Header Ads

ၾကယ္ေငးသူတစ္ေယာက္ရဲ႕ည



မြန်မာစာမမှန်သောဖုန်းများအတွက်ယူနီကုဒ်ဗားရှင်းကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။


[Zawgyi Version]

ဘယ္ေတာ့မွ မေတာင္းခဲ့ ဖူးတဲ့ ဆုတစ္ဆု ေပ်ာက္ရွအက္ကြဲသြားတဲ့အခါ … ဝမ္းနည္းပက္လက္ ငိုေၾကြးေန ရမလား။ ဘဝဆိုတာ ႐ႈေထာင့္ အမ်ိဳးမ်ိဳးရွိတယ္။ ေၾကြက်သြားတဲ့ သစ္သီးတစ္လံုးအေပၚ တခ်ိဳ႕က ငို ေၾကြး ေနခ်ိန္မွာ နယူတန္ကေတာ့ ကမၻာေျမႀကီးရဲ႕ဆြဲအားကုိ ရွာေဖြေတြ႔ ရွိခဲ့တယ္ေလ။ ႏွေျမာမိတာက ထာဝရမတည္ၿမဲခဲ့တဲ့ အဲဒီဆု တစ္ဆုဟာ စစ္မွန္ျခင္းမရွိခဲ့ ဘူးဆိုတာ သိခြင့္ရခဲ့တဲ့ အတြက္ သက္သက္ပဲ။ ဒါ ေပမဲ့ ေက်းဇူးတင္ပါတယ္။ အရာအားလံုးအတြက္ေပါ့။ လမ္းေလွ်ာက္ရင္းနဲ႔ ေတြ႔သမွ်၊ ျမင္သမ်ွ၊ ျဖတ္သန္းသြားရ သမွ်ဟာ ဦးေႏွာက္ထဲ စကဲန္ ဖတ္သြားတဲ့ ခံစားခ်က္ရႈခင္း ေတြ သာရယ္။ ၾကယ္ကေလး၊ … ဘယ္ေလာက္အေရာင္ မွိန္ပါေစကြယ္။ ကုိယ္ပုိင္တဲ့ အလင္းေရာင္ဟာ ကုိယ့္အတြက္ ေတာ့ ကုိယ္ပုိင္ၿဂိဳဟ္တစ္လံုးကို ကုိယ္ စားျပဳပါတယ္။

