြန်မာ-၀မ်ပေါင်ကုမ္ပဏီကဆိုထားသည်။

သို့သော် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြေယာနစ်နာကြေးထုတ်ပေးနေမှုပုံစံသည် တောင်သူများကို ထမင်းငတ်အောင်ထားပြီး နောက်ဆုံးတွင်မှ မဖြစ်မနေလျော် ကြေးထုတ်ယူစေသည့် သဘောဖြစ်နေကြောင်း လက်ပံတောင်း အရေး လှုပ်ရှားနေသူများက ဝေဖန်ကြသည်။

ကွယ်လွန်သူ ဒေါ်ခင်၀င်းအိမ်တွင် တွေ့ရသည့် ဦးညွန့်လွင်၊ ဦး၀င်းကျော်အပါအ၀င် လက်ပံတောင်းဒေသခံအချို့ (ဓာတ်ပုံ-မောင်တာ)

မြေသိမ်းခံရသည့် တောင်သူ အများစုက မိသားစုစားဝတ်နေရေးအတွက် အဓိကအားထားနေရသည့် မြေယာများပေါ်တွင် သီးနှံစိုက်ပျိုးခွင့်မရတော့ဘဲ စားဝတ်နေရေး ကျပ်တည်းလာသဖြင့် မကျေနပ်သော်လည်း ကုမ္ပဏီမှ လျော်ကြေးထုတ်ယူနေရခြင်းဖြစ်သည်ဟု ကိုယ်တိုင်မြေသိမ်းခံတောင်သူတစ်ဦးဖြစ်သလို လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အရေးတက်ကြွလှုပ်ရှားသူ ဆားလင်းကြီးမြို့နယ် တုံတောချောင်း ရွာနေ ဒေါ်စန်းနွဲ့ကပြောသည်။

‘‘မြေယာလျှော်ကြေးမယူသေးဘဲ တောင်းခံနေတဲ့တောင်သူတွေ အများကြီးရှိသေးတယ်။ စားဝတ်နေရေး မပြေလည်ပေမယ့် အရမ်းနစ်နာလို့ လျှော်ကြေးကိုလက်မခံကြသေးဘူး’’ ဟု ဒေါ်စန်းနွဲ့က ပြောသည်။

လက်ပံတောင်းတောင်ကြေး နီစီမံကိန်းနှင့်ပတ်သက်၍ အဓိကကိုင်တွယ်လုပ်ကိုင်နေသည့် စစ် ကိုင်းတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကမူ ကြေးနီစီမံကိန်း မြေယာပြဿနာ ပြေလည်စေရန် ဥပဒေဘောင်အ တွင်းမှ တတ်နိုင်သမျှ လိုက်လျောညှိနှိုင်းပေးမည်ဟု ပြောသည်။ တောင်သူများအနေနှင့် မြေယာနစ်နာကြေးထုတ်ယူမည်ဆိုလျှင် နစ်နာမှု မရှှိစေရန် ယခင်ကျော်လွန်ခဲ့သည့်ကာလများ (Back Date)  အတွက်ကိုပါ ပြန်လည်ထည့်သွင်းတွက်ချက်၍ လစဉ်ထောက်ပ့ံကြေးပေးနိုင်ရန် စီစဉ်ထားသည်ဟု ပြောသည်။

ထို့အပြင် ၂၀၁၃ က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းရေးအစီရင်ခံစာ အကြံပြုချက်အတိုင်း စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့ရာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် နိုင်ငံတော်စီမံကိန်းဖြစ်သည့်အတွက် ပြဿနာများ မပေါ်ပေါက်စေဘဲ ပြေလည်အောင်နိုင်မည့် နည်းဖြင့်ဖြေရှင်းလုပ်ဆောင်မည်ဟု ဦးမြင့်ကြည်ကဆိုသည်။

