Header Ads

တတ္ၾကြား ၾကြျကြ ျမင့္မားၾကေသာ္








[Zawgyi Version]


Schindler's List ဇာတ္ကားမွ ဇာတ္၀င္ခန္းတစ္ခန္း





လြန္ခဲ့တဲ့ အႏွစ္ ၂၀ ေက်ာ္ကအတူ လက္တြဲၿပီး တိုင္းျပည္အတြက္ လုပ္ခဲ့တဲ့ သူငယ္ခ်င္းေတြနဲ႔ ဒီရက္မွာ ခဏျပန္ဆုံၾကပါတယ္။ ရွစ္ေလးလုံး အေရးေတာ္ပုံႀကီးမွာ အတူပါ၀င္ၿပီး မဆလအစိုးရကို ျဖဳတ္ခ်ဖို႔ ဆႏၵျပခဲ့သူေတြမို႔ စကားလက္ဆုံ ေျပာမကုန္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲကြာသြားၾကၿပီး ကိုယ့္ဘ၀ကိုယ္ လွမ္းေနၾကသူေတြမို႔ အေ၀းကပဲ မာေၾကာင္းသာေၾကာင္း ၾကားၾကရပါတယ္။ အခုလို ဆုံျဖစ္တဲ့အခ်ိန္မွာေတာ့ မေသလို႔ ေတြ႕ၾကရေလျခင္းလို႔ ၀မ္းသာ၀မ္းနည္းျဖစ္မိပါတယ္။



ေသတူရွင္ဖက္ သူငယ္ခ်င္းရဲေဘာ္တစ္ဦးနဲ႔လည္း ျပန္ဆုံေတာ့မွ အေၾကာင္းစုံ သိၾကရပါတယ္။ သူက စစ္အစိုးရရဲ႕ ဖမ္းဆီးေထာင္ခ်ခံခဲ့ရသူမို႔ အေတြ႕အၾကံဳေတြ ကိုယ္ေတြ႕မ်ားလွပါတယ္။ ေထာင္ႏွစ္ရွည္က်ၿပီးေတာ့ ပညာေရးက တစ္ပိုင္းတစ္စ ျဖစ္ရတဲ့အျပင္ မိဘေတြလည္း ဆုံးသြားေတာ့ ၾကံဳရာလုပ္ကိုင္ၿပီး ဘ၀ကုိ ေလွ်ာက္လွမ္းေနသူပါ။ အသက္ေတြ ႀကီးလာတာမွန္ေပမယ့္ သူ႔မ်က္ႏွာက ရြယ္တူေတြထက္ပိုၿပီး ရင့္ေနတဲ့အျပင္ ဆံပင္ေတြကလည္း ျဖဴေနပါၿပီ။ လူကလည္း ပိန္ပိန္ပါးပါးဆိုေတာ့ က်န္းမာေရး ဂ႐ုစိုက္ဖို႔မွာရပါတယ္။ သူ ေျပာျပတဲ့ အင္းစိန္ေထာင္က အေၾကာင္းေတြလည္း နားေထာင္ရင္းခံႏိုင္ရည္ရိွတဲ့ သူ႔ကိုလည္း ခ်ီးက်ဴးမိပါတယ္။


အင္းစိန္ေထာင္မေရာက္ခင္ စစ္ခုံ႐ုံးမွာ လူႀကီးေျပာခိုင္းသမွ် အႀကိဳက္မေျပာဘဲ ယုံၾကည္ရာကိုသာ ထြက္ဆိုခဲ့တာေတြ၊ ေထာင္ထဲမွာလည္း ပုံစံထိုင္ရတာအစ တန္းစီးေတြ၊ ဘာယာေတြရဲ႕ အဆဲအဆို အထိုးအႀကိတ္ ခံၾကရတာေတြ စီကာပတ္ကုံး ေျပာျပပါတယ္။ ျပႆနာျဖစ္လို႔ တိုက္ပိတ္ခံရတာ၊ စစ္ေခြးတိုက္ကို ေရာက္ရတာေတြ၊ ေျခေထာက္မွာ သံေျခက်င္းေဒါက္ေတြနဲ႔ ခတ္ထားၿပီး ေလးဘက္ေထာက္ဖားခုန္ပုံစံနဲ႔ သြားခိုင္းကာ ေနာက္ကအေစာင့္က ေခြးနဲ႔ ႐ွဴးတိုက္ၾကပါသတဲ့။ ဒါ့ေၾကာင့္လည္း စစ္ေခြးတိုက္လို႔ နာမည္တြင္ၾကတာပဲကိုး။