အခန္းတံခါးဖြင့္ ဝရန္တာမွာ သြားရပ္။ ၾကယ္ေငးမိတဲ့ ရာေထာင္ ခ်ီညမ်က္ႏွာစာေတြထဲက တစ္ည။ မီးမွိတ္ေနမွ ၾကယ္ကေလးေတြကုိ ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း ျမင္ရတယ္။ အနီးကအားေကာင္းတဲ့ မီးလံုးၾကည္ျပာ ထိန္ထိန္ထက္ ဟုိး ေဝးေဝးက ေသးငယ္မွိန္ေဖ်ာ့တဲ့ ၾကယ္ကေလးေတြကုိ ပုိသေဘာ က်မိတာ ကုိယ္ပါပဲ။ တစ္ခါတစ္ရံ ေတာ့ မီးေမွာင္တဲ့ညေတြကုိ ကုိယ္ ကပုိေပ်ာ္တတ္တယ္။ ၂ဝ၁၂ ခုႏွစ္ ကစ ကုိယ္တုိ႔ၿမိဳ႕မွာ ေန႔တုိင္း မီး လာတယ္။ အရင္တုန္းကေတာ့ တစ္ရက္ျခားတစ္ခါမွ မီးေပးတတ္ တာ။ မီးေမွာင္တဲ့ ေႏြညေတြဆုိ ကိုယ္တုိ႔တစ္အိမ္လံုး ဆက္တီခံုေတြ ခ်၊ ကြန္ကရစ္မ ေခ်ာတေခ်ာခင္းထား တဲ့ အိမ္ေရွ႕မွာ ဝိုင္းဖြဲ႕ထုိင္ျဖစ္ၾက တယ္။ စကားနည္း တဲ့ကုိယ္ဟာ နား ေထာင္သမား။ မ်က္လံုးကေတာ့ နက္ျပာေရာင္ေကာင္းကင္ႀကီးရယ္ ၊ တစ္ခါတစ္ရံခံုး မ်က္စလုိ လျခမ္း ေကြးခပ္ရိပ္ရိပ္၊ ဒါမွမဟုတ္ တစ္ ဝက္တိတိလျခမ္း၊ ဒါမွမဟုတ္ ျပည့္ ရႊန္းဝင္းပတဲ့ ေငြေသာ္တာ လနတ္ သမီးအပါးမွာ ေတာက္ေတာက္ပပ ခစားေနၾကတဲ့ ၾကယ္ကေလးေတြ ရဲ႕ညီလာခံကုိ ေငးေမာမိၿမဲ။ ကေလး ဆန္ဆန္ပဲ ေငးေမာေနတုန္း ၾကယ္ တစ္ပြင့္ ေၾ<ြကသြားရင္ ဟန္မေဆာင္ ႏုိင္ ပန္မေဆာင္ႏုိင္ မ်က္လံုးမွိတ္၊ လက္ႏွစ္ဖက္ေထြးဆုပ္ ဆုေတာင္း မိၿမဲ။ အမွတ္တရ ကုိယ့္ရဲ႕ၾကယ္ ေငးညမ်ားမွာ ၾကယ္ေတြေတာ္ေတာ္ ေၾ<ြကခဲ့ဖူးပါတယ္။ ၾကယ္ေၾကြတုိင္း လည္း ျမင္မိတုိင္း ဆုေတာင္းခဲ့မိ တယ္။ ဆုေတာင္းျပည့္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ေၾကာင့္မဟုတ္ခဲ့ဘူး။ ကုိယ့္ဆႏၵေတြကို အေလးအနက္ျပဳ လွစ္ဟတုိင္တည္တဲ့ သေဘာတရား ပဲေပါ့ ။ ဘာလုိ႔လဲဆုိေတာ့ မျပည့္ဝ ခဲ့တဲ့ ဆုေတြ တစ္သီတစ္သန္းႀကီး ကုိယ့္မွာ ရွိေနခဲ့လုိ႔ပါပဲ ။

ဒါေပ မဲ့လည္း ခုထိၾကယ္ေၾကြတာျမင္ တုိင္း ခပ္ေပ်ာ္ေပ်ာ္ ဆုေတာင္းမိတဲ့ ကေလးဟာ ကုိယ္ပဲ။ ၾကယ္ေတြေၾကြ သြားတုိင္း ဘယ္မ်ားေရာက္သြားလဲလုိ႔ တစ္ခါမွ ေတြးမၾကည့္ခဲ့ဖူးဘူး။ ေကာင္းကင္ႀကီးကို ခြဲခြာသြားရလုိ႔ သူဝမ္းနည္းမလားလုိ႔လည္း မေတြး မိခဲ့ဘူး။ ေၾသာ္ ကုိယ္တုိ႔ဆႏၵေတြကုိ ေဖာ္ထုတ္လွစ္ဟႏုိင္ဖုိ႔ သူနာနာက်င္ က်င္ ေၾကြ ပးတာလို႔ ေတြးမိရင္ ၾကယ္ေၾကြ ကေလးအတြက္ ဝမ္းနည္း အားနာမိတယ္။ ဒါေပမဲ့ ေကာင္းကင္ ဟာ ၾကယ္ေတြေၾကြၿမဲ ျဖစ္သလို၊ အားနာမိလုိ႔ မေၾကြပါနဲ႔လုိ႔ ကုိယ္တား လုိ႔မရႏုိင္ခဲ့ဘူး။ အခုထိလည္း ေကာင္းကင္မွာ ကုိယ္မျမင္မိလုိက္ တဲ့ ၾကယ္ကေလးေတြ ေကာင္းကင္ ကေန ေၾကြဆင္းေနၿမဲပါပဲ။ ကံေကာင္း မႈတစ္ခုကေတာ့ ကုိယ္ေငးေနတဲ့ ၾကယ္ကေလးေတြ တစ္ခါမွ မေၾကြဖူး ေသးဘူး။ ထမ္းပုိးၾကယ္ သံုးလံုးျခား ေနတဲ့ ေမာင္ရင္ဆိုင္း ထမ္းၾကယ္ပြင့္ ကေလးႏွစ္လံုးရယ္၊ ေတာက္ပရႊန္း လက္တဲ့ေသာၾကာ ၾကယ္စင္အႀကီး ႀကီးရယ္၊ ေဟာဟုိ ေျမာက္ဘက္က ၾကယ္စဥ္ညီေနာင္ ခုနစ္လံုးရယ္၊ သူတုိ႔က ေတာ့ ေကာင္းကင္မွာ အစဥ္အၿမဲ ခ်ိတ္ဆြဲတြဲခို ကမၻာေျမက ၾကယ္ေငး သူ ကုိယ့္ကုိ ငံု႔ၾကည့္ေန ဆဲပဲ။