ကြေးနီစီမံကိန်းကြောင့် မိုးကြိုးပြင်အလယ်ရွယ်မှ မြေယာသိမ်းဆည်းခံရခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားရနိုင်သော်လည်း စီမံကိန်းကြောင့် ၎င်းတို့ရွာအတွက် မည်သည့်အခွင့် အရေးမျှမရဟု တောင်သူဦးညွန့်လွင်ကပြောသည်။

‘‘စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေ ဘာအခွင့်အရေး၊ ဘာခံစားခွင့်မှမရဘူး။ အခုတောင်ကြီးaတွသာ ဖြိုလို့ကုန်တော့မှာ၊ ဒေသခံတွေရဲ့မြေတွေသာ အသိမ်းခံထားရတာ ဒေသခံတွေအတွက် ဘာကောင်းကျိုးမရသေးဘူး’’ ဟု ဦးညွန့်လွင်ကပြောသည်။

၂၀၁၁ ကတည်းက ကျေးရွာအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေး လုပ်ဆောင်ပေးရန် တောင်းဆိုထားသော်လည်း လုပ်ဆောင်aပးခြင်းမရှိသေးဘဲ လက်ရှိအခြေအနေတိုင်းဆိုပါက ကြေးနီများရသလောက် ထုတ်ယူပြီး စီမံကိန်း ကာလပြီးဆုံးချိန်တွင် မိုးကြိုးပြင် အလယ်ရွာသည် မည်သည့်အခွင့်အရေးမျှမရဘဲ တောပြုန်း၊ တောင်ပြုန်းနှင့် ကန္တာရသဖွယ်ဖြစ်ကျန်ခဲ့ မည်ကို စိုးရိမ်ကြောင်း ဦးညွန့်လွင်ကဆိုသည်။

ကုမ္ပဏီကပေးသည့် နစ်နာကြေးသည် အလွန်နည်းပါးပြီး ၎င်းတို့အနေဖြင့် ကြေးနီစီမံကိန်းကြောင့် စွန့်လွှတ်ရမည့်စိုက်ပျိုးမြေ များအတွက် မြေငှားရမ်းခအဖြစ် တစ်ဧကလျှင် တစ်နှစ်ကျပ်ခုနစ် သိန်းနှုန်း ရလိုသည်ဟု မိုးကြိုးပြင် ဒေသခံတောင်သူများက တောင်းဆိုသည်။ ထို့အပြင် မြေယာများကို အပြီးပြတ်ရောင်းချလိုခြင်းမရှိဘဲ စီမံကိန်းလုပ်ကိုင်မည့် သတ်တမ်းအတိုင်း မြေအငှားအနေဖြင့်သာ စာချုပ်ချုပ်ဆို လုပ်ကိုင်လိုသည် ဟု ဆိုသည်။

‘‘ဒီအတိုင်းကြီး မဖြစ်သလောက်ဈေးလေးနဲ့ သူတို့ကို ရောင်းလိုက်ရရင် နောင်သားစဉ် မြေးဆက်အတွက်တို့မှာ အမွေပေးစရာမရှိတော့ဘူး။ အဲဒါကြောင့်မို့။ ငါတို့တုန်းကလည်း အဘိုးအဘွားတွေပေးခဲ့တဲ့လယ်ယာ မြေ၊ ငါတို့ရဲ့ သားသမီးတွေအတွက်၊ သားစဉ်မြေးဆက်အတွက်ကိုလည်း အမွေပေးတဲ့သဘော ဖြစ်အောင်လို့ မရောင်းနိုင်ဘူး။ အငှားနဲ့ပဲ အငှားဂရန်နဲ့ သီးနှံနစ်နာမှု အဲဒီလိုပဲ လိုချင်တယ်’’ ဟု မိုးကြိုးပြင်အလယ်ရွာနေ တောင်သူ ဦးဝင်းကျော်ကပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စတင်လုပ်ကိုင်စဉ်က မြေယာပြဿနာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ဒေသခံများ အခွင့်အရေးဆုံးရှုံးမှုတို့အတွက် စီမံကိန်းရပ်တန့်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ခံခဲ့ရပြီး လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအကြောင်းပြုကာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနောက် ပြန်လှည့်သွားမည်လားဟူ၍ပင် စိုးရိမ််ခဲ့ရသည်။