ေထာင္ထဲမွာလည္း ေထာင္အာဏာပိုင္ေတြက ရက္ရက္စက္စက္ ပညာေပးႏွိပ္စက္မႈကို ခံၾကရပါတယ္။ ကိုယ္တစ္ခ်က္ မွားတာနဲ႔ ႐ိုက္ႏွက္ထိုးႀကိတ္ခံၾကရပါတယ္။ ေက်ာင္းသားလူငယ္ေတြနဲ႔အတူ အဖမ္းခံရတဲ့ ဦးပဥၨင္းေတြကိုလည္း နာမည္ကိုေခၚၿပီး မထီမဲ့ျမင္ ျပဳတာေတြအျပင္ ပင္ပန္းတဲ့ အလုပ္ၾကမ္းေတြ ခိုင္းၾကပါတယ္။ ေနရာတစ္ခုေရာက္ရင္ မိမိေနရာက အာဏာနဲ႔ လုပ္ပိုင္ခြင့္ကို အသုံးခ်ၿပီး သူတစ္ပါးကို ႏွိပ္စက္ခ်င္ၾကပါၿပီ။ ငါ ေျပာသလို လုပ္ရင္လုပ္ မလုပ္ရင္ နာမယ္ဆိုတာမ်ဳိးကို ေျပာလည္းေျပာ လက္လည္းပါတတ္တဲ့ လူႀကီးေတြနဲ႔ ၾကံဳဆုံၿပီး ႏွိပ္စက္ခံရသူေတြကေတာ့ ေဆး႐ုံေရာက္တဲ့အထိ ခံရေလ့ရိွပါတယ္။ ႏွိပ္စက္တာ အဆင္မသင့္လို႔ ေသသြားခဲ့ရင္လည္း စစ္ေဆးျခင္းမရိွပါဘူး။ သက္ဆိုင္ရာ မိသားစုက အေလာင္းေတာင္ မျမင္ရဘဲ ေသၿပီလို႔ အေၾကာင္းၾကားတာကို လက္ခံလိုက္ရတာပါပဲ။

သူတို႔ အင္းစိန္ေထာင္ထဲမွာ ရိွတုန္းက အက်ဥ္းဦးစီးက ဒုခ်ဳပ္ဦးအုံးဟန္ဆိုတာဟာ မင္းသား႐ႈံးေအာင္ စမတ္က်က် ၀တ္စားၿပီးေတာ့ ႏိုင္ငံေရးအမႈနဲ႔ ေထာင္က်သူေတြကို တမင္ႏွိပ္စက္တတ္ပါတယ္တဲ့။ အေစာင့္ေတြက ႐ိုက္ႏွက္ထိုးႀကိတ္လို႔ လဲေနတာကို ထိုင္ၿပီး အရသာခံၾကည့္တတ္ပါတယ္တဲ့။ ေနာက္ၿပီး သူကိုယ္တိုင္ ၀တ္ထားတဲ့ ေဘာင္းဘီခြၾကားက ကပ္ပယ္အိပ္ကုိ မကာပင့္ကာနဲ႔ ဒီမိုကေရစီဆိုတာ ဒါပဲတို႔။ ဒါလားကြ မင္းတို႔လိုခ်င္တဲ့ ဒီမိုကေရစီလို႔ ေမးေလ့ေျပာေလ့ ရိွပါသတဲ့။ ေထာင္ရဲ႕ ဆရာ၀န္ေဒါက္တာ စိုးၾကည္ကလည္း ဒီလို႐ိုက္ႏွက္ေနတာကို စိမ္ေျပနေျပ ၾကည့္တတ္ပါတယ္တဲ့။ အက်ဥ္းသားက လဲက်သတိလစ္သြားၿပီဆိုရင္ အနီးကပ္ၾကည့္ကာ နားက်ပ္ေထာက္ စမ္းသပ္ရင္း မေသႏိုင္ေသးဘူး။ OK ဆက္႐ိုက္လို႔ရေသးတယ္။ ဘာမွမျဖစ္ဘူး Carry On လို႔ ေျပာတတ္သတဲ့။ ဒီလို ႏိုင္ငံေရးအက်ဥ္းသားေတြကို တဘုန္းဘုန္း ႐ိုက္ႏွက္တဲ့အခါမွာ မခ်ိမဆံ့ ေအာ္သံေတြ၊ ညည္းညဴသံေတြနဲ႔ ဆူညံေနတတ္ပါတယ္။ အဲဒီ အသံေတြကို တျခားအက်ဥ္းသားေတြ မၾကားရေအာင္ အျပင္မွာ ေလာ္စပီကာနဲ႔ စာဥသီခ်င္းကို အက်ယ္ႀကီး ဖြင့္ထားေလ့ရိွတယ္လို႔ ဆိုပါတယ္။ ဒီလို ခဏခဏ ႏွိပ္စက္တာကို ေတာ္ေတာ္မ်ားမ်ား ခံစားခဲ့ရပါတယ္။

တခ်ဳိ႕ေတြမွာ စိတ္ေတြ ကေယာင္ေခ်ာက္ခ်ားျဖစ္ၿပီး စိတ္ေ၀ဒနာရွင္ျဖစ္တဲ့အထိ ခံစားၾကရတယ္ဆိုပါတယ္။

