Header Ads

ဧည့်ဝတ်မကျေတဲ့အိမ်ရှင်



ယာဉ်မတော်တဆဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သည့် မြန်မာ squash ကစားသမားအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ− မြန်မာ Squash အားကစားအဖွဲ့)

ဂိမ်းပြိုင်ပွဲဝင် မြန်မာ Squash ကစားသမားများလိုက်ပါလာသည့်ယာဉ်သည် ဩဂုတ် ၂၁ ရက် နံနက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လမ်းပေါ်တွင် မတော်တဆဖြစ်ခဲ့ပြီးနောက် ဝေဖန်မှု ဆက်တိုက်ရင်ဆိုင်နေရသည့် အိမ်ရှင်မလေးရှားနိုင်ငံအတွက် ပိုမိုဖိအားများလာသည်။

 ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒူးတွင်ဒဏ်ရာပြင်းထန်ခဲ့သည့် မြန်မာ Squash ကစားသမားနှစ်ဦးအနက် အိအိပြုံးသည် ဆက်လက်ပြိုင်ပွဲဝင်နိုင်တော့မည် မဟုတ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က ပြောသည်။

ဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကို မလေးရှားနိုင်ငံက ခြောက်ကြိမ် မြောက် လက်ခံကျင်းပခြင်းဖြစ်သော်လည်း ယခုနှစ် ၂၀၁၇ ဆီး ဂိမ်းပြိုင်ပွဲ၌မူ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏စီမံခန့်ခွဲမှုအားနည်း ချက်များကြောင့် အခက်အခဲများ နှင့်ရင်ဆိုင်နေရသည်မှာ ပြိုင်ပွဲဝင် မြန်မာ တစ်နိုင်ငံတည်းတော့ မဟုတ်ပေ။

 ဗီယက်နမ်ယူ - ၂၂ အမျိုးသား ဘောလုံးအသင်းလေ့ကျင့်ခန်းဆင်းမည့် လေ့ကျင့်ရေးကွင်းသည် ဗွက်ထနေသဖြင့် ကွင်း ပြောင်းလဲပေးရန် ဗီယက်နမ်အသင်းက တောင်းဆိုခဲ့သော်လည်း အိမ်ရှင်က မစီစဉ်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူထိုင်းအမျိုးသမီး ဖူဆယ်အသင်းလေ့ကျင့်ရေးကွင်းသို့ သွားရောက်မည့်အချိန်တွင် ကားစီစဉ် ပေးထားခြင်းမရှိခြင်း ကြောင့် တက္ကစီငှားကာ လေ့ကျင့် ရေးကွင်းသို့ သွားရောက်ခဲ့ရသည်။

ထို့အပြင် မြန်မာအမျိုးသမီးက အိမ်ရှင်မလေးရှားအသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် မြန်မာအသင်းကို ပို့ဆောင်မည့် ယာဉ်မောင်းမရှိသောကြောင့် တစ်နာရီခန့်နောက်ကျပြီးမှ ဟိုတယ်ပြန်ရောက်ခဲ့သည်။

အဆိုပါမလေးရှားနိုင်ငံသားယာဉ်မောင်းသည် မလေးရှားက စားသမားတစ်ဦးပိုင်ဆိုင်သော လက်ပတ်နာရီကို ခိုးယူခဲ့သည်ဆိုပြီး လိုင်စင်မရှိဘဲ ကားမောင်းခြင်းကြောင့် မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဆီးဂိမ်းလမ်းညွှန် ထုတ်ဝေရာတွင် အင်ဒိုနီးရှားနိုင်ငံအလံကို ထည့်သွင်းထားခြင်းမရှိ ခြင်းကြောင့် အင်ဒိုနီးရှားအိုလံပစ် ကော်မတီက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး လမ်းညွှန်စာအုပ်ကို အသစ်ထုတ်ဝေခဲ့ရသည်။ ပြိုင် ပွဲကျင်းပသည့်ကွင်းများ၌ နိုင်ငံတော်အလံများ ချိတ်ဆွဲရာတွင် အင်ဒိုနီးရှားအသင်းအလံကို လွဲမှားစွာ ပြောင်းပြန်ချိတ်ဆွဲခဲ့သည်။

မြန်မာရေးကူးအဖွဲ့ မလေးရှားနိုင်ငံသို့ ရောက်ရှိချိန်တွင် လေဆိပ်၌ ကားလာကြိုမှုမရှိခြင်းကြောင့် အချိန်နှစ်နာရီခန့်စောင့်ဆိုင်းခဲ့ရပြီး ဟိုတယ်သို့နောက်ကျမှ ရောက်ရှိခဲ့သည်။

ထို့အပြင် ဆီးဂိမ်းပြိုင်ပွဲတွင် ၀င်ရောက်သတင်းယူရန် မီဒီယာကတ်နှင့်အသင်းတာဝန်ရှိသူများ၏ လည်ဆွဲကတ်များကို အချိန်မီထုတ်ပေးထားခြင်းမရှိသဖြင့် အသင်းတာဝန်ရှိသူများဝင်ရောက် ကြည့်ရှုရန် အခက်အခဲဖြစ်ခဲ့သည်။

