မာလာလာ
မြန်မာစာမမှန်သောဖုန်းများအတွက်ယူနီကုဒ်ဗားရှင်းကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။
[Zawgyi Version]
ယခုရက္ပိုင္း TIME တြင္ မာလာလာအင္တာဗ်ဴးပါလာသည္။
ၿငိမ္းခ်မ္းေရးႏုိဗယ္ဆုရွင္ မာလာလာသည္ အသက္ (၂၀) ျပည့္ခဲ့ၿပီ။ Hassan Shami Camp က သူမျဖစ္လာသည္။ Girl Power Trip ကျပန္လာၿပီ။ Rafugee အသီးသီးက ငယ္ရြယ္ ေသာ ကေလးမ်ား၏ စိတ္ဓာတ္၊ ေမွ်ာ္လင့္ခ်က္၊ ပညာအိပ္မက္တို႔ ကို ျမႇင့္တင္ရန္ သူမသည္ ခရီး အခ်ဳိ႕ ထြက္ခဲ့၏။
‘‘Refugee Camp က ကေလးေေတြမွာ အနာဂတ္ရွိ တယ္ဆိုတာ လူေတြက ေမ့ေန တတ္ၾကတယ္။ သူတို႔ရဲ႕ ပညာ ေရးကို ျမႇင့္တင္ေပးရမွာေပါ့။ အဲသလို မဟုတ္ခဲ့ရင္ မ်ဳိးဆက္ တစ္ခုဟာ ေပ်ာက္ဆံုးသြားမွာေပါ့’’
အီရတ္ႏိုင္ငံ Mosul ၿမိဳ႕ အျပင္ဘက္က Refugee Camp ကို သူမေရာက္သည္။
‘‘သူတုိ႔ေလးေတြအတြက္ ဘာမွ ရင္းႏွီးျမႇဳပ္ႏွံထားတာ မရွိ တာကိုေတြ႕ရတယ္။ အဲဒါက လည္း အစိုးရေတာ္ေတာ္မ်ားမ်ား နဲ႔ လူေတြဟာ ကာလတိုတစ္ခုမွာ ပဲ ကူညီတတ္တာမဟုတ္လား။ လွ်ပ္စစ္မီးမရွိ၊ သက္ေသာင့္သက္ သာ ျဖစ္စရာ ဘာဆိုဘာမွမရွိ။ ဒါေပမဲ့ ဒီမွာ သူတို႔ေလးေတြ ရွင္ သန္ေနၾကတယ္။ မိန္းမငယ္ေလး ေတြဟာ ပညာေရးအတြက္ အိပ္ မက္ေတြ မက္ေနဆဲပါ။ ပညာေရး အတြက္ သတၱိအျပည့္နဲ႔ ေမွ်ာ္လင့္ ေနၾကဆဲပါ။ ဒီကေလးမေလးေတြ ဟာ သူတို႔ရဲ႕ ဘဝတူ လူ႔အဖြဲ႕ အစည္းကို ေျပာင္းလဲပစ္လိုက္ခ်င္ တဲ့ ဆႏၵအျပည့္ရွိတယ္။ ဒီကေလး မေလးေတြဟာ သူတို႔ရဲ႕ ဘဝေတြ ကို အသစ္တစ္ဖန္ ျပန္လည္ တည္ေဆာက္ခ်င္တယ္’’
မာလာလာက ေျပာသည္။ TIME သို႔။
***
Malala Yousafzai ကို ၁၉၉၇ ဇူလိုင္ ၁၂ က ပါကစၥတန္ ေျမာက္ပိုင္းေဒသ၊ Swat Valley, Mingora ၿမိဳ႕ကေလးမွာ ေမြးဖြားခဲ့၏။ ဖခင္အမည္သည္ Ziauddin Yousafzai ျဖစ္၏။ ေက်ာင္းဆရာ တစ္ဦးျဖစ္သည္။ ဆင္းဆင္းရဲရဲ ဘဝက စတင္ခဲ့ၿပီးစာသင္ေက်ာင္းတည္ေထာင္သူ ျဖစ္လာ၏။ သူသည္ Anti-taliban Activist အျဖစ္ အထူး ထင္ရွားလာသည္။ သူတုိ႔မိသားစုသည္ ဆြန္နီမြတ္စလင္ဘာသာ ဝင္မ်ားျဖစ္ၾကသည္။ အာဖဂန္နစၥတန္ႏွင့္ ပါကစၥတန္အေနာက္ေျမာက္ အစြန္းတြင္ ေနထိုင္ၾကေသာ ပက္ရွ္ထန္ လူမ်ဳိးျဖစ္သည့္အတြက္ မာလာလာသည္ ဂုဏ္ယူ၏။ ပက္ရွ္ထန္သမိုင္းတြင္ ထင္ရွား ေသာ မ်ဳိးခ်စ္ေတာ္လွန္ေရး အမ်ဳိး သမီး မာလာေလကို အစြဲျပဳ၍ ဖခင္သည္ သမီးဦးကို မာလာလာ ဟု အမည္ေပးခဲ့၏။ မာလာလာ ၏ ေအာက္မွာ ေမာင္ေလးႏွစ္ ေယာက္ရွိသည္။
(၇)ႏွစ္သမီးအရြယ္တြင္ အတန္းထဲ၌ ထိပ္ဆံုးက မာလာ လာျဖစ္လာ၏။ မိုနီဘာ၊ မယ္လ္ ကာအီႏူး၊ အတန္းထဲတြင္ ပညာ ၿပိဳင္ဘက္မ်ားျဖစ္သည္။ မာလာ လာသည္ စာေမးပြဲတြင္ ပထမရမွ စိတ္ေက်နပ္၏။
မာလာလာငယ္စဥ္က အေမႏွင့္အတူ ေစ်းသို႔လိုက္တတ္ သည္။ တစ္ေန႔တြင္ လွည္းတစ္စီး ေပၚ၌ မက္မြန္သီးအပံုလိုက္ကို ေတြ႕၏။ မာလာလာသည္ စိတ္ မထိန္းႏိုင္ခဲ့။ စားခ်င္သည္။ ၿမိန္ေရ ရွက္ေရ။ သူမသည္ လက္ျဖင့္ ျမန္ ျမန္ ဆုပ္ယူလိုက္၏။
‘‘လႊတ္ခ်လိုက္သမီး။ အခု လႊတ္ခ်။ သူမ်ားပစၥည္းကို ဒီလို နည္းနဲ႔ မယူရဘူး။ ေတာင္းပန္ပါ တယ္ လွည္းပိုင္ရွင္ႀကီးရယ္’’
‘‘ခင္ဗ်ားတို႔ ဒီလိုလုပ္လို႔မရ ဘူး’’
‘‘ဆယ္႐ူပီးနဲ႔ ေရာင္းလိုက္ပါ ရွင္’’
‘‘မက္မြန္သီးက ေစ်းသိပ္ ႀကီးတယ္ဆိုတာ ခင္ဗ်ားတို႔ မသိ ဘူးလား’’
အေမ့ထံတြင္ ပိုက္ဆံမ်ား မ်ားမပါ။ အေဖ့ကို လွမ္း အေၾကာင္းၾကား၏။ အေဖလိုက္ လာသည္။ အေဖက လွည္းပိုင္ရွင္ ထံမွ မက္မြန္သီးမ်ား သိမ္းက်ဳံး ဝယ္လိုက္၏။
အေဖသည္ အိမ္ေရာက္ ေသာအခါ မက္မြန္သီးမ်ားကို ပန္းကန္ထဲထည့္၏။
‘‘သမီးစား။ ႀကိဳက္သ ေလာက္စား။ ည မအိပ္ခင္ဆိုရင္ မက္မြန္သီးကို ႏြားႏို႔နဲ႔ေရာစား။ ဉာဏ္ေကာင္းတယ္ သမီးရဲ႕။ ဉာဏ္ေကာင္းၿပီးသားသမီးေတာ့ ပိုၿပီး ဉာဏ္ေကာင္းဦးမွာ’’
အေဖ့ထံမွာ ပိုက္ဆံရွိသည္ မဟုတ္ပါ။ အေဖသည္ မည္သူ႔ဆီ က ပိုက္ဆံေခ်းၿပီး ဝယ္လိုက္သည္ မသိပါ။ သူမမွာ အျပစ္ရွိသည္ဟု လံုးဝ ခံစားလိုက္ရၿပီ။
‘‘သမီး ေနာက္ထပ္ ဒါမ်ဳိးမလုပ္ေတာ့ပါဘူး။ အေမနဲ႔အေဖရယ္’’
သူမသည္ ဘုရားသခင္ထံ မွာ ဝတ္ျပဳဆုေတာင္းတိုင္း ေနာင္ တြင္ ဤသို႔ မလုပ္ေတာ့ပါဟု ေတာင္းပန္၏။ ထိုျဖစ္ရပ္မတိုင္မီ ကလည္း သူမထံမွ ကစားစရာ လက္ကိုင္ဖုန္းေလး ခိုးသြားေသာ အိမ္နီးခ်င္း သူငယ္ခ်င္းမေလးထံ မွ ဆံညႇပ္ကေလးမ်ားကို ျပန္ခုိးခဲ့ ဖူး၏။ အေမႏွင့္အတူ သူငယ္ခ်င္း မ၏ မိဘထံ ေတာင္းပန္ခဲ့ရဖူး၏။ မာလာလာသည္ ငယ္စဥ္က ဤ သို႔ေသာ အျပစ္အနာအဆာေလး မ်ား ရွိခဲ့ဖူးေၾကာင္း I Am Malala စာအုပ္တြင္ သူမက ဝန္ခံခဲ့၏။
‘‘သမီးရယ္ မဟတၱမဂႏၵီက ေျပာဖူးတယ္။ လြတ္လပ္မႈဆိုရာ မွာ အမွားလုပ္ဖို႔ လြတ္လပ္ခြင့္မွ မပါရင္ ဘာတန္ဖိုးရွိမွာလဲတဲ့။ ငယ္ရြယ္စဥ္ကေလးဘဝဆိုတာ ဒီလိုပဲ ျဖစ္တတ္တာပဲ။ အေဖတို႔ လည္း ဒီလိုပါပဲ’’