မဟူရာလမိုက္ညမွာ ၾကယ္က ေလးေတြက ကုိယ္ေရာင္ ပုိလင္း တယ္။ လနတ္သမီး တျခား ကမၻာကုိ အလည္သြားေနလည္း ၾကယ္ ကေလးေတြကေတာ့ လႊတ္ေတာ္ ညီလာခံတက္ ၿမဲပါပဲ။ ကမၻာေျမက ညေလညင္းကုိ ခံစားမယ္။ ကမၻာ ေျမရဲ႕ေကြ႕ေကြ႕ေကာက္ေကာက္ လမ္းေတြေပၚက တြန္႔လိမ္ေနတဲ့ နီယြန္မီးေရာင္စံုကို ေငးမယ္။ နက္ ေမွာင္တဲ့ ကတၱရာလမ္းမ ရွည္ႀကီး ဟာ ဒီေန႔ညလုိ ေကာင္းကင္နက္ နက္နဲ႕ ဘာေတာ္လဲဆိုတာ သူတုိ႔ စဥ္းစားၾကမယ္။ ေကာင္းကင္ရဲ႕ သီအုိရီက အုပ္မုိးျခင္း။ လႊမ္းမုိးျခင္း တစ္မ်ိဳး။ ေပတရာလမ္း မကေတာ့ အနင္းခံ။ အျဖည့္ခံ ဖိနပ္ေတြ၊ တာယာဘီးေတြ လိုခ်င္တဲ့ခရီး ေရာက္ေအာင္ အနာခံၿပီး ပို႔ေဆာင္ ေပးတယ္။ အၿပံဳးမပ်က္ ညည္းညဴသံ မၾကားရတာေတာ့ သူတုိ႔ႏွစ္ေယာက္ စလံုးဆီကပဲ။ ဘဝဆိုတာက ကုိယ့္ ျဖစ္တည္မႈနဲ႔ကုိယ္ တစ္ခါတစ္ရံ ၾကယ္ကေလးေတြလို ကုိယ္လည္း ေငးေမာၾကည့္ေန႐ံုပဲ။ ဘာမ်ားတတ္ ႏုိင္ဦးမွာလဲ။ ေလာကသီအုိရီပုစၧာ ခပ္ဆန္းဆန္းေတြမွာ တစ္ခါတစ္ရံ အေျဖေတြဟာ တစ္ဖက္ေစာင္းနင္း ဆန္တတ္တယ္။ ဥပမာ … နာမည္ ႀကီးတဲ့ တခ်ိဳ႕ၾကယ္ေတြဟာ ဘယ္ ေတာ့မွမေၾကြက်သလုိေပါ့ ။ တခ်ိဳ႕ ၾကယ္ကေလးေတြကေတာ့ ေၾကြသြား မွပဲ သူတုိ႔တည္ရွိျခင္းကို အသိအမွတ္ ျပဳလုိက္ၾကတာမ်ိဳး ။ ဗင္းဆင့္ဗန္ဂိုးရဲ႕ ႏွလံုးသားဆီ အခ်ိန္ေျပာင္းျပန္ခရီးဆန္႔ၿပီးမ်ား ဝင္ၾကည့္ရင္ ဘယ္လုိမ်ား ေနမလဲ။ သူကေတာ့သူခ်စ္တဲ့ အမ်ိဳး သမီးအတြက္ ေတာင့္တတဲ့ အရာ ဝတၳဳတုိင္း ျဖည့္စြမ္းႏုိင္႐ံုနဲ႔ပဲ သူ႔ဘဝ၊ သူ႔အႏုပညာကုိ ေက်နပ္သြားခဲ့ သလား။