စိတ္မေကာင္းစရာအျဖစ္ေတြဟာ ၾကာခဲ့ၿပီဆိုေပမယ့္ ခံရသူေတြမွာေတာ့ မေန႔ကလို ခံစားေနၾကရတုန္းပါပဲ။ ေထာင္ရွစ္ႏွစ္က်ၿပီး လြတ္လာေတာ့လည္း ကိုယ့္ဘ၀အတြက္ ၀မ္းစာရွာရေလေတာ့ ပင္ပန္းမႈေတြနဲ႔ အိုစာခဲ့ရၿပီေပါ့။ ေထာင္က အျပင္ေရာက္ေတာ့လည္း အျပင္ေလာကနဲ႔ ၾကာရွည္အဆက္ျပတ္ထားသူမို႔ အံ၀င္ခြင္က်ျဖစ္ဖို႔ ႀကိဳးစားရင္းနဲ႔ပဲ အခ်ိန္ေတြ ကုန္ခဲ့ရၿပီေလ။ ေထာင္က ႏွိပ္စက္တာအျပင္ ေလာကဓံကလည္း ႏွိပ္စက္ေလေတာ့ ဇရာ ပိုေထာင္းခဲ့ၿပီ။

သူေျပာတာေတြ ျပန္ေတြးရင္းနဲ႔ ကြၽန္မ စိတ္ထဲမွာ ဇာတ္ကားေလးတစ္ကား သတိရမိပါတယ္။ ဒါ႐ိုက္တာ Steven Spielberg ႐ိုက္ကူးတဲ့ Schindler's List ကားေလးပါ။ ဒုတိယကမၻာစစ္ျဖစ္ေနဆဲ ဟစ္တလာႀကီးစိုးတဲ့ ဂ်ာမနီႏိုင္ငံမွာ ေအာ္စကာရွင္းဒလားဟာ ဂ်ာမန္ဂ်ဴးသူေဌးတစ္ေယာက္ ျဖစ္ပါတယ္။ ဟစ္တလာ အာဏာရတဲ့ ၁၉၃၉ ခုႏွစ္ကစၿပီး ပိုလန္ႏိုင္ငံနဲ႔ ဂ်ာမနီမွာရိွတဲ့ ဂ်ဴးလူမ်ဳိးအားလုံးကို အိမ္ေတြက ႏွင္ထုတ္ၿပီးေတာ့ ကရာေကာၿမိဳ႕ျပင္ကို ပို႔ခဲ့ပါတယ္။ ၿမိဳ႕ျပင္မွာ ဂ်ဴးရပ္ကြက္အျဖစ္ ေဆာက္လုပ္ေပးၿပီး နယ္သတ္မွတ္ေပးထားခဲ့ပါတယ္။ ရွင္းဒလားက နာဇီဗိုလ္ခ်ဳပ္ေတြနဲ႔ ရင္းႏွီးကြၽမ္း၀င္ၿပီး ေငြကုန္ေၾကးက်ခံ ေကြၽးေမြးတတ္သူမို႔ မသိသူ မရိွသေလာက္ပါပဲ။

ဂ်ဴးေတြကို သီးသန္႔ေနရာခ်ထားၿပီး စား၀တ္ေနေရးအတြက္ အလုပ္လုပ္ၾကဖို႔ ရွင္းဒလားက အေသးစားစက္႐ုံေလးေတြ ထူေထာင္ပါတယ္။ ဂ်ဴးအိမ္ရာက အတတ္ပညာရွင္ေတြကို စက္႐ုံမွာ ခန္႔ထားၿပီး လုပ္ငန္းလည္ပတ္တဲ့ ရွင္းဒလားဟာ အျမတ္အစြန္း မ်ားစြာရခဲ့ပါတယ္။ ၁၉၄၃ မွာေတာ့ ဂ်ဴးအိမ္ရာက လူေတြအားလုံးကို ပလာေစာကို ေျပာင္းေရႊ႕ၿပီး ေထာင္ခ်ထားခဲ့ပါတယ္။ လုပ္ငန္းရပ္ဆိုင္းသြားတဲ့ ရွင္းဒလားဟာ ပလာေစာစခန္းက ဗိုလ္မွဴး ေအမြန္ဂါ့သ္နဲ႔ေတြ႕ၿပီး သူ႔ရဲ႕ အလုပ္သမားေတြကို ျပန္ေခၚပါတယ္။ ဗိုလ္မွဴးေအမြန္က ဂ်ဴးေတြကို မုန္းၿပီး လူသတ္ရတာ ႀကိဳက္ပါတယ္။ ရက္စက္တဲ့ စိတ္ထားရိွသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ မနက္ အိပ္ရာထရင္ ေလသာေဆာင္ကေန မတ္တတ္ရပ္ၿပီး ပတ္၀န္းက်င္ကို အေပၚစီးက ၾကည့္ပါတယ္။ ပ်ားပန္းခပ္သြားလာေနတဲ့ ဂ်ဴးေတြကို ေသနတ္နဲ႔ခ်ိန္ရင္း စိတ္ႀကိဳက္ပစ္ခတ္ေလ့ ရိွပါတယ္။ ဂ်ဴးတစ္ေယာက္ ထြက္ေျပးဖို႔ၾကံရင္ အေဆာင္မွာအတူေန ဂ်ဴး ၂၅ ေယာက္ေလာက္ကို ေဒါသထြက္ၿပီး ပစ္သတ္ပါတယ္။ အေဆာက္အအုံေဆာက္တဲ့ အင္ဂ်င္နီယာ ဂ်ဴးအမ်ိဳးသမီးက ပညာရပ္ဆိုင္ရာ အခ်က္ေတြ လြဲေနတာ ေထာက္ျပလို႔ မေက်မနပ္နဲ႔ သတ္ခိုင္းပါတယ္။ ရွင္းဒလားရဲ႕ စက္႐ုံကိုလည္း ၀င္စစ္ရင္း မေက်နပ္တဲ့ ဂ်ဴးကို အျပင္ကို ဆြဲေခၚသတ္တတ္ပါတယ္။ ဒီစခန္းမွာ သူ႔အလိုက် မျဖစ္သမွ် သူ႔ေသနတ္နဲ႔ ေတြ႕ၾကရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ရွင္းဒလားနဲ႔အတူ စားေသာက္ စကားေျပာရင္းကေန တျဖည္းျဖည္း လူႀကီးလူေကာင္းဆန္လာပါတယ္။ ဒါေပမဲ့ ပလာေစာအက်ဥ္းစခန္းမွာ ဂ်ဴး ၁၀,၀၀၀ ေလာက္ ေသခဲ့ရပါတယ္။