အေဖက အၿမဲႏွစ္သိမ့္အား ေပး၏။ အေဖသည္ ေအဗရာဟင္ လင္ကြန္း၏ စာသားကို ေဘာင္ သြင္းကာ အိမ္မွာ ခ်ိတ္ဆြဲထား ၏။ လင္ကြန္းက သား၏ဆရာထံ ေရးေသာစာျဖစ္သည္။
‘‘သူ႔ကို စာအုပ္မ်ားရဲ႕ ခမ္း နားပံုကို သင္ၾကားျပသေပးပါ။ အဲဒါအျပင္ ေကာင္းကင္က ငွက္ ကေလးေတြနဲ႔ ေတာေတာင္အစိမ္း ထဲက ပန္းပြင့္မ်ားရဲ႕ လွ်ဳိ႕ဝွက္ဆန္း ၾကယ္ပံုကို ဆင္ျခင္သံုးသပ္ႏုိင္ဖုိ႔ တိတ္ဆိတ္ၿငိမ္သက္တဲ့ အခ်ိန္ တစ္ခ်ိန္ကိုလည္း သူ႔ကို ေပးလိုက္ ေစလိုပါတယ္’’
မာလာလာက ထုိစာသားကုိ အလြန္ႀကိဳက္သည္။
‘‘ကိုယ္တိုင္ က်ဆံုးရျခင္း ဟာ အျခားသူကို လိမ္လည္လွည့္ ျဖားျခင္းထက္ အမ်ားႀကီးသာလြန္ ျမင့္ျမတ္ေၾကာင္းကိုလည္း သူ႔ကို သင္ေပးပါ’’
ပို၍ႀကိဳက္မိျပန္သည္။
မာလာလာအတြက္ အေဖ သည္ စံျပပုဂၢိဳလ္ျဖစ္သည္။ အေဖ က စာဖတ္ျခင္းကို အားေပးသည္။ ပညာသင္ၾကားျခင္းကို အထူး ေဆာ္ၾသသည္။ မာလာလာသည္ ငယ္ရြယ္စဥ္မွာပင္ ဝတၳဳမ်ားကို ဖတ္ႏိုင္လာ၏။ အတၳဳပၸတၱိစာေပ ကိုလည္း ဖတ္သည္။
‘‘ခိုးတာ လံုးဝမေကာင္းဘူး။ ဘုရားသခင္ကလည္း မလိုလား ဘူး။ ကြၽန္မ မခိုးေတာ့ဘူး။ ကေလးတုန္းက ကေလးစိတ္နဲ႔ ခိုးမိတာကိုပဲ ဘုရားသခင္ကို ေန႔ တိုင္းေတာင္းပန္လို႔ မဆံုးေတာ့ပါ ဘူး။ ဒါေပမဲ့ ကြၽန္မကေလးဘဝ မွာပဲ ကြၽန္မတို႔တိုင္းျပည္က ႏိုင္ငံ ေရးသမားေတြဟာ ေျပာေတာ့ မုိး တစ္လံုးေလတစ္လံုး။ ဘာမွဟုတ္ တိပတ္တိ လုပ္မျပႏုိင္ခဲ့ၾကဘူး။ ခိုးတာေတာ့ အရမ္းခိုးၾကတယ္။ သူတို႔ ခ်မ္းသာသြားၾကတယ္’’
မာလာလာက ေျပာသည္။
***
တာလီဘန္မ်ားက ေက်ာင္း မ်ားကို မဖ်က္ဆီးမီအထိ၊ တာလီ ဘန္၏ေသနတ္သမားက သူမ၏ ဦးေခါင္းကို ေသနတ္ျဖင့္အသံ တိတ္မပစ္မီအထိ သူမသည္ စာသင္ခြင့္ရေနသည္။ သို႔ေသာ္ အမိႈက္ပံုတြင္ ေနထိုင္ေသာ ကေလးမ်ားလည္း ရွိေန၏။ မာ လာလာ၏ရင္မွာ ထုိကေလးမ်ား အတြက္ ထိခိုက္မိ၏။ အေဖ့ကို စည္း႐ံုးခိုင္း၏။ အေဖ့ေက်ာင္းမွာ အခမဲ့ပညာသင္ၾကားရန္။ သို႔ ေသာ္ မျဖစ္ခဲ့ပါ။ ထုိ႔ေၾကာင့္ မာ လာလာက ဘုရားသခင္ထံသို႔ စာေရးသည္။
ခ်စ္လွစြာေသာ ဘုရားသခင္
အရွင္သည္ ဖန္ဆင္းရွင္ျဖစ္ ပါသည္။ အရာရာကို သိျမင္နား လည္ေတာ္မူသည္ဟု အကြၽန္မ ယံုၾကည္ပါသည္။ သို႔ေသာ္ ဤ ကမၻာေျမေပၚတြင္ အရာကိစၥမ်ား လြန္းလွပါ၏။ အရွင္ကိုယ္ေတာ္ တုိင္ မျမင္မိေသာ အရာမ်ားလည္း ရွိပါသည္။ အထူးသျဖင့္ အာဖဂန္ နစၥတန္တြင္ ဗံုးႀကဲခ်ျခင္းမ်ဳိး။
ထုိ႔ေနာက္ အကြၽန္မတို႔၏ လမ္းေဘးအမႈိက္ပံုတြင္ ေနထိိုင္ က်က္စားေသာ ကေလးမ်ား၊ အရွင္ကိုယ္ေတာ္တိုင္ ထုိကေလး မ်ားကို ျမင္ေတြ႕မိပါက အရွင္ လည္း စိတ္ခ်မ္းေျမ႕မႈ ရေတာ္မူ မည္ဟု အကြၽန္မ မထင္မိပါ။ အကြၽန္မသည္ ဤကမၻာႀကီးအား ပိုမိုေကာင္းမြန္သာယာေအာင္ ျပဳ လုပ္ေပးလိုပါသည္။ သို႔ျဖစ္ပါ၍ ဤသို႔ျပဳလုပ္ႏိုင္စြမ္းရွိေအာင္ အကြၽန္မအား သတၱိႏွင့္ခြန္အား ေပးသနားေတာ္မူပါ အရွင္ဘုရား။
မာလာလာ
စာေတာ့ေရးၿပီးၿပီ။ ဘုရား သခင္ထံသို႔ေရာက္ေအာင္ မည္ သို႔ေပးပုိ႔ရမည္နည္း။ ဘုရားသခင္ သည္ ေကာင္းကင္ႏွင့္ဆက္သြယ္ မႈရွိသည္။ ေျမႀကီးႏွင့္လည္း ဆက္သြယ္မႈရွိသည္။ မာလာလာ သည္ ေကာင္းကင္သို႔ မပ်ံသန္း ႏိုင္။ ထို႔ေၾကာင့္ စာကိုပလတ္ စတစ္ႏွင့္အလံုပိတ္ကာ အိမ္ေရွ႕ ပန္းၿခံထဲတြင္ က်င္းတူးၿပီး ျမႇဳပ္ ထားလိုက္၏။
သို႔ေသာ္ ဘုရားသခင္ထံမွ ျပန္ၾကားခ်က္ကို သူမ မရခဲ့ပါ။ အိပ္မက္မွ်ပင္ ျမင္မက္ခြင့္မရပါ။ ေနာက္ရက္တြင္ သူမသည္ စာကို ေျမႀကီးထဲမွ ျပန္လည္တူးေဖာ္၏။ ဘုရားသခင္သို႔ဟု လိပ္မူ၏။ စာ ပါေသာ ပလတ္စတစ္အိတ္ကို သစ္သားေခ်ာင္းငယ္တြင္ ပူးခ်ည္ ၏။ သစ္သားေခ်ာင္း၏ထိပ္တြင္ အဝါေရာင္ ေတာပန္းကေလးတစ္ ပြင့္ကို ႀကိဳးျဖင့္ခ်ည္လိုက္ေသး ၏။ ဆြစ္ဖ္ျမစ္ထဲသို႔ စီးဝင္မည့္ ေခ်ာင္းထဲသို႔ ထုိသစ္သားေခ်ာင္း ကေလးကို အေသအခ်ာေမွ်ာ လိုက္ပါသည္။ ဤအခါျဖင့္ သူမ ၏စာသည္ ဘုရားသခင္ထံသို႔ က်ိန္းေသေရာက္ၿပီဟု မာလာ လာက ယံုၾကည္၏။
မာလာလာသည္ ငယ္စဥ္က ဤကဲ့သို႔ ဘုရားသခင္ႏွင့္ဆက္ သြယ္ျခင္းလုပ္ငန္းမ်ဳိးကိုလည္း လုပ္ခဲ့ဖူးပါ၏။
***
ဆြတ္ဖ္ေတာင္ၾကားေဒသ သို႔ ဖက္ဇ္လူလာ ေခါင္းေဆာင္ ေသာ တာလီဘန္ေတြေရာက္လာ ၿပီးေနာက္ မထင္လွ်င္မထင္သလို ပစ္သတ္ေတာ့သည္။ မိန္းမမ်ား အိမ္တြင္းေအာင္းရမည္။ အႏု ပညာမလုပ္ရ။ အေနာက္တုိင္း ပညာရပ္ကို သင္ၾကားေသာ ေက်ာင္းမ်ား မရွိရ။ မာလာလာ သည္ ေခါင္းၿမီးၿခံဳျခင္းကို မလုပ္ လိုေသာ္လည္း ဘုရားသခင္ကို ယံုၾကည္သူျဖစ္၏။ သူမသည္ ဘနာဇီယာဘူတုိ ျပန္လာမွာလား ဟု ေမွ်ာ္လင့္ေနသည္။ မာလာ လာ (၂)ႏွစ္အရြယ္က ဘနာဇီယာ ဘူတိုသည္ ျပည္ႏွင္ဒဏ္အေပးခံ ရ၏။ ဘနာဇီယာဘူတိုေၾကာင့္ သူမတို႔သည္ ႏုိင္ငံေရးကို စိတ္ဝင္ စားလာၾက၏။ အမ်ဳိးသမီးတို႔၏ အခြင့္အေရးအေၾကာင္း ေျပာရဲ ဆိုရဲ ရွိလာၾက၏။