ေလေျပခ်မ္းခ်မ္း

[Unicode Version]

ဘယ်တော့မှ မတောင်းခဲ့ ဖူးတဲ့ ဆုတစ်ဆု ပျောက်ရှအက်ကွဲသွားတဲ့အခါ … ဝမ်းနည်းပက်လက် ငိုကြွေးနေ ရမလား။ ဘဝဆိုတာ ရှုထောင့် အမျိုးမျိုးရှိတယ်။ ကြွေကျသွားတဲ့ သစ်သီးတစ်လုံးအပေါ် တချို့က ငို ကြွေး နေချိန်မှာ နယူတန်ကတော့ ကမ်ဘာမြေကြီးရဲ့ဆွဲအားကို ရှာဖွေတွေ့ ရှိခဲ့တယ်လေ။ နှမြောမိတာက ထာဝရမတည်မြဲခဲ့တဲ့ အဲဒီဆု တစ်ဆုဟာ စစ်မှန်ခြင်းမရှိခဲ့ ဘူးဆိုတာ သိခွင့်ရခဲ့တဲ့ အတွက် သက်သက်ပဲ။ ဒါ ပေမဲ့ ကျေးဇူးတင်ပါတယ်။ အရာအားလုံးအတွက်ပေါ့။ လမ်းလျှောက်ရင်းနဲ့ တွေ့သမျှ၊ မြင်သမျှ၊ ဖြတ်သန်းသွားရ သမျှဟာ ဦးနှောက်ထဲ စကဲန် ဖတ်သွားတဲ့ ခံစားချက်ရှုခင်း တွေ သာရယ်။ ကြယ်ကလေး၊ … ဘယ်လောက်အရောင် မှိန်ပါစေကွယ်။ ကိုယ်ပိုင်တဲ့ အလင်းရောင်ဟာ ကိုယ့်အတွက် တော့ ကိုယ်ပိုင်ဂြိုဟ်တစ်လုံးကို ကိုယ် စားပြုပါတယ်။