၁၉၄၄ မွာ ပလာေစာက ဂ်ဴးေတြကို ေအာ့ဇ္၀စ္ခ်္ကို ပို႔ပါတယ္။ ေအာ့ဇ္၀စ္ခ်္မွာ ဂ်ဴးေတြကို ဓာတ္ေငြ႕လႊတ္ၿပီးသတ္ဖို႔ အက်ဥ္းခန္းေတြ ေဆာက္ထားပါတယ္။ စစ္ကလည္း ဂ်ာမန္ေတြ ႐ႈံးေနၿပီဆိုေတာ့ ဂ်ဴးေတြကို လက္စေဖ်ာက္ဖို႔ ေရႊ႕ေျပာင္းၾကတာပါပဲ။ ရွင္းဒလားဟာ သူ႔ရဲ႕အလုပ္သမားေတြကို ေအာ့ဇ္၀စ္ခ်္ကို မပါေအာင္ စာရင္းကိုင္ အကူအညီနဲ႔ ႀကိဳးစားရပါတယ္။ တစ္ဦးစ ႏွစ္ဦးစအတြက္ နာရီ၊ မီးျခစ္ အေကာင္းစားေတြ ၾကံဳသလုိေပးၿပီး စာရင္းဖ်က္ခိုင္းခဲ့ပါတယ္။ အလုပ္သမားေတြအတြက္ အလုပ္ေပးဖို႔ ခ်က္ကိုစလိုဗက္ကီးယားမွာ စက္႐ုံအတည္ျပရပါတယ္။ အဲဒီအတြက္ ဗိုလ္မွဴး ေအမြန္ကို ေငြမ်ားစြာ ေပးရသလို အထက္က လူႀကီးကိုလည္း စိန္ေတြေပးခဲ့ရပါတယ္။ ရွင္းဒလားဟာ စုစုေပါင္း လူ ၁၃၀၀ ေက်ာ္ကို ဓာတ္ေငြ႕ခန္းက ဆြဲထုတ္ႏိုင္ခဲ့ပါတယ္။ စစ္ၿပီးခ်ိန္မွာေတာ့ ဂ်ဴးေျခာက္သန္းေလာက္ ေသခဲ့ရတယ္လို႔ စာရင္းထုတ္ျပန္ပါတယ္။