စစ္တပ္ႏွင့္ တာလီဘန္တို႔ သည္ တုိက္ပြဲမ်ားျဖစ္ၾကသည္။ သို႔ေသာ္ စစ္တပ္က တာလီဘန္ ကို အၿပီးတိုင္မေခ်မႈန္းႏုိင္ခဲ့တာ ကို သူမက အံ့ၾသေန၏။
‘‘ကြၽန္မတို႔ ပက္ရွ္ထန္လူမ်ဳိး ေတြဟာ ဘာသာေရးကိုင္း႐ိႈင္းၾက တယ္။ တာလီဘန္ေတြေၾကာင့္ ကြၽန္မတို႔ကိုပါ အၾကမ္းဖက္ သမားလို႔ ကမၻာႀကီးက ထင္ေန ၾကတယ္။ သစ္ေတာအစိမ္းေတြ၊ ေတာင္တန္းအျပာေတြ၊ ေရာင္စံု ပန္းပြင့္ေတြ အားလံုးဟာ ကြၽန္မ တို႔ ေတာင္ၾကားေဒသရဲ႕ ၿငိမ္းခ်မ္း ေရး သေကၤတေတြပါ။ ကြၽန္မတို႔ ၿငိမ္းခ်မ္းခ်င္တယ္’’
မာလာလာသည္ (၁၄)ႏွစ္ သမီးမွာ ႐ုပ္သံအင္တာဗ်ဴးမ်ားကို ရဲရဲေျဖေနၿပီ။ ဖခင္က အားေပး၏။
၂၀၀၉ ဇန္နဝါရီလတြင္ ေစ်းအနီး အႏုပညာရပ္ကြက္က အကအႏုပညာရွင္ ရွာဘာနာကို တာလီဘန္မ်ားက ညအခ်ိန္ တံခါးေခါက္ဖြင့္ခိုင္းၿပီး ေသနတ္ ျဖင့္ ပစ္သတ္လိုက္၏။ ဒဏ္ရာ ဗရပြႏွင့္ ေသြးသံစိုရႊဲေနေသာ ရွာ ဘာနာကို တာလီဘန္မ်ားက မရ ကာပန္းၿခံသို႔ တရြတ္တိုက္ဆြဲေခၚ သြား၏။ တာလီဘန္တို႔သည္ လူ သတ္ၿပီးလွ်င္ ထုိပန္းၿခံသို႔ေဆာင္ ယူကာ ခ်ိတ္ဆြဲျပသေလ့ရွိသည္။
‘‘အက်င့္စာရိတၱပ်က္ျပားသူ တုိ႔သြားရာလမ္းကို သြားရတာပဲ။ သီဆို ကခုန္တဲ့မိန္းမေတြအားလံုး ကိုသတ္ပစ္မယ္။ သူ႔လိုကသူမွန္ သမွ် သူ႔လိုေသရမယ္’’
မနက္မုိးလင္းေတာ့ တာလီ ဘန္ေခါင္းေဆာင္ ဖက္ဇ္လူလာ က မူလာအက္ဖ္အမ္က အသံ လႊင့္၏။
၂၀၀၉ ဇန္နဝါရီ ၃ တြင္ မာလာလာသည္ အမည္ဝွက္ ဂူးလ္မာကယ္ႏွင့္ ဘီဘီစီတြင္ ဘေလာ့ဂါျဖစ္လာသည္။ သူမ၏ စကားလံုးမ်ားသည္ ဝက္ဘ္ဆိုက္ ေပၚသို႔ ေရာက္လာ၏။ သူမက ဆက္လက္ေရးသားသည္။ အျပာ ေရာင္ေက်ာင္းဝတ္စံုကို သူမခ်စ္ ေၾကာင္း၊ တာလီဘန္မ်ားေအာက္ တြင္ မိန္းမသားမ်ား ႐ုန္းကန္ရပံု အေၾကာင္း သူမသည္ ဆက္တိုက္ ေရး၏။ မာလာလာသည္ တစ္ ကမၻာလံုးကၾကားေအာင္ အသံကို ျမႇင့္တင္၏။ ဘနာဇီယာဘူတုိက ေတာ့ ၂၀၀၇ ေအာက္တိုဘာ ၁၈ တြင္ ကရာခ်ိသို႔ ေလယာဥ္ႏွင့္ ေရာက္လာခဲ့၏။ ထုိစဥ္က မာ လာလာတို႔အားလံုး ေပ်ာ္ရႊင္ခဲ့ရ သည္။ ေနာက္ေန႔တြင္ ဘနာဇီ ယာဘူတိုသည္ ေသနတ္ျဖင့္၊ အေသခံဗံုးျဖင့္ လုပ္ႀကံသတ္ျဖတ္ မႈကို ခံလိုက္ရေတာ့၏။ မာလာ လာတို႔အားလံုး ငိုေႂကြးၾကရ၏။
***
၂၀၁၂ ေအာက္တိုဘာ ၉ ေက်ာင္းဆင္းခ်ိန္တြင္ မာလာလာ တို႔သည္ ေပ်ာ္ရႊင္စြာေက်ာင္းထဲမွ ေျပးထြက္လာၾက၏။ စကား တေျပာေျပာႏွင့္ ေက်ာင္းကားေပၚ သို႔ တက္ၾက၏။ ထိုညေန ေက်ာင္းကားေပၚသို႔ ေသနတ္ သမားက အေရာက္လာႏိုင္ခဲ့၏။ ‘‘မာလာလာဆိုတာ ဘယ္သူလဲ’’ ဟူေသာ ေသနတ္သမား၏ ေမး ခြန္းကို မာလာလာ မေျဖလိုက္ရ ပါ။ သူငယ္ခ်င္းမ်ားက သူမကို ၾကည့္လိုက္ၾကခ်ိန္တြင္ မာလာ လာ၏ ဦးေခါင္း ဘယ္ဘက္ျခမ္း သို႔ က်ည္ဆန္က ဝင္သြားသည္။ က်ည္ဆန္သည္ လည္ပင္းအတိုင္း ဆင္းသြား၏။ အသံတိတ္ေသနတ္။ ဒိုင္း...ဒိုင္း...ဒိုင္း ဟုမထြက္။ ေဖာက္...ေဖာက္...ေဖာက္ဟု အသံထြက္၏။ က်ည္ဆန္သံုး ေတာင့္ ဆက္တိုက္လာ၏။ ေသနတ္သမားသည္ လက္တုန္ ေန၏။ မာလာလာ၏ေဘးက ေက်ာင္းသူႏွစ္ဦး၏ လက္ေမာင္း မ်ားကို ထိသြား၏။ မာလာလာ သည္ သူမ၏သူငယ္ခ်င္း၏ ေပါင္ ေပၚတြင္ နားရြက္ထဲမွ ထြက္က် လာေသာေသြးမ်ားျဖင့္ လဲက် သြားခဲ့ၿပီ။
***
မင္ဂိုလာသည္ ေတာဆန္ ေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕။ မာလာလာ ေသနတ္ပစ္ခံရေသာ သတင္း သည္ ခ်က္ခ်င္းျပန္႔သြား၏။ အေဖက ဆြစ္ဖ္သတင္းေထာက္ မ်ားအသင္းသို႔ ေရာက္ေန၏။ ပုဂၢလိက ေက်ာင္းမ်ား အစည္း အေဝးတြင္ အေဖက မိန္႔ခြန္းေျပာ ရမည္။
‘‘ခင္ဗ်ားရဲ႕ေက်ာင္းကား ေသနတ္ပစ္ခံရတယ္’’
အေဖသည္ ေသြးဆုတ္သြား ၏။ မိန္႔ခြန္းကိုေတာ့ ၿပီးေအာင္ အျမန္ေျပာသည္။ ျပန္လွန္ေမး ခြန္းမ်ားကို မေျဖဆိုေတာ့ပါ။ အေဖသည္ ေခြၽးသီးေခြၽးေပါက္ မ်ား က်ဆင္းလ်က္၊ တဆတ္ ဆတ္ တုန္ရီလ်က္။ မာလာလာရွိ ရာ ေဆး႐ံုသို႔ေျပး၏။ သူငယ္ခ်င္း ၏ကားကို ‘‘ျမန္ျမန္ေမာင္းေပး စမ္းပါကြာ’’ေျပာရ၏။
‘‘မာလာလာ...သမီးေလး... ဘုရားသခင္ ကယ္ေတာ္မူပါ။ မိတ္ေဆြမ်ားက ဆုေတာင္း ေမတၱာပို႔ေပးၾကပါဗ်ာ’’
စစ္တပ္က စီစဥ္ေပးသည္။ ညေန ၃ နာရီတြင္ နယ္ေျမတပ္ မွဴးေရာက္လာသည္။
‘‘ဆရာ ဘာမွမပူနဲ႔။ ကြၽန္ ေတာ္တို႔အားလံုး တာဝန္ယူတယ္။ ပက္ရွ္ဝါအမ်ဳိးသမီးေဆး႐ံုကို ပို႔ ေပးမယ္’’
တပ္မွဴးက ေျပာသည္။ မိသားစုအဖို႔ ပထမဆံုး ရဟတ္ ယာဥ္စီးဖူးျခင္း။ ရဟတ္ယာဥ္ စတက္သည္။ စစ္ခ်ီသီခ်င္းမ်ားကုိ အက်ယ္ႀကီး ဖြင့္လိုက္ၾက၏။ တိုင္းျပည္ႀကီးကို တပ္မေတာ္ႀကီး က အဘယ္မွ်ခ်စ္ေၾကာင္း သီခ်င္း စာသားမ်ား။ မာလာလာ ေခါင္း ထဲမွာ ေသနတ္က်ည္ဆန္က ျဖတ္သန္းခဲ့ၿပီ။ အသက္လုရမည္။ ရဟတ္ယာဥ္ေပၚမွ စစ္ခ်ီသီခ်င္း မ်ား။ အေဖကျဖင့္ မုန္းတီးခါးသီး ေန၏။
မာလာလာသည္ ရဟတ္ ယာဥ္ေပၚမွာ ေသြးမ်ားကို အန္ခ် လိုက္၏။ မာလာလာကိုခ်စ္ေသာ ေက်ာင္းဆရာမ မာရယမ္က မာ လာလာ၏ပါးစပ္မွ ေသြးမ်ားကို ေခါင္းစည္းအစျဖင့္ သုတ္ေပးေန ၏။ မာလာလာ လႈပ္လာသည္။