၂၀၁၃ တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်ခဲ့သည့် အကြံပြုချက်များအပေါ်အခြေခံ၍ လုပ်ကိုင်ခဲ့ရာတွင်မူ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆန္ဒပြကန့်ကွက်မှုများ အတန်အသင့်လျော့ပါးခဲ့သည်။ သို့သော် ၂၀၁၄ တွင် ကြေးနီစီမံကိန်း ဧရိယာအဖြစ်ခြံ စည်းရိုးကာရံခဲ့ရာ၌မူ မြေယာလျော်ကြေးမယူသည့် ဒေသခံတောင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ကာ ပြဿနာ များဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင် အလယ်ရွာသူ အသက် (၅၈) နှစ်အ ရွယ် တောင်သူဒေါ်ခင်ဝင်း သေနတ်ကျည် ထိမှန်သေဆုံးခဲ့သည် အထိပဋိပက္ခများ ပြင်းထန်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကမူ ကြေးနီစီမံကိန်းအတွက် လက်ရှိခြံစည်းရိုးကာရံထားသည့် ဧက ၄,၉၀၀ ကျော်မှ စီမံကိန်းဧရိယာ ဧက ၇,၀၀၀ အပြည့် ခြံစည်းရိုးမကာရံမီ မြေယာပြဿနာကို အပြီးပြတ် ပြေလည်အောင် ဖြေရှင်းထားရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ မြေယာ ပြဿနာများ မပြေလည်သေးဘဲ ခြံစည်းရိုး ထပ်မံကာရံမည်ဆိုပါက တစ်ကျော့ပြန်ပဋိပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု ပြောသည်။

တောင်သူဘဝဖြင့် နေ့စဉ်ဘဝများကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့သော မိုးကြိုးပြင်အလယ်ရွာ ဒေသခံများကမူ ကြေးနီစီမံကိန်း စတင်သည်နှင့်အတူ ဆန္ဒပြတောင်းဆိုမှုများ၊ အကြမ်းဖက်မှုများ၊ ပဋိပက္ခများဖြင့် နိစ္စဓူဝ လုံးချာလည်နေသည်။

ရာသီချိန်အလိုက် သီးနှံစိုက်ပျိုးလုပ်ကိုင်ရန် ထွန်ရေး၊ ထယ်ရေး ပြင်ရခြင်းထက် အချိန်၊ ရာသီမရွေး ဆန္ဒပြတောင်းဆိုရန် အသင့်ရှိနေရခြင်းဖြင့် သူတို့၏နေ့စဉ်ဘဝများကို ဖြတ်သန်းနေသည်။ လယ်ယာမြေများ မဆုံးရှုံးစေရန် ဆန္ဒပြ မည်ဆိုလျှင် မည်သူမျှ လိုက်လံလူစုနေစရာမလိုဘဲ အိမ်တိုင်းစေ့ လမ်းပေါ်ထွက်လာသည်အထိ စည်းလုံးသော်လည်း ဒေါ်ခင်ဝင်းကဲ့သို့ အဖြစ်မျိုးနောက်ထပ်မကြုံ တွေ့လိုတော့ဟု ဒေသခံများက ပြောသည်။

‘‘ကျွန်တော်တို့ရွာမှာ ရာဇ၀င်တွင်အောင်ဆိုးတဲ့ လူဆိုး၊ လူမိုက်တွေ မရှိပါဘူး။ ကျွန်တော်တို့ ရိုးသားစွာ စည်းလုံးကြတာပါ’’

Credit : 7daydaily


No comments