ရက္စက္သူ နာဇီဗိုလ္မွဴး ေအမြန္ကေတာ့ ဖမ္းဆီးခံရၿပီးေတာ့ ႀကိဳးေပးသတ္ခံရပါတယ္။ စစ္႐ႈံးတဲ့အခ်ိန္မွာ ေအမြန္ကို မုန္းတီးေနၾကသူေတြက ဖမ္းဆီးထားခဲ့တာပါပဲ။ တစ္ခ်ိန္က ပလာေစာစခန္းမွာ ေသဆိုေသ ရွင္ဆိုရွင္ သူသာလွ်င္ အာဏာရွင္ အျဖစ္ ထင္တိုင္းၾကဲခဲ့တဲ့ ဗိုလ္မွဴးေအမြန္ဟာ ေနာက္ဆုံးေတာ့ က်ဆုံးခဲ့ပါတယ္။ ရွင္းဒလားရဲ႕ ဂ်ဴးေတြဟာလည္း လြတ္ေျမာက္ၿပီးေတာ့ အစၥေရးႏိုင္ငံ ထူေထာင္ၾကပါတယ္။ ရွင္းဒလား ေသတဲ့ေနာက္ပိုင္းမွာ ႏွစ္တိုင္း မ်ဳိးဆက္သစ္ ဂ်ဴးေတြဟာ အုတ္ဂူကိုလာၿပီး ဂါရ၀ျပဳၾကေလ့ ရိွပါတယ္။ ရွင္းဒလားကိုယ္တိုင္ စိုက္ေပးခဲ့တဲ့ သစ္ပင္ေလးဟာလည္း အခုထိ ရွင္သန္ေနတုန္းပါပဲ။ ထူးျခားခ်က္က ဒီဇာတ္ကားကို တစ္ကားလုံး အျဖဴအမည္းအျဖစ္ ႐ိုက္ကူးထားတာပါပဲ။ ဘာသာျပန္ေဆာင္းပါး တစ္ပုဒ္မွာေတာ့ ဒါ႐ိုက္တာက ဂ်ဴးလူမ်ဳိး ေျခာက္သန္းေသဆုံးရမႈကို ၀မ္းနည္ေၾကကြဲတဲ့အေနနဲ႔ အျဖဴအမည္း ႐ိုက္ကူးခဲ့တယ္လို႔ ဖတ္ဖူးပါတယ္။

ေလာကႀကီးမွာ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္မယ္ဆိုတဲ့ စာသားေလးအတိုင္း ကိုယ္ျပဳသမွ် ကိုယ္ျပန္ရၾကတာပဲ မဟုတ္ပါလား။


Writer: 



ေဒါက္တာမိုးမိုးသီ


[Unicode Version]

Schindler's List ဇာတ်ကားမှ ဇာတ်၀င်ခန်းတစ်ခန်း
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကအတူ လက်တွဲပြီး တိုင်းပြည်အတွက် လုပ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ဒီရက်မှာ ခဏပြန်ဆုံကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အတူပါ၀င်ပြီး မဆလအစိုးရကို ဖြုတ်ချဖို့ ဆန္ဒပြခဲ့သူတွေမို့ စကားလက်ဆုံ ပြောမကုန်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားကြပြီး ကိုယ့်ဘ၀ကိုယ် လှမ်းနေကြသူတွေမို့ အေ၀းကပဲ မာကြောင်းသာကြောင်း ကြားကြရပါတယ်။ အခုလို ဆုံဖြစ်တဲ့အချိန်မှာတော့ မသေလို့ တွေ့ကြရလေခြင်းလို့ ၀မ်းသာ၀မ်းနည်းဖြစ်မိပါတယ်။

သေတူရှင်ဖက် သူငယ်ချင်းရဲဘော်တစ်ဦးနဲ့လည်း ပြန်ဆုံတော့မှ အကြောင်းစုံ သိကြရပါတယ်။ သူက စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရသူမို့ အတွေ့အကြုံတွေ ကိုယ်တွေ့များလှပါတယ်။ ထောင်နှစ်ရှည်ကျပြီးတော့ ပညာရေးက တစ်ပိုင်းတစ်စ ဖြစ်ရတဲ့အပြင် မိဘတွေလည်း ဆုံးသွားတော့ ကြုံရာလုပ်ကိုင်ပြီး ဘ၀ကို လျှောက်လှမ်းနေသူပါ။ အသက်တွေ ကြီးလာတာမှန်ပေမယ့် သူ့မျက်နှာက ရွယ်တူတွေထက်ပိုပြီး ရင့်နေတဲ့အပြင် ဆံပင်တွေကလည်း ဖြူနေပါပြီ။ လူကလည်း ပိန်ပိန်ပါးပါးဆိုတော့ ကျန်းမာရေး ဂရုစိုက်ဖို့မှာရပါတယ်။ သူ ပြောပြတဲ့ အင်းစိန်ထောင်က အကြောင်းတွေလည်း နားထောင်ရင်းခံနိုင်ရည်ရှိတဲ့ သူ့ကိုလည်း ချီးကျူးမိပါတယ်။




အင်းစိန်ထောင်မရောက်ခင် စစ်ခုံရုံးမှာ လူကြီးပြောခိုင်းသမျှ အကြိုက်မပြောဘဲ ယုံကြည်ရာကိုသာ ထွက်ဆိုခဲ့တာတွေ၊ ထောင်ထဲမှာလည်း ပုံစံထိုင်ရတာအစ တန်းစီးတွေ၊ ဘာယာတွေရဲ့ အဆဲအဆို အထိုးအကြိတ် ခံကြရတာတွေ စီကာပတ်ကုံး ပြောပြပါတယ်။ ပြဿနာဖြစ်လို့ တိုက်ပိတ်ခံရတာ၊ စစ်ခွေးတိုက်ကို ရောက်ရတာတွေ၊ ခြေထောက်မှာ သံခြေကျင်းဒေါက်တွေနဲ့ ခတ်ထားပြီး လေးဘက်ထောက်ဖားခုန်ပုံစံနဲ့ သွားခိုင်းကာ နောက်ကအစောင့်က ခွေးနဲ့ ရှူးတိုက်ကြပါသတဲ့။ ဒါ့ကြောင့်လည်း စစ်ခွေးတိုက်လို့ နာမည်တွင်ကြတာပဲကိုး။