ပက္ရွ္ဝါသို႔ ရဟတ္ယာဥ္ ဆင္းသည္။ အမ်ဳိးသမီးေဆး႐ံုသို႔ မသြား။ အဂၤလိပ္ေခတ္က ေဆာက္ခဲ့ေသာ ေဆး႐ံုအႀကီးႀကီး သို႔ မာလာလာ့ကို ေခၚေဆာင္သြား ၾက၏။ အဲဒီမွာ ဆရာဝန္ႀကီး (ဗိုလ္မွဴးႀကီး)က အထူးဂ႐ုစိုက္ ကုသေပးသည္။ ခြဲစိတ္ခန္းဝင္ရ သည္။ ဦးေခါင္းခြံဖြင့္ရသည္။
Military Hospital in Pes- hawas မွ ဇိမ္ခံေလယာဥ္ႀကီးျဖင့္ အဂၤလန္ Elizabeth ဘုရင္မႀကီး ၏ Birmingham ေဆး႐ံုသို႔ ေျပာင္းေရႊ႕ရသည္။ ပထမ မိဘ မ်ား ပါမလာေသး။
ေသနတ္မွန္ၿပီး ရက္သတၱ တစ္ပတ္။ ေအာက္တိုဘာ ၁၆။ သူမႏိုးလာသည္။
‘‘ကြၽန္မ မေသေသးပါလား’’
ဆရာမတစ္ေယာက္က မာ လာလာကို ခဲတံႏွင့္ စာေရးစကၠဴ ကတ္ကေလး ေပးသည္။ ေဒါက္ တာဂ်ာဗစ္က ေအဘီစီဒီအကၡရာ ကတ္ျပားတစ္ခု ယူလာေပး၏။ စာလံုးေပါင္းတတ္ေသးသလား။
သူမ ႀကိဳးစားၾကည့္သည္။
‘‘အေဖ’’
‘‘တိုင္းျပည္’’
ဆရာမက ၿပံဳးျပ၏။
‘‘ဘာမင္ဂမ္ေဆး႐ံုကို မာ လာလာေရာက္ေနတယ္’’
ဘာမင္ဂမ္...။ ဘယ္နားမွာ ပါလိမ့္။
သူမသည္ ဇေဝဇဝါျဖစ္ေန ၏။ ဆရာမက ကမၻာ့ေျမပံုကိုယူ လာ၏။ ျပ၏။
‘‘အို...အဂၤလန္ပါလား’’
သူမ အံ့ၾသသြား၏။
‘‘ကြၽန္မနာမည္ မာလာလာ ဟုတ္ရဲ႕လားဟင္’’
‘‘သမီးနာမည္ မာလာလာ ဟုတ္တာေပါ့ကြယ္။ သမီးကို ကမၻာက သိသြားၿပီ’’
ဝမ္းဗိုက္က မာေက်ာေက်ာ အရာကို လက္ႏွင့္စမ္းမိ၏။
‘‘ဆရာမ ဒါကဘာလဲဟင္’’
‘‘အဲဒါ သမီးရဲ႕ဦးေခါင္းခြံ ေပါ့’’
က်ည္ဆန္သည္ ပခံုး အေရာက္မွာ ရပ္သြားခဲ့ျခင္းျဖစ္၍ ဘယ္ဘက္လက္က ေတာင့္တင္း ေနဆဲ။ ဦးေခါင္းခြံကို တိုက္ေတနီ ယံျဖင့္ အစားထုိးထားသလား။ သူမသည္ ဘုရားသခင္ကို တိုင္ တည္၏။ ဆုေတာင္း၏။ လမ္းစ ေလွ်ာက္ၾကည့္၏။
‘‘သမီး ေကာင္းသြားမွာပါ’’
ဆရာဝန္မ်ားက အားေပး ၾကသည္။
ကမၻာေပၚက ကေလးေပါင္း သန္းခ်ီ၍ သူမကို အားေပးၾက သည္။ ဆုေတာင္းေပးၾကသည္။ ပို႔စကတ္မ်ား၊ လက္ေဆာင္ပစၥည္း မ်ား၊ ပန္းပြင့္မ်ား ေရာက္လာၾက ၏။ ေခ်ာကလက္ဘူးမ်ား၊ တက္ဒီ ဝက္ဝံ႐ုပ္ေလးမ်ား။
မက္ေဒါနားက သူမ အေၾကာင္း သီခ်င္းသီဆိုသည္။ ဘီယြန္ေစးက ကတ္ကေလးပို႔ ေပးသည္။ အန္ဂ်လီနာဂ်ဳိလီက သဝဏ္လႊာတစ္ေစာင္ ေပးပို႔၏။ ေနာင္တြင္ မာလာလာဖန္တည္ ေထာင္ရာ၌ ဂ်ဳိလီကပင္ ေငြေၾကး မ်ားစြာ ေပးပို႔ခဲ့၏။ ဘနာဇီယာ ဘူတို၏ ကေလးမ်ားထံမွ မာလာ လာအတြက္ ေရွာေစာင္ႏွစ္ ထည္ေရာက္လာ၏။ တစ္ထည္ တြင္ ဆံျခည္မွ်င္တစ္ခု ကပ္ၿငိေန တာကို သူမေတြ႕လိုက္ရ၏။ မာ လာလာသည္ ဘနာဇီယာဘူတုိ၏ ကိုယ္သင္းနံ႔ကို ရေလမလားဟု ေရွာေစာင္တဘက္ကို နမ္း႐ႈပ္မိ သြား၏။
***
‘‘အရွင္ဘုရား အကြၽန္မ သည္ကိုယ္ေတာ္၏ ေမတၱာႏွင့္ အတူ လူသားမ်ားစြာေမတၱာကို ရရွိပါ၏။ အကြၽန္မ မေသေတာ့ ပါ။ လူသားအားလံုးကို အကူ အညီေပးႏိုင္ရန္ အကြၽန္မအား ခြန္အားသတၱိမ်ား ပိုမိုေပးသနား ပါဦး အရွင္ဘုရား’’
သူမ ဆုေတာင္းသည္။ သူမ သည္ ဘာမင္ဂမ္မွာပင္ ေနအိမ္ ႀကီးရရွိလာသည္။ အဂၤလန္မွာ ပညာဆက္လက္ သင္သည္။ ဘနာဇီယာဘူတို အေၾကာင္း အတၳဳပၸတၱိကို သူမအလြန္ႀကိဳက္ သည္။ Paulo Coelho ေရးေသာ The Alchemist ဝတၳဳစာအုပ္ကို သူမအႀကိဳက္ဆံုးျဖစ္သည္။
သူမသည္ ကုလသမဂၢဌာန ခ်ဳပ္မွာ မိန္႔ခြန္းေျပာၾကားခြင့္ရခဲ့ သည္။
‘‘ဂုဏ္သေရရွိ လူႀကီးမင္း မ်ားေရွ႕ေမွာက္မွာ ကြၽန္မေတာင္း ဆိုခ်င္တာက ကမၻာေပၚမွာ က်ည္ ဆန္ေတြအစား စာအုပ္မ်ားစြာကို ရင္းႏွီးျမႇဳပ္ႏွံၾကပါ။ ဆရာမ်ား၊ စာ သင္ေက်ာင္းမ်ားမွာအႀကီးအက်ယ္ ထြန္းကားပါေစ။ ကေလာင္တံကို ကိုင္စြဲၾကပါေစ။ The pen is mighter than the sword လို႔ ေရွးက အဆိုရွိခဲ့ဖူးပါတယ္။ က်ည္ဆန္ေနရာမွာ စာအုပ္ေတြ ထုတ္လုပ္ၾကပါေစ’’
၂၀၁၄တြင္ မာလာလာသည္ ၿငိမ္းခ်မ္းေရးႏုိဗယ္ဆုကို ရရွိခဲ့ သည္။ ဆာခါေရာ့ဗ္ဆု၊ ဆီမြန္ဒီ ဗိုးဗြားဆု၊ အမ်ဳိးသားလူငယ္ၿငိမ္း ခ်မ္းေရးဆု၊ Honorary Cana-dian Citizenship ႏွင့္ အျခားဆု မ်ားစြာကို သူမရရွိခဲ့၏။ ယခု ေတာ့ ကေလးငယ္မ်ားအားလံုး ပညာသင္ၾကားခြင့္ ရရွိေရး၊ အမ်ဳိး သမီးငယ္မ်ား အခြင့္အေရး အတြက္ မာလာလာရန္ပံုေငြထူ ေထာင္၍ သူမသည္ တက္ႂကြစြာ လႈပ္ရွားေဆာင္ရြက္ေန၏။ ႏိုင္ငံ ေရးအေတြးအေခၚႏွင့္ စီးပြားေရး ပညာကို သူမဆက္လက္ဆည္းပူး ေနသည္။
‘‘Woman can do lots of things at the same time. We're good at multitasking’’
သူမက ယခုရက္ပိုင္းထုတ္ TIME ကိုေျဖ၏။
‘‘The Prime Minister of Pakistan အိပ္မက္ရွိေသးလား။ ဟုတ္လား။ ဟား...ဟား။ ကြၽန္မ ငယ္လြန္းပါေသးတယ္ရွင့္။ကြၽန္မ မွာ အခ်ိန္ေတြရွိပါေသးတယ္’’
မာလာလာက TIME ကို ယခု ေျဖၾကားလိုက္ပါ၏။
(ေဖာ္ျပပါ ေဆာင္းပါးသည္ စာေရးသူ၏ အာေဘာ္သာျဖစ္ပါသည္)
Ref - 7daydaily
[Unicode Version]