အခန်းတံခါးဖွင့် ဝရန်တာမှာ သွားရပ်။ ကြယ်ငေးမိတဲ့ ရာထောင် ချီညမျက်နှာစာတွေထဲက တစ်ည။ မီးမှိတ်နေမှ ကြယ်ကလေးတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အနီးကအားကောင်းတဲ့ မီးလုံးကြည်ပြာ ထိန်ထိန်ထက် ဟိုး ဝေးဝေးက သေးငယ်မှိန်ဖျော့တဲ့ ကြယ်ကလေးတွေကို ပိုသဘော ကျမိတာ ကိုယ်ပါပဲ။ တစ်ခါတစ်ရံ တော့ မီးမှောင်တဲ့ညတွေကို ကိုယ် ကပိုပျော်တတ်တယ်။ ၂ဝ၁၂ ခုနှစ် ကစ ကိုယ်တို့မြို့မှာ နေ့တိုင်း မီး လာတယ်။ အရင်တုန်းကတော့ တစ်ရက်ခြားတစ်ခါမှ မီးပေးတတ် တာ။ မီးမှောင်တဲ့ နွေညတွေဆို ကိုယ်တို့တစ်အိမ်လုံး ဆက်တီခုံတွေ ချ၊ ကွန်ကရစ်မ ချောတချောခင်းထား တဲ့ အိမ်ရှေ့မှာ ဝိုင်းဖွဲ့ထိုင်ဖြစ်ကြ တယ်။ စကားနည်း တဲ့ကိုယ်ဟာ နား ထောင်သမား။ မျက်လုံးကတော့ နက်ပြာရောင်ကောင်းကင်ကြီးရယ် ၊ တစ်ခါတစ်ရံခုံး မျက်စလို လခြမ်း ကွေးခပ်ရိပ်ရိပ်၊ ဒါမှမဟုတ် တစ် ဝက်တိတိလခြမ်း၊ ဒါမှမဟုတ် ပြည့် ရွှန်းဝင်းပတဲ့ ငွေသော်တာ လနတ် သမီးအပါးမှာ တောက်တောက်ပပ ခစားနေကြတဲ့ ကြယ်ကလေးတွေ ရဲ့ညီလာခံကို ငေးမောမိမြဲ။ ကလေး ဆန်ဆန်ပဲ ငေးမောနေတုန်း ကြယ် တစ်ပွင့် ေြ<ွကသွားရင် ဟန်မဆောင် နိုင် ပန်မဆောင်နိုင် မျက်လုံးမှိတ်၊ လက်နှစ်ဖက်ထွေးဆုပ် ဆုတောင်း မိမြဲ။ အမှတ်တရ ကိုယ့်ရဲ့ကြယ် ငေးညများမှာ ကြယ်တွေတော်တော် ေြ<ွကခဲ့ဖူးပါတယ်။ ကြယ်ကြွေတိုင်း လည်း မြင်မိတိုင်း ဆုတောင်းခဲ့မိ တယ်။ ဆုတောင်းပြည့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်မဟုတ်ခဲ့ဘူး။ ကိုယ့်ဆန္ဒတွေကို အလေးအနက်ပြု လှစ်ဟတိုင်တည်တဲ့ သဘောတရား ပဲပေါ့ ။ ဘာလို့လဲဆိုတော့ မပြည့်ဝ ခဲ့တဲ့ ဆုတွေ တစ်သီတစ်သန်းကြီး ကိုယ့်မှာ ရှိနေခဲ့လို့ပါပဲ ။

ဒါပေ မဲ့လည်း ခုထိကြယ်ကြွေတာမြင် တိုင်း ခပ်ပျော်ပျော် ဆုတောင်းမိတဲ့ ကလေးဟာ ကိုယ်ပဲ။ ကြယ်တွေကြွေ သွားတိုင်း ဘယ်များရောက်သွားလဲလို့ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး။ ကောင်းကင်ကြီးကို ခွဲခွာသွားရလို့ သူဝမ်းနည်းမလားလို့လည်း မတွေး မိခဲ့ဘူး။ သြော် ကိုယ်တို့ဆန္ဒတွေကို ဖော်ထုတ်လှစ်ဟနိုင်ဖို့ သူနာနာကျင် ကျင် ကြွေ ပးတာလို့ တွေးမိရင် ကြယ်ကြွေ ကလေးအတွက် ဝမ်းနည်း အားနာမိတယ်။ ဒါပေမဲ့ ကောင်းကင် ဟာ ကြယ်တွေကြွေမြဲ ဖြစ်သလို၊ အားနာမိလို့ မကြွေပါနဲ့လို့ ကိုယ်တား လို့မရနိုင်ခဲ့ဘူး။ အခုထိလည်း ကောင်းကင်မှာ ကိုယ်မမြင်မိလိုက် တဲ့ ကြယ်ကလေးတွေ ကောင်းကင် ကနေ ကြွေဆင်းနေမြဲပါပဲ။ ကံကောင်း မှုတစ်ခုကတော့ ကိုယ်ငေးနေတဲ့ ကြယ်ကလေးတွေ တစ်ခါမှ မကြွေဖူး သေးဘူး။ ထမ်းပိုးကြယ် သုံးလုံးခြား နေတဲ့ မောင်ရင်ဆိုင်း ထမ်းကြယ်ပွင့် ကလေးနှစ်လုံးရယ်၊ တောက်ပရွှန်း လက်တဲ့သောကြာ ကြယ်စင်အကြီး ကြီးရယ်၊ ဟောဟို မြောက်ဘက်က ကြယ်စဉ်ညီနောင် ခုနစ်လုံးရယ်၊ သူတို့က တော့ ကောင်းကင်မှာ အစဉ်အမြဲ ချိတ်ဆွဲတွဲခို ကမ်ဘာမြေက ကြယ်ငေး သူ ကိုယ့်ကို ငုံ့ကြည့်နေ ဆဲပဲ။