ထောင်ထဲမှာလည်း ထောင်အာဏာပိုင်တွေက ရက်ရက်စက်စက် ပညာပေးနှိပ်စက်မှုကို ခံကြရပါတယ်။ ကိုယ်တစ်ချက် မှားတာနဲ့ ရိုက်နှက်ထိုးကြိတ်ခံကြရပါတယ်။ ကျောင်းသားလူငယ်တွေနဲ့အတူ အဖမ်းခံရတဲ့ ဦးပဉ္ဇင်းတွေကိုလည်း နာမည်ကိုခေါ်ပြီး မထီမဲ့မြင် ပြုတာတွေအပြင် ပင်ပန်းတဲ့ အလုပ်ကြမ်းတွေ ခိုင်းကြပါတယ်။ နေရာတစ်ခုရောက်ရင် မိမိနေရာက အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး သူတစ်ပါးကို နှိပ်စက်ချင်ကြပါပြီ။ ငါ ပြောသလို လုပ်ရင်လုပ် မလုပ်ရင် နာမယ်ဆိုတာမျိုးကို ပြောလည်းပြော လက်လည်းပါတတ်တဲ့ လူကြီးတွေနဲ့ ကြုံဆုံပြီး နှိပ်စက်ခံရသူတွေကတော့ ဆေးရုံရောက်တဲ့အထိ ခံရလေ့ရှိပါတယ်။ နှိပ်စက်တာ အဆင်မသင့်လို့ သေသွားခဲ့ရင်လည်း စစ်ဆေးခြင်းမရှိပါဘူး။ သက်ဆိုင်ရာ မိသားစုက အလောင်းတောင် မမြင်ရဘဲ သေပြီလို့ အကြောင်းကြားတာကို လက်ခံလိုက်ရတာပါပဲ။


သူတို့ အင်းစိန်ထောင်ထဲမှာ ရှိတုန်းက အကျဉ်းဦးစီးက ဒုချုပ်ဦးအုံးဟန်ဆိုတာဟာ မင်းသားရှုံးအောင် စမတ်ကျကျ ၀တ်စားပြီးတော့ နိုင်ငံရေးအမှုနဲ့ ထောင်ကျသူတွေကို တမင်နှိပ်စက်တတ်ပါတယ်တဲ့။ အစောင့်တွေက ရိုက်နှက်ထိုးကြိတ်လို့ လဲနေတာကို ထိုင်ပြီး အရသာခံကြည့်တတ်ပါတယ်တဲ့။ နောက်ပြီး သူကိုယ်တိုင် ၀တ်ထားတဲ့ ဘောင်းဘီခွကြားက ကပ်ပယ်အိပ်ကို မကာပင့်ကာနဲ့ ဒီမိုကရေစီဆိုတာ ဒါပဲတို့။ ဒါလားကွ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီလို့ မေးလေ့ပြောလေ့ ရှိပါသတဲ့။ ထောင်ရဲ့ ဆရာ၀န်ဒေါက်တာ စိုးကြည်ကလည်း ဒီလိုရိုက်နှက်နေတာကို စိမ်ပြေနပြေ ကြည့်တတ်ပါတယ်တဲ့။ အကျဉ်းသားက လဲကျသတိလစ်သွားပြီဆိုရင် အနီးကပ်ကြည့်ကာ နားကျပ်ထောက် စမ်းသပ်ရင်း မသေနိုင်သေးဘူး။ OK ဆက်ရိုက်လို့ရသေးတယ်။ ဘာမှမဖြစ်ဘူး Carry On လို့ ပြောတတ်သတဲ့။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို တဘုန်းဘုန်း ရိုက်နှက်တဲ့အခါမှာ မချိမဆံ့ အော်သံတွေ၊ ညည်းညူသံတွေနဲ့ ဆူညံနေတတ်ပါတယ်။ အဲဒီ အသံတွေကို တခြားအကျဉ်းသားတွေ မကြားရအောင် အပြင်မှာ လော်စပီကာနဲ့ စာဥသီချင်းကို အကျယ်ကြီး ဖွင့်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ နှိပ်စက်တာကို တော်တော်များများ ခံစားခဲ့ရပါတယ်။

တချို့တွေမှာ စိတ်တွေ ကယောင်ချောက်ချားဖြစ်ပြီး စိတ်ေ၀ဒနာရှင်ဖြစ်တဲ့အထိ ခံစားကြရတယ်ဆိုပါတယ်။