ယခုရက်ပိုင်း TIME တွင် မာလာလာအင်တာဗျူးပါလာသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာသည် အသက် (၂၀) ပြည့်ခဲ့ပြီ။ Hassan Shami Camp က သူမဖြစ်လာသည်။ Girl Power Trip ကပြန်လာပြီ။ Rafugee အသီးသီးက ငယ်ရွယ် သော ကလေးများ၏ စိတ်ဓာတ်၊ မျှော်လင့်ချက်၊ ပညာအိပ်မက်တို့ ကို မြှင့်တင်ရန် သူမသည် ခရီး အချို့ ထွက်ခဲ့၏။
‘‘Refugee Camp က ကလေးေတွေမှာ အနာဂတ်ရှိ တယ်ဆိုတာ လူတွေက မေ့နေ တတ်ကြတယ်။ သူတို့ရဲ့ ပညာ ရေးကို မြှင့်တင်ပေးရမှာပေါ့။ အဲသလို မဟုတ်ခဲ့ရင် မျိုးဆက် တစ်ခုဟာ ပျောက်ဆုံးသွားမှာပေါ့’’
အီရတ်နိုင်ငံ Mosul မြို့ အပြင်ဘက်က Refugee Camp ကို သူမရောက်သည်။
‘‘သူတို့လေးတွေအတွက် ဘာမှ ရင်းနှီးမြှုပ်နှံထားတာ မရှိ တာကိုတွေ့ရတယ်။ အဲဒါက လည်း အစိုးရတော်တော်များများ နဲ့ လူတွေဟာ ကာလတိုတစ်ခုမှာ ပဲ ကူညီတတ်တာမဟုတ်လား။ လျှပ်စစ်မီးမရှိ၊ သက်သောင့်သက် သာ ဖြစ်စရာ ဘာဆိုဘာမှမရှိ။ ဒါပေမဲ့ ဒီမှာ သူတို့လေးတွေ ရှင် သန်နေကြတယ်။ မိန်းမငယ်လေး တွေဟာ ပညာရေးအတွက် အိပ် မက်တွေ မက်နေဆဲပါ။ ပညာရေး အတွက် သတ္တိအပြည့်နဲ့ မျှော်လင့် နေကြဆဲပါ။ ဒီကလေးမလေးတွေ ဟာ သူတို့ရဲ့ ဘဝတူ လူ့အဖွဲ့ အစည်းကို ပြောင်းလဲပစ်လိုက်ချင် တဲ့ ဆန္ဒအပြည့်ရှိတယ်။ ဒီကလေး မလေးတွေဟာ သူတို့ရဲ့ ဘဝတွေ ကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ချင်တယ်’’
မာလာလာက ပြောသည်။ TIME သို့။
***
Malala Yousafzai ကို ၁၉၉၇ ဇူလိုင် ၁၂ က ပါကစ္စတန် မြောက်ပိုင်းဒေသ၊ Swat Valley, Mingora မြို့ကလေးမှာ မွေးဖွားခဲ့၏။ ဖခင်အမည်သည် Ziauddin Yousafzai ဖြစ်၏။ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ ဆင်းဆင်းရဲရဲ ဘဝက စတင်ခဲ့ပြီးစာသင်ကျောင်းတည်ထောင်သူ ဖြစ်လာ၏။ သူသည် Anti-taliban Activist အဖြစ် အထူး ထင်ရှားလာသည်။ သူတို့မိသားစုသည် ဆွန်နီမွတ်စလင်ဘာသာ ဝင်များဖြစ်ကြသည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အနောက်မြောက် အစွန်းတွင် နေထိုင်ကြသော ပက်ရှ်ထန် လူမျိုးဖြစ်သည့်အတွက် မာလာလာသည် ဂုဏ်ယူ၏။ ပက်ရှ်ထန်သမိုင်းတွင် ထင်ရှား သော မျိုးချစ်တော်လှန်ရေး အမျိုး သမီး မာလာလေကို အစွဲပြု၍ ဖခင်သည် သမီးဦးကို မာလာလာ ဟု အမည်ပေးခဲ့၏။ မာလာလာ ၏ အောက်မှာ မောင်လေးနှစ် ယောက်ရှိသည်။
(၇)နှစ်သမီးအရွယ်တွင် အတန်းထဲ၌ ထိပ်ဆုံးက မာလာ လာဖြစ်လာ၏။ မိုနီဘာ၊ မယ်လ် ကာအီနူး၊ အတန်းထဲတွင် ပညာ ပြိုင်ဘက်များဖြစ်သည်။ မာလာ လာသည် စာမေးပွဲတွင် ပထမရမှ စိတ်ကျေနပ်၏။
မာလာလာငယ်စဉ်က အမေနှင့်အတူ ဈေးသို့လိုက်တတ် သည်။ တစ်နေ့တွင် လှည်းတစ်စီး ပေါ်၌ မက်မွန်သီးအပုံလိုက်ကို တွေ့၏။ မာလာလာသည် စိတ် မထိန်းနိုင်ခဲ့။ စားချင်သည်။ မြိန်ရေ ရှက်ရေ။ သူမသည် လက်ဖြင့် မြန် မြန် ဆုပ်ယူလိုက်၏။
‘‘လွှတ်ချလိုက်သမီး။ အခု လွှတ်ချ။ သူများပစ္စည်းကို ဒီလို နည်းနဲ့ မယူရဘူး။ တောင်းပန်ပါ တယ် လှည်းပိုင်ရှင်ကြီးရယ်’’
‘‘ခင်ဗျားတို့ ဒီလိုလုပ်လို့မရ ဘူး’’
‘‘ဆယ်ရူပီးနဲ့ ရောင်းလိုက်ပါ ရှင်’’
‘‘မက်မွန်သီးက ဈေးသိပ် ကြီးတယ်ဆိုတာ ခင်ဗျားတို့ မသိ ဘူးလား’’
အမေ့ထံတွင် ပိုက်ဆံများ များမပါ။ အဖေ့ကို လှမ်း အကြောင်းကြား၏။ အဖေလိုက် လာသည်။ အဖေက လှည်းပိုင်ရှင် ထံမှ မက်မွန်သီးများ သိမ်းကျုံး ဝယ်လိုက်၏။
အဖေသည် အိမ်ရောက် သောအခါ မက်မွန်သီးများကို ပန်းကန်ထဲထည့်၏။
‘‘သမီးစား။ ကြိုက်သ လောက်စား။ ည မအိပ်ခင်ဆိုရင် မက်မွန်သီးကို နွားနို့နဲ့ရောစား။ ဉာဏ်ကောင်းတယ် သမီးရဲ့။ ဉာဏ်ကောင်းပြီးသားသမီးတော့ ပိုပြီး ဉာဏ်ကောင်းဦးမှာ’’
အဖေ့ထံမှာ ပိုက်ဆံရှိသည် မဟုတ်ပါ။ အဖေသည် မည်သူ့ဆီ က ပိုက်ဆံချေးပြီး ဝယ်လိုက်သည် မသိပါ။ သူမမှာ အပြစ်ရှိသည်ဟု လုံးဝ ခံစားလိုက်ရပြီ။
‘‘သမီး နောက်ထပ် ဒါမျိုးမလုပ်တော့ပါဘူး။ အမေနဲ့အဖေရယ်’’
သူမသည် ဘုရားသခင်ထံ မှာ ဝတ်ပြုဆုတောင်းတိုင်း နောင် တွင် ဤသို့ မလုပ်တော့ပါဟု တောင်းပန်၏။ ထိုဖြစ်ရပ်မတိုင်မီ ကလည်း သူမထံမှ ကစားစရာ လက်ကိုင်ဖုန်းလေး ခိုးသွားသော အိမ်နီးချင်း သူငယ်ချင်းမလေးထံ မှ ဆံညှပ်ကလေးများကို ပြန်ခိုးခဲ့ ဖူး၏။ အမေနှင့်အတူ သူငယ်ချင်း မ၏ မိဘထံ တောင်းပန်ခဲ့ရဖူး၏။ မာလာလာသည် ငယ်စဉ်က ဤ သို့သော အပြစ်အနာအဆာလေး များ ရှိခဲ့ဖူးကြောင်း I Am Malala စာအုပ်တွင် သူမက ဝန်ခံခဲ့၏။
‘‘သမီးရယ် မဟတ္တမဂန္ဒီက ပြောဖူးတယ်။ လွတ်လပ်မှုဆိုရာ မှာ အမှားလုပ်ဖို့ လွတ်လပ်ခွင့်မှ မပါရင် ဘာတန်ဖိုးရှိမှာလဲတဲ့။ ငယ်ရွယ်စဉ်ကလေးဘဝဆိုတာ ဒီလိုပဲ ဖြစ်တတ်တာပဲ။ အဖေတို့ လည်း ဒီလိုပါပဲ’’
အဖေက အမြဲနှစ်သိမ့်အား ပေး၏။ အဖေသည် အေဗရာဟင် လင်ကွန်း၏ စာသားကို ဘောင် သွင်းကာ အိမ်မှာ ချိတ်ဆွဲထား ၏။ လင်ကွန်းက သား၏ဆရာထံ ရေးသောစာဖြစ်သည်။