မဟူရာလမိုက်ညမှာ ကြယ်က လေးတွေက ကိုယ်ရောင် ပိုလင်း တယ်။ လနတ်သမီး တခြား ကမ်ဘာကို အလည်သွားနေလည်း ကြယ် ကလေးတွေကတော့ လွှတ်တော် ညီလာခံတက် မြဲပါပဲ။ ကမ်ဘာမြေက ညလေညင်းကို ခံစားမယ်။ ကမ်ဘာ မြေရဲ့ကွေ့ကွေ့ကောက်ကောက် လမ်းတွေပေါ်က တွန့်လိမ်နေတဲ့ နီယွန်မီးရောင်စုံကို ငေးမယ်။ နက် မှောင်တဲ့ ကတ္တရာလမ်းမ ရှည်ကြီး ဟာ ဒီနေ့ညလို ကောင်းကင်နက် နက်နဲ့ ဘာတော်လဲဆိုတာ သူတို့ စဉ်းစားကြမယ်။ ကောင်းကင်ရဲ့ သီအိုရီက အုပ်မိုးခြင်း။ လွှမ်းမိုးခြင်း တစ်မျိုး။ ပေတရာလမ်း မကတော့ အနင်းခံ။ အဖြည့်ခံ ဖိနပ်တွေ၊ တာယာဘီးတွေ လိုချင်တဲ့ခရီး ရောက်အောင် အနာခံပြီး ပို့ဆောင် ပေးတယ်။ အပြုံးမပျက် ညည်းညူသံ မကြားရတာတော့ သူတို့နှစ်ယောက် စလုံးဆီကပဲ။ ဘဝဆိုတာက ကိုယ့် ဖြစ်တည်မှုနဲ့ကိုယ် တစ်ခါတစ်ရံ ကြယ်ကလေးတွေလို ကိုယ်လည်း ငေးမောကြည့်နေရုံပဲ။ ဘာများတတ် နိုင်ဦးမှာလဲ။ လောကသီအိုရီပုစၧာ ခပ်ဆန်းဆန်းတွေမှာ တစ်ခါတစ်ရံ အဖြေတွေဟာ တစ်ဖက်စောင်းနင်း ဆန်တတ်တယ်။ ဥပမာ … နာမည် ကြီးတဲ့ တချို့ကြယ်တွေဟာ ဘယ် တော့မှမကြွေကျသလိုပေါ့ ။ တချို့ ကြယ်ကလေးတွေကတော့ ကြွေသွား မှပဲ သူတို့တည်ရှိခြင်းကို အသိအမှတ် ပြုလိုက်ကြတာမျိုး ။ ဗင်းဆင့်ဗန်ဂိုးရဲ့ နှလုံးသားဆီ အချိန်ပြောင်းပြန်ခရီးဆန့်ပြီးများ ဝင်ကြည့်ရင် ဘယ်လိုများ နေမလဲ။ သူကတော့သူချစ်တဲ့ အမျိုး သမီးအတွက် တောင့်တတဲ့ အရာ ဝတၳုတိုင်း ဖြည့်စွမ်းနိုင်ရုံနဲ့ပဲ သူ့ဘဝ၊ သူ့အနုပညာကို ကျေနပ်သွားခဲ့ သလား။

လေပြေချမ်းချမ်း


No comments