စိတ်မကောင်းစရာအဖြစ်တွေဟာ ကြာခဲ့ပြီဆိုပေမယ့် ခံရသူတွေမှာတော့ မနေ့ကလို ခံစားနေကြရတုန်းပါပဲ။ ထောင်ရှစ်နှစ်ကျပြီး လွတ်လာတော့လည်း ကိုယ့်ဘ၀အတွက် ၀မ်းစာရှာရလေတော့ ပင်ပန်းမှုတွေနဲ့ အိုစာခဲ့ရပြီပေါ့။ ထောင်က အပြင်ရောက်တော့လည်း အပြင်လောကနဲ့ ကြာရှည်အဆက်ပြတ်ထားသူမို့ အံ၀င်ခွင်ကျဖြစ်ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တွေ ကုန်ခဲ့ရပြီလေ။ ထောင်က နှိပ်စက်တာအပြင် လောကဓံကလည်း နှိပ်စက်လေတော့ ဇရာ ပိုထောင်းခဲ့ပြီ။

သူပြောတာတွေ ပြန်တွေးရင်းနဲ့ ကျွန်မ စိတ်ထဲမှာ ဇာတ်ကားလေးတစ်ကား သတိရမိပါတယ်။ ဒါရိုက်တာ Steven Spielberg ရိုက်ကူးတဲ့ Schindler's List ကားလေးပါ။ ဒုတိယကမ်ဘာစစ်ဖြစ်နေဆဲ ဟစ်တလာကြီးစိုးတဲ့ ဂျာမနီနိုင်ငံမှာ အော်စကာရှင်းဒလားဟာ ဂျာမန်ဂျူးသူဌေးတစ်ယောက် ဖြစ်ပါတယ်။ ဟစ်တလာ အာဏာရတဲ့ ၁၉၃၉ ခုနှစ်ကစပြီး ပိုလန်နိုင်ငံနဲ့ ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးအားလုံးကို အိမ်တွေက နှင်ထုတ်ပြီးတော့ ကရာကောမြို့ပြင်ကို ပို့ခဲ့ပါတယ်။ မြို့ပြင်မှာ ဂျူးရပ်ကွက်အဖြစ် ဆောက်လုပ်ပေးပြီး နယ်သတ်မှတ်ပေးထားခဲ့ပါတယ်။ ရှင်းဒလားက နာဇီဗိုလ်ချုပ်တွေနဲ့ ရင်းနှီးကျွမ်း၀င်ပြီး ငွေကုန်ကြေးကျခံ ကျွေးမွေးတတ်သူမို့ မသိသူ မရှိသလောက်ပါပဲ။

ဂျူးတွေကို သီးသန့်နေရာချထားပြီး စား၀တ်နေရေးအတွက် အလုပ်လုပ်ကြဖို့ ရှင်းဒလားက အသေးစားစက်ရုံလေးတွေ ထူထောင်ပါတယ်။ ဂျူးအိမ်ရာက အတတ်ပညာရှင်တွေကို စက်ရုံမှာ ခန့်ထားပြီး လုပ်ငန်းလည်ပတ်တဲ့ ရှင်းဒလားဟာ အမြတ်အစွန်း များစွာရခဲ့ပါတယ်။ ၁၉၄၃ မှာတော့ ဂျူးအိမ်ရာက လူတွေအားလုံးကို ပလာစောကို ပြောင်းရွှေ့ပြီး ထောင်ချထားခဲ့ပါတယ်။ လုပ်ငန်းရပ်ဆိုင်းသွားတဲ့ ရှင်းဒလားဟာ ပလာစောစခန်းက ဗိုလ်မှူး အေမွန်ဂါ့သ်နဲ့တွေ့ပြီး သူ့ရဲ့ အလုပ်သမားတွေကို ပြန်ခေါ်ပါတယ်။ ဗိုလ်မှူးအေမွန်က ဂျူးတွေကို မုန်းပြီး လူသတ်ရတာ ကြိုက်ပါတယ်။ ရက်စက်တဲ့ စိတ်ထားရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မနက် အိပ်ရာထရင် လေသာဆောင်ကနေ မတ်တတ်ရပ်ပြီး ပတ်၀န်းကျင်ကို အပေါ်စီးက ကြည့်ပါတယ်။ ပျားပန်းခပ်သွားလာနေတဲ့ ဂျူးတွေကို သေနတ်နဲ့ချိန်ရင်း စိတ်ကြိုက်ပစ်ခတ်လေ့ ရှိပါတယ်။ ဂျူးတစ်ယောက် ထွက်ပြေးဖို့ကြံရင် အဆောင်မှာအတူနေ ဂျူး ၂၅ ယောက်လောက်ကို ဒေါသထွက်ပြီး ပစ်သတ်ပါတယ်။ အဆောက်အအုံဆောက်တဲ့ အင်ဂျင်နီယာ ဂျူးအမျိုးသမီးက ပညာရပ်ဆိုင်ရာ အချက်တွေ လွဲနေတာ ထောက်ပြလို့ မကျေမနပ်နဲ့ သတ်ခိုင်းပါတယ်။ ရှင်းဒလားရဲ့ စက်ရုံကိုလည်း ၀င်စစ်ရင်း မကျေနပ်တဲ့ ဂျူးကို အပြင်ကို ဆွဲခေါ်သတ်တတ်ပါတယ်။ ဒီစခန်းမှာ သူ့အလိုကျ မဖြစ်သမျှ သူ့သေနတ်နဲ့ တွေ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ ရှင်းဒလားနဲ့အတူ စားသောက် စကားပြောရင်းကနေ တဖြည်းဖြည်း လူကြီးလူကောင်းဆန်လာပါတယ်။ ဒါပေမဲ့ ပလာစောအကျဉ်းစခန်းမှာ ဂျူး ၁၀,၀၀၀ လောက် သေခဲ့ရပါတယ်။