‘‘သူ့ကို စာအုပ်များရဲ့ ခမ်း နားပုံကို သင်ကြားပြသပေးပါ။ အဲဒါအပြင် ကောင်းကင်က ငှက် ကလေးတွေနဲ့ တောတောင်အစိမ်း ထဲက ပန်းပွင့်များရဲ့ လျှို့ဝှက်ဆန်း ကြယ်ပုံကို ဆင်ခြင်သုံးသပ်နိုင်ဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန် တစ်ချိန်ကိုလည်း သူ့ကို ပေးလိုက် စေလိုပါတယ်’’
မာလာလာက ထိုစာသားကို အလွန်ကြိုက်သည်။
‘‘ကိုယ်တိုင် ကျဆုံးရခြင်း ဟာ အခြားသူကို လိမ်လည်လှည့် ဖြားခြင်းထက် အများကြီးသာလွန် မြင့်မြတ်ကြောင်းကိုလည်း သူ့ကို သင်ပေးပါ’’
ပို၍ကြိုက်မိပြန်သည်။
မာလာလာအတွက် အဖေ သည် စံပြပုဂ္ဂိုလ်ဖြစ်သည်။ အဖေ က စာဖတ်ခြင်းကို အားပေးသည်။ ပညာသင်ကြားခြင်းကို အထူး ဆော်သြသည်။ မာလာလာသည် ငယ်ရွယ်စဉ်မှာပင် ဝတၳုများကို ဖတ်နိုင်လာ၏။ အတၳုပ္ပတ္တိစာပေ ကိုလည်း ဖတ်သည်။
‘‘ခိုးတာ လုံးဝမကောင်းဘူး။ ဘုရားသခင်ကလည်း မလိုလား ဘူး။ ကျွန်မ မခိုးတော့ဘူး။ ကလေးတုန်းက ကလေးစိတ်နဲ့ ခိုးမိတာကိုပဲ ဘုရားသခင်ကို နေ့ တိုင်းတောင်းပန်လို့ မဆုံးတော့ပါ ဘူး။ ဒါပေမဲ့ ကျွန်မကလေးဘဝ မှာပဲ ကျွန်မတို့တိုင်းပြည်က နိုင်ငံ ရေးသမားတွေဟာ ပြောတော့ မိုး တစ်လုံးလေတစ်လုံး။ ဘာမှဟုတ် တိပတ်တိ လုပ်မပြနိုင်ခဲ့ကြဘူး။ ခိုးတာတော့ အရမ်းခိုးကြတယ်။ သူတို့ ချမ်းသာသွားကြတယ်’’
မာလာလာက ပြောသည်။
***
တာလီဘန်များက ကျောင်း များကို မဖျက်ဆီးမီအထိ၊ တာလီ ဘန်၏သေနတ်သမားက သူမ၏ ဦးခေါင်းကို သေနတ်ဖြင့်အသံ တိတ်မပစ်မီအထိ သူမသည် စာသင်ခွင့်ရနေသည်။ သို့သော် အမှိုက်ပုံတွင် နေထိုင်သော ကလေးများလည်း ရှိနေ၏။ မာ လာလာ၏ရင်မှာ ထိုကလေးများ အတွက် ထိခိုက်မိ၏။ အဖေ့ကို စည်းရုံးခိုင်း၏။ အဖေ့ကျောင်းမှာ အခမဲ့ပညာသင်ကြားရန်။ သို့ သော် မဖြစ်ခဲ့ပါ။ ထို့ကြောင့် မာ လာလာက ဘုရားသခင်ထံသို့ စာရေးသည်။
ချစ်လှစွာသော ဘုရားသခင်
အရှင်သည် ဖန်ဆင်းရှင်ဖြစ် ပါသည်။ အရာရာကို သိမြင်နား လည်တော်မူသည်ဟု အကျွန်မ ယုံကြည်ပါသည်။ သို့သော် ဤ ကမ်ဘာမြေပေါ်တွင် အရာကိစ္စများ လွန်းလှပါ၏။ အရှင်ကိုယ်တော် တိုင် မမြင်မိသော အရာများလည်း ရှိပါသည်။ အထူးသဖြင့် အာဖဂန် နစ္စတန်တွင် ဗုံးကြဲချခြင်းမျိုး။
ထို့နောက် အကျွန်မတို့၏ လမ်းဘေးအမှိုက်ပုံတွင် နေထိိုင် ကျက်စားသော ကလေးများ၊ အရှင်ကိုယ်တော်တိုင် ထိုကလေး များကို မြင်တွေ့မိပါက အရှင် လည်း စိတ်ချမ်းမြေ့မှု ရတော်မူ မည်ဟု အကျွန်မ မထင်မိပါ။ အကျွန်မသည် ဤကမ်ဘာကြီးအား ပိုမိုကောင်းမွန်သာယာအောင် ပြု လုပ်ပေးလိုပါသည်။ သို့ဖြစ်ပါ၍ ဤသို့ပြုလုပ်နိုင်စွမ်းရှိအောင် အကျွန်မအား သတ္တိနှင့်ခွန်အား ပေးသနားတော်မူပါ အရှင်ဘုရား။
မာလာလာ
စာတော့ရေးပြီးပြီ။ ဘုရား သခင်ထံသို့ရောက်အောင် မည် သို့ပေးပို့ရမည်နည်း။ ဘုရားသခင် သည် ကောင်းကင်နှင့်ဆက်သွယ် မှုရှိသည်။ မြေကြီးနှင့်လည်း ဆက်သွယ်မှုရှိသည်။ မာလာလာ သည် ကောင်းကင်သို့ မပျံသန်း နိုင်။ ထို့ကြောင့် စာကိုပလတ် စတစ်နှင့်အလုံပိတ်ကာ အိမ်ရှေ့ ပန်းခြံထဲတွင် ကျင်းတူးပြီး မြှုပ် ထားလိုက်၏။
သို့သော် ဘုရားသခင်ထံမှ ပြန်ကြားချက်ကို သူမ မရခဲ့ပါ။ အိပ်မက်မျှပင် မြင်မက်ခွင့်မရပါ။ နောက်ရက်တွင် သူမသည် စာကို မြေကြီးထဲမှ ပြန်လည်တူးဖော်၏။ ဘုရားသခင်သို့ဟု လိပ်မူ၏။ စာ ပါသော ပလတ်စတစ်အိတ်ကို သစ်သားချောင်းငယ်တွင် ပူးချည် ၏။ သစ်သားချောင်း၏ထိပ်တွင် အဝါရောင် တောပန်းကလေးတစ် ပွင့်ကို ကြိုးဖြင့်ချည်လိုက်သေး ၏။ ဆွစ်ဖ်မြစ်ထဲသို့ စီးဝင်မည့် ချောင်းထဲသို့ ထိုသစ်သားချောင်း ကလေးကို အသေအချာမျှော လိုက်ပါသည်။ ဤအခါဖြင့် သူမ ၏စာသည် ဘုရားသခင်ထံသို့ ကျိန်းသေရောက်ပြီဟု မာလာ လာက ယုံကြည်၏။
မာလာလာသည် ငယ်စဉ်က ဤကဲ့သို့ ဘုရားသခင်နှင့်ဆက် သွယ်ခြင်းလုပ်ငန်းမျိုးကိုလည်း လုပ်ခဲ့ဖူးပါ၏။
***
ဆွတ်ဖ်တောင်ကြားဒေသ သို့ ဖက်ဇ်လူလာ ခေါင်းဆောင် သော တာလီဘန်တွေရောက်လာ ပြီးနောက် မထင်လျှင်မထင်သလို ပစ်သတ်တော့သည်။ မိန်းမများ အိမ်တွင်းအောင်းရမည်။ အနု ပညာမလုပ်ရ။ အနောက်တိုင်း ပညာရပ်ကို သင်ကြားသော ကျောင်းများ မရှိရ။ မာလာလာ သည် ခေါင်းမြီးခြုံခြင်းကို မလုပ် လိုသော်လည်း ဘုရားသခင်ကို ယုံကြည်သူဖြစ်၏။ သူမသည် ဘနာဇီယာဘူတို ပြန်လာမှာလား ဟု မျှော်လင့်နေသည်။ မာလာ လာ (၂)နှစ်အရွယ်က ဘနာဇီယာ ဘူတိုသည် ပြည်နှင်ဒဏ်အပေးခံ ရ၏။ ဘနာဇီယာဘူတိုကြောင့် သူမတို့သည် နိုင်ငံရေးကို စိတ်ဝင် စားလာကြ၏။ အမျိုးသမီးတို့၏ အခွင့်အရေးအကြောင်း ပြောရဲ ဆိုရဲ ရှိလာကြ၏။