‘‘အဆင်မပြေတာတော့ တော် တော်လေးများတယ်။ မလေးရှား အိုလံပစ်ကောင်စီက ပြိုင်ပွဲကို စီစဉ်တာတော်တော်လေးညံ့ဖျင်းတယ်။ လိုအပ်ချက်တွေရှိတာတွေ အများကြီးပဲ’’ ဟု မြန်မာနိုင်ငံဓားခုတ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးကျော်မိုး နိုင်က ပြောသည်။

ဩဂုတ် ၂၀ ရက်က မြန်မာအမျိုးသားဖူဆယ်အသင်း လေ့ကျင့်ရေးကွင်းသို့ သွားရာတွင် ယာဉ်မောင်းက လမ်းမသိခြင်းကြောင့် မြန်မာအသင်းအချိန် နောက်ကျခဲ့ရသည်။ အိမ်ရှင်မလေးရှားအနေဖြင့် သွားလာရ မလွယ်သည့်နေရာများ၌ အားကစားပွဲများကျင်းပမည်ဆိုပါက လမ်းညွှန်ဆိုင်းဘုတ်၊ စေတနာ့ဝန်ထမ်းများထားရှိသင့်သော်လည်း သေချာစွာ စီစဉ်ထားခြင်းမရှိဟု မလေးရှားနိုင်ငံသို့ သွားရောက်သတင်းယူသည့် မြန်မာသတင်းသမားတစ်ဦးက ဆိုသည်။

 အားကစားပွဲများကို ရုပ်သံထုတ်လွှင့်မှုနှင့်ပတ်သက်၍ ဆီးဂိမ်းအိမ်ရှင်၏ စီမံမှုများက ဝေဖန်စရာဖြစ်ခဲ့သည်။ အမျိုးသား ဘောလုံးပြိုင်ပွဲကို ကွင်းအကြောင်း ပြချက်ဖြင့် မြန်မာယူ-၂၂ အသင်း လာအို၊ ဘရူနိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနှစ်ပွဲကို ရုပ်သံက တိုက်ရိုက်ပြသခြင်းမရှိခဲ့ပေ။ အမျိုးသမီးဘောလုံးပွဲစဉ်များကို ရုပ်သံမှတိုက်ရိုက်မပြသဖြင့် ထိုင်းအမျိုးသမီးအသင်းနည်းပြက ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဝေဖန်ခဲ့သည်။

မြန်မာယူ-၂၂ အသင်း၏ လာအို၊ ဘရူနိုင်းအသင်းတို့ပွဲစဉ် များကိုလည်း ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းမရှိသဖြင့် မြန်မာ နိုင်ငံမှ ဘောလုံးပရိသတ်များအ နေဖြင့် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့်သာ အားပေးခဲ့ရသည်။

ဩဂုတ် ၂၁ ရက်ကကျင်းပခဲ့သည့် သုံးယောက်တွဲအမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အင်ဒိုနီးရှားအသင်းနှင့် အိမ်ရှင်မလေးရှား အသင်းပွဲတွင် ဒိုင်လူကြီးက အိမ်ရှင်အသင်းဘက်သို့ ဘက်လိုက်သည်ဟုဆိုကာ အင်ဒိုအသင်းက ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်များအကြား ဆီးဂိမ်းအိမ်ရှင်ကို ဝေဖန်စရာထပ်တိုးလာခဲ့သည်။

မလေးရှားဆီးဂိမ်းကျင်းပ ရေးကော်မတီအနေဖြင့် ပြိုင်ပွဲဝင် နိုင်ငံများအဆင်မပြေမှုများနှင့်ကြုံ တွေ့ခဲ့ရခြင်းအတွက် ပြိုင်ပွဲဝင် နိုင်ငံများကို တောင်းပန်ခဲ့ပြီး အဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ကတိပေးထားသည်ဟု ဦးမျိုးလှိုင်က ဆိုသည်။

‘‘မလေးရှားဆီးဂိမ်းက တော်တော့်ကို အဆင်မပြေဘူး။ ဘာတွေအဆင်မပြေလဲဆိုရင် အကုန်မပြေဘူး။ ဒါကြောင့် ပြိုင်ပွဲကျင်းပရေးက အဖွဲ့ဝင်နိုင်ငံတွေအားလုံးကိုတောင်းပန်ထားတယ်။ ရက်ရှည်ကျင်းပပြီး ကစားနည်းများတဲ့ အတွက် နောက်ပိုင်းမှာ အဆင်ပြေအောင် အားလုံးစီစဉ်ပေးမယ်လို့ ပြောထားတယ်’’ ဟု ဦးမျိုးလှိုင်က ပြောသည်။

(၂၉)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို ဩဂုတ် ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သဖြင့် ပြိုင်ပွဲပြီး ဆုံးသည်အထိ နောက်ထပ်ကြီးမားသည့် ပြဿနာအခက်အခဲများမဖြစ်ပွားရန် မြန်မာအပါအ၀င် ပြိုင်ပွဲဝင်နိုင်ငံတိုင်းက မျှော်လင့်နေကြသည်။

Ref - 7daydaily


1 comment:

  1. Bally's Resort Southern California - JTM Hub
    Located in Northern 제주도 출장안마 California, Bally's 영천 출장안마 Resort Southern California offers an 광명 출장샵 unparalleled travel experience in Southern California. From popular attractions like  전라북도 출장마사지 Rating: 5 · ‎10 서귀포 출장마사지 votes · ‎Price range: $143

    ReplyDelete