၁၉၄၄ မှာ ပလာစောက ဂျူးတွေကို အော့ဇ်၀စ်ချ်ကို ပို့ပါတယ်။ အော့ဇ်၀စ်ချ်မှာ ဂျူးတွေကို ဓာတ်ငွေ့လွှတ်ပြီးသတ်ဖို့ အကျဉ်းခန်းတွေ ဆောက်ထားပါတယ်။ စစ်ကလည်း ဂျာမန်တွေ ရှုံးနေပြီဆိုတော့ ဂျူးတွေကို လက်စဖျောက်ဖို့ ရွှေ့ပြောင်းကြတာပါပဲ။ ရှင်းဒလားဟာ သူ့ရဲ့အလုပ်သမားတွေကို အော့ဇ်၀စ်ချ်ကို မပါအောင် စာရင်းကိုင် အကူအညီနဲ့ ကြိုးစားရပါတယ်။ တစ်ဦးစ နှစ်ဦးစအတွက် နာရီ၊ မီးခြစ် အကောင်းစားတွေ ကြုံသလိုပေးပြီး စာရင်းဖျက်ခိုင်းခဲ့ပါတယ်။ အလုပ်သမားတွေအတွက် အလုပ်ပေးဖို့ ချက်ကိုစလိုဗက်ကီးယားမှာ စက်ရုံအတည်ပြရပါတယ်။ အဲဒီအတွက် ဗိုလ်မှူး အေမွန်ကို ငွေများစွာ ပေးရသလို အထက်က လူကြီးကိုလည်း စိန်တွေပေးခဲ့ရပါတယ်။ ရှင်းဒလားဟာ စုစုပေါင်း လူ ၁၃၀၀ ကျော်ကို ဓာတ်ငွေ့ခန်းက ဆွဲထုတ်နိုင်ခဲ့ပါတယ်။ စစ်ပြီးချိန်မှာတော့ ဂျူးခြောက်သန်းလောက် သေခဲ့ရတယ်လို့ စာရင်းထုတ်ပြန်ပါတယ်။

ရက်စက်သူ နာဇီဗိုလ်မှူး အေမွန်ကတော့ ဖမ်းဆီးခံရပြီးတော့ ကြိုးပေးသတ်ခံရပါတယ်။ စစ်ရှုံးတဲ့အချိန်မှာ အေမွန်ကို မုန်းတီးနေကြသူတွေက ဖမ်းဆီးထားခဲ့တာပါပဲ။ တစ်ချိန်က ပလာစောစခန်းမှာ သေဆိုသေ ရှင်ဆိုရှင် သူသာလျှင် အာဏာရှင် အဖြစ် ထင်တိုင်းကြဲခဲ့တဲ့ ဗိုလ်မှူးအေမွန်ဟာ နောက်ဆုံးတော့ ကျဆုံးခဲ့ပါတယ်။ ရှင်းဒလားရဲ့ ဂျူးတွေဟာလည်း လွတ်မြောက်ပြီးတော့ အစ္စရေးနိုင်ငံ ထူထောင်ကြပါတယ်။ ရှင်းဒလား သေတဲ့နောက်ပိုင်းမှာ နှစ်တိုင်း မျိုးဆက်သစ် ဂျူးတွေဟာ အုတ်ဂူကိုလာပြီး ဂါရ၀ပြုကြလေ့ ရှိပါတယ်။ ရှင်းဒလားကိုယ်တိုင် စိုက်ပေးခဲ့တဲ့ သစ်ပင်လေးဟာလည်း အခုထိ ရှင်သန်နေတုန်းပါပဲ။ ထူးခြားချက်က ဒီဇာတ်ကားကို တစ်ကားလုံး အဖြူအမည်းအဖြစ် ရိုက်ကူးထားတာပါပဲ။ ဘာသာပြန်ဆောင်းပါး တစ်ပုဒ်မှာတော့ ဒါရိုက်တာက ဂျူးလူမျိုး ခြောက်သန်းသေဆုံးရမှုကို ၀မ်းနည်ကြေကွဲတဲ့အနေနဲ့ အဖြူအမည်း ရိုက်ကူးခဲ့တယ်လို့ ဖတ်ဖူးပါတယ်။

လောကကြီးမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ စာသားလေးအတိုင်း ကိုယ်ပြုသမျှ ကိုယ်ပြန်ရကြတာပဲ မဟုတ်ပါလား။
Writer: 
ဒေါက်တာမိုးမိုးသီ


No comments