စစ်တပ်နှင့် တာလီဘန်တို့ သည် တိုက်ပွဲများဖြစ်ကြသည်။ သို့သော် စစ်တပ်က တာလီဘန် ကို အပြီးတိုင်မချေမှုန်းနိုင်ခဲ့တာ ကို သူမက အံ့သြနေ၏။
‘‘ကျွန်မတို့ ပက်ရှ်ထန်လူမျိုး တွေဟာ ဘာသာရေးကိုင်းရှိုင်းကြ တယ်။ တာလီဘန်တွေကြောင့် ကျွန်မတို့ကိုပါ အကြမ်းဖက် သမားလို့ ကမ်ဘာကြီးက ထင်နေ ကြတယ်။ သစ်တောအစိမ်းတွေ၊ တောင်တန်းအပြာတွေ၊ ရောင်စုံ ပန်းပွင့်တွေ အားလုံးဟာ ကျွန်မ တို့ တောင်ကြားဒေသရဲ့ ငြိမ်းချမ်း ရေး သငေ်္ကတတွေပါ။ ကျွန်မတို့ ငြိမ်းချမ်းချင်တယ်’’
မာလာလာသည် (၁၄)နှစ် သမီးမှာ ရုပ်သံအင်တာဗျူးများကို ရဲရဲဖြေနေပြီ။ ဖခင်က အားပေး၏။
၂၀၀၉ ဇန်နဝါရီလတွင် ဈေးအနီး အနုပညာရပ်ကွက်က အကအနုပညာရှင် ရှာဘာနာကို တာလီဘန်များက ညအချိန် တံခါးခေါက်ဖွင့်ခိုင်းပြီး သေနတ် ဖြင့် ပစ်သတ်လိုက်၏။ ဒဏ်ရာ ဗရပွနှင့် သွေးသံစိုရွှဲနေသော ရှာ ဘာနာကို တာလီဘန်များက မရ ကာပန်းခြံသို့ တရွတ်တိုက်ဆွဲခေါ် သွား၏။ တာလီဘန်တို့သည် လူ သတ်ပြီးလျှင် ထိုပန်းခြံသို့ဆောင် ယူကာ ချိတ်ဆွဲပြသလေ့ရှိသည်။
‘‘အကျင့်စာရိတ္တပျက်ပြားသူ တို့သွားရာလမ်းကို သွားရတာပဲ။ သီဆို ကခုန်တဲ့မိန်းမတွေအားလုံး ကိုသတ်ပစ်မယ်။ သူ့လိုကသူမှန် သမျှ သူ့လိုသေရမယ်’’
မနက်မိုးလင်းတော့ တာလီ ဘန်ခေါင်းဆောင် ဖက်ဇ်လူလာ က မူလာအက်ဖ်အမ်က အသံ လွှင့်၏။
၂၀၀၉ ဇန်နဝါရီ ၃ တွင် မာလာလာသည် အမည်ဝှက် ဂူးလ်မာကယ်နှင့် ဘီဘီစီတွင် ဘလော့ဂါဖြစ်လာသည်။ သူမ၏ စကားလုံးများသည် ဝက်ဘ်ဆိုက် ပေါ်သို့ ရောက်လာ၏။ သူမက ဆက်လက်ရေးသားသည်။ အပြာ ရောင်ကျောင်းဝတ်စုံကို သူမချစ် ကြောင်း၊ တာလီဘန်များအောက် တွင် မိန်းမသားများ ရုန်းကန်ရပုံ အကြောင်း သူမသည် ဆက်တိုက် ရေး၏။ မာလာလာသည် တစ် ကမ်ဘာလုံးကကြားအောင် အသံကို မြှင့်တင်၏။ ဘနာဇီယာဘူတိုက တော့ ၂၀၀၇ အောက်တိုဘာ ၁၈ တွင် ကရာချိသို့ လေယာဉ်နှင့် ရောက်လာခဲ့၏။ ထိုစဉ်က မာ လာလာတို့အားလုံး ပျော်ရွှင်ခဲ့ရ သည်။ နောက်နေ့တွင် ဘနာဇီ ယာဘူတိုသည် သေနတ်ဖြင့်၊ အသေခံဗုံးဖြင့် လုပ်ကြံသတ်ဖြတ် မှုကို ခံလိုက်ရတော့၏။ မာလာ လာတို့အားလုံး ငိုကြွေးကြရ၏။
***
၂၀၁၂ အောက်တိုဘာ ၉ ကျောင်းဆင်းချိန်တွင် မာလာလာ တို့သည် ပျော်ရွှင်စွာကျောင်းထဲမှ ပြေးထွက်လာကြ၏။ စကား တပြောပြောနှင့် ကျောင်းကားပေါ် သို့ တက်ကြ၏။ ထိုညနေ ကျောင်းကားပေါ်သို့ သေနတ် သမားက အရောက်လာနိုင်ခဲ့၏။ ‘‘မာလာလာဆိုတာ ဘယ်သူလဲ’’ ဟူသော သေနတ်သမား၏ မေး ခွန်းကို မာလာလာ မဖြေလိုက်ရ ပါ။ သူငယ်ချင်းများက သူမကို ကြည့်လိုက်ကြချိန်တွင် မာလာ လာ၏ ဦးခေါင်း ဘယ်ဘက်ခြမ်း သို့ ကျည်ဆန်က ဝင်သွားသည်။ ကျည်ဆန်သည် လည်ပင်းအတိုင်း ဆင်းသွား၏။ အသံတိတ်သေနတ်။ ဒိုင်း...ဒိုင်း...ဒိုင်း ဟုမထွက်။ ဖောက်...ဖောက်...ဖောက်ဟု အသံထွက်၏။ ကျည်ဆန်သုံး တောင့် ဆက်တိုက်လာ၏။ သေနတ်သမားသည် လက်တုန် နေ၏။ မာလာလာ၏ဘေးက ကျောင်းသူနှစ်ဦး၏ လက်မောင်း များကို ထိသွား၏။ မာလာလာ သည် သူမ၏သူငယ်ချင်း၏ ပေါင် ပေါ်တွင် နားရွက်ထဲမှ ထွက်ကျ လာသောသွေးများဖြင့် လဲကျ သွားခဲ့ပြီ။
***
မင်ဂိုလာသည် တောဆန် သော မြို့ကြီးတစ်မြို့။ မာလာလာ သေနတ်ပစ်ခံရသော သတင်း သည် ချက်ချင်းပြန့်သွား၏။ အဖေက ဆွစ်ဖ်သတင်းထောက် များအသင်းသို့ ရောက်နေ၏။ ပုဂ္ဂလိက ကျောင်းများ အစည်း အဝေးတွင် အဖေက မိန့်ခွန်းပြော ရမည်။
‘‘ခင်ဗျားရဲ့ကျောင်းကား သေနတ်ပစ်ခံရတယ်’’
အဖေသည် သွေးဆုတ်သွား ၏။ မိန့်ခွန်းကိုတော့ ပြီးအောင် အမြန်ပြောသည်။ ပြန်လှန်မေး ခွန်းများကို မဖြေဆိုတော့ပါ။ အဖေသည် ချွေးသီးချွေးပေါက် များ ကျဆင်းလျက်၊ တဆတ် ဆတ် တုန်ရီလျက်။ မာလာလာရှိ ရာ ဆေးရုံသို့ပြေး၏။ သူငယ်ချင်း ၏ကားကို ‘‘မြန်မြန်မောင်းပေး စမ်းပါကွာ’’ပြောရ၏။
‘‘မာလာလာ...သမီးလေး... ဘုရားသခင် ကယ်တော်မူပါ။ မိတ်ဆွေများက ဆုတောင်း မေတ္တာပို့ပေးကြပါဗျာ’’
စစ်တပ်က စီစဉ်ပေးသည်။ ညနေ ၃ နာရီတွင် နယ်မြေတပ် မှူးရောက်လာသည်။
‘‘ဆရာ ဘာမှမပူနဲ့။ ကျွန် တော်တို့အားလုံး တာဝန်ယူတယ်။ ပက်ရှ်ဝါအမျိုးသမီးဆေးရုံကို ပို့ ပေးမယ်’’
တပ်မှူးက ပြောသည်။ မိသားစုအဖို့ ပထမဆုံး ရဟတ် ယာဉ်စီးဖူးခြင်း။ ရဟတ်ယာဉ် စတက်သည်။ စစ်ချီသီချင်းများကို အကျယ်ကြီး ဖွင့်လိုက်ကြ၏။ တိုင်းပြည်ကြီးကို တပ်မတော်ကြီး က အဘယ်မျှချစ်ကြောင်း သီချင်း စာသားများ။ မာလာလာ ခေါင်း ထဲမှာ သေနတ်ကျည်ဆန်က ဖြတ်သန်းခဲ့ပြီ။ အသက်လုရမည်။ ရဟတ်ယာဉ်ပေါ်မှ စစ်ချီသီချင်း များ။ အဖေကဖြင့် မုန်းတီးခါးသီး နေ၏။
မာလာလာသည် ရဟတ် ယာဉ်ပေါ်မှာ သွေးများကို အန်ချ လိုက်၏။ မာလာလာကိုချစ်သော ကျောင်းဆရာမ မာရယမ်က မာ လာလာ၏ပါးစပ်မှ သွေးများကို ခေါင်းစည်းအစဖြင့် သုတ်ပေးနေ ၏။ မာလာလာ လှုပ်လာသည်။
ပက်ရှ်ဝါသို့ ရဟတ်ယာဉ် ဆင်းသည်။ အမျိုးသမီးဆေးရုံသို့ မသွား။ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့သော ဆေးရုံအကြီးကြီး သို့ မာလာလာ့ကို ခေါ်ဆောင်သွား ကြ၏။ အဲဒီမှာ ဆရာဝန်ကြီး (ဗိုလ်မှူးကြီး)က အထူးဂရုစိုက် ကုသပေးသည်။ ခွဲစိတ်ခန်းဝင်ရ သည်။ ဦးခေါင်းခွံဖွင့်ရသည်။
Military Hospital in Pes- hawas မှ ဇိမ်ခံလေယာဉ်ကြီးဖြင့် အင်္ဂလန် Elizabeth ဘုရင်မကြီး ၏ Birmingham ဆေးရုံသို့ ပြောင်းရွှေ့ရသည်။ ပထမ မိဘ များ ပါမလာသေး။
သေနတ်မှန်ပြီး ရက်သတ္တ တစ်ပတ်။ အောက်တိုဘာ ၁၆။ သူမနိုးလာသည်။
‘‘ကျွန်မ မသေသေးပါလား’’
ဆရာမတစ်ယောက်က မာ လာလာကို ခဲတံနှင့် စာရေးစက္ကူ ကတ်ကလေး ပေးသည်။ ဒေါက် တာဂျာဗစ်က အေဘီစီဒီအက္ခရာ ကတ်ပြားတစ်ခု ယူလာပေး၏။ စာလုံးပေါင်းတတ်သေးသလား။
သူမ ကြိုးစားကြည့်သည်။
‘‘အဖေ’’
‘‘တိုင်းပြည်’’
ဆရာမက ပြုံးပြ၏။
‘‘ဘာမင်ဂမ်ဆေးရုံကို မာ လာလာရောက်နေတယ်’’
ဘာမင်ဂမ်...။ ဘယ်နားမှာ ပါလိမ့်။
သူမသည် ဇဝေဇဝါဖြစ်နေ ၏။ ဆရာမက ကမ်ဘာ့မြေပုံကိုယူ လာ၏။ ပြ၏။
‘‘အို...အင်္ဂလန်ပါလား’’
သူမ အံ့သြသွား၏။
‘‘ကျွန်မနာမည် မာလာလာ ဟုတ်ရဲ့လားဟင်’’
‘‘သမီးနာမည် မာလာလာ ဟုတ်တာပေါ့ကွယ်။ သမီးကို ကမ်ဘာက သိသွားပြီ’’
ဝမ်းဗိုက်က မာကျောကျော အရာကို လက်နှင့်စမ်းမိ၏။
‘‘ဆရာမ ဒါကဘာလဲဟင်’’
‘‘အဲဒါ သမီးရဲ့ဦးခေါင်းခွံ ပေါ့’’
ကျည်ဆန်သည် ပခုံး အရောက်မှာ ရပ်သွားခဲ့ခြင်းဖြစ်၍ ဘယ်ဘက်လက်က တောင့်တင်း နေဆဲ။ ဦးခေါင်းခွံကို တိုက်တေနီ ယံဖြင့် အစားထိုးထားသလား။ သူမသည် ဘုရားသခင်ကို တိုင် တည်၏။ ဆုတောင်း၏။ လမ်းစ လျှောက်ကြည့်၏။
‘‘သမီး ကောင်းသွားမှာပါ’’
ဆရာဝန်များက အားပေး ကြသည်။
ကမ်ဘာပေါ်က ကလေးပေါင်း သန်းချီ၍ သူမကို အားပေးကြ သည်။ ဆုတောင်းပေးကြသည်။ ပို့စကတ်များ၊ လက်ဆောင်ပစ္စည်း များ၊ ပန်းပွင့်များ ရောက်လာကြ ၏။ ချောကလက်ဘူးများ၊ တက်ဒီ ဝက်ဝံရုပ်လေးများ။
မက်ဒေါနားက သူမ အကြောင်း သီချင်းသီဆိုသည်။ ဘီယွန်စေးက ကတ်ကလေးပို့ ပေးသည်။ အန်ဂျလီနာဂျိုလီက သဝဏ်လွှာတစ်စောင် ပေးပို့၏။ နောင်တွင် မာလာလာဖန်တည် ထောင်ရာ၌ ဂျိုလီကပင် ငွေကြေး များစွာ ပေးပို့ခဲ့၏။ ဘနာဇီယာ ဘူတို၏ ကလေးများထံမှ မာလာ လာအတွက် ရှောစောင်နှစ် ထည်ရောက်လာ၏။ တစ်ထည် တွင် ဆံခြည်မျှင်တစ်ခု ကပ်ငြိနေ တာကို သူမတွေ့လိုက်ရ၏။ မာ လာလာသည် ဘနာဇီယာဘူတို၏ ကိုယ်သင်းနံ့ကို ရလေမလားဟု ရှောစောင်တဘက်ကို နမ်းရှုပ်မိ သွား၏။
***
‘‘အရှင်ဘုရား အကျွန်မ သည်ကိုယ်တော်၏ မေတ္တာနှင့် အတူ လူသားများစွာမေတ္တာကို ရရှိပါ၏။ အကျွန်မ မသေတော့ ပါ။ လူသားအားလုံးကို အကူ အညီပေးနိုင်ရန် အကျွန်မအား ခွန်အားသတ္တိများ ပိုမိုပေးသနား ပါဦး အရှင်ဘုရား’’
သူမ ဆုတောင်းသည်။ သူမ သည် ဘာမင်ဂမ်မှာပင် နေအိမ် ကြီးရရှိလာသည်။ အင်္ဂလန်မှာ ပညာဆက်လက် သင်သည်။ ဘနာဇီယာဘူတို အကြောင်း အတၳုပ္ပတ္တိကို သူမအလွန်ကြိုက် သည်။ Paulo Coelho ရေးသော The Alchemist ဝတၳုစာအုပ်ကို သူမအကြိုက်ဆုံးဖြစ်သည်။
သူမသည် ကုလသမဂ္ဂဌာန ချုပ်မှာ မိန့်ခွန်းပြောကြားခွင့်ရခဲ့ သည်။
‘‘ဂုဏ်သရေရှိ လူကြီးမင်း များရှေ့မှောက်မှာ ကျွန်မတောင်း ဆိုချင်တာက ကမ်ဘာပေါ်မှာ ကျည် ဆန်တွေအစား စာအုပ်များစွာကို ရင်းနှီးမြှုပ်နှံကြပါ။ ဆရာများ၊ စာ သင်ကျောင်းများမှာအကြီးအကျယ် ထွန်းကားပါစေ။ ကလောင်တံကို ကိုင်စွဲကြပါစေ။ The pen is mighter than the sword လို့ ရှေးက အဆိုရှိခဲ့ဖူးပါတယ်။ ကျည်ဆန်နေရာမှာ စာအုပ်တွေ ထုတ်လုပ်ကြပါစေ’’
၂၀၁၄တွင် မာလာလာသည် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရရှိခဲ့ သည်။ ဆာခါရော့ဗ်ဆု၊ ဆီမွန်ဒီ ဗိုးဗွားဆု၊ အမျိုးသားလူငယ်ငြိမ်း ချမ်းရေးဆု၊ Honorary Cana-dian Citizenship နှင့် အခြားဆု များစွာကို သူမရရှိခဲ့၏။ ယခု တော့ ကလေးငယ်များအားလုံး ပညာသင်ကြားခွင့် ရရှိရေး၊ အမျိုး သမီးငယ်များ အခွင့်အရေး အတွက် မာလာလာရန်ပုံငွေထူ ထောင်၍ သူမသည် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေ၏။ နိုင်ငံ ရေးအတွေးအခေါ်နှင့် စီးပွားရေး ပညာကို သူမဆက်လက်ဆည်းပူး နေသည်။
‘‘Woman can do lots of things at the same time. We're good at multitasking’’
သူမက ယခုရက်ပိုင်းထုတ် TIME ကိုဖြေ၏။
‘‘The Prime Minister of Pakistan အိပ်မက်ရှိသေးလား။ ဟုတ်လား။ ဟား...ဟား။ ကျွန်မ ငယ်လွန်းပါသေးတယ်ရှင့်။ကျွန်မ မှာ အချိန်တွေရှိပါသေးတယ်’’
မာလာလာက TIME ကို ယခု ဖြေကြားလိုက်ပါ၏။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
Ref - 7daydaily
Visit website
Post a Comment