Header Ads

ပြည်သူ့အတွက်ပဉ္စမခြေလှမ်း





ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့ ရဲ့ ပဉ္စမပုံမှန်အစည်းအဝေးများ ကတော့ သြဂုတ် ၃၁ ရက်မှာ ပြီး ဆုံးခဲ့ပါပြီ။

မေလ ၁၈ ရက်ကစတင်ခဲ့ တဲ့ ဒီအစည်းအဝေးများဟာ ကာလအားဖြင့် သုံးလခွဲခန့်ကြာ မြင့်ခဲ့ပါတယ်။ ကျင်းပရက်အား ဖြင့်ကတော့ ပြည်ထောင်စုလွှတ် တော်က ၂၁ ရက်၊ ပြည်သူ့လွှတ် တော်က ၅၄ ရက်နဲ့ အမျိုးသား လွှတ်တော်က ၅၃ ရက်အသီးသီး ကြာမြင့်ခဲ့ပါတယ်။ ကျင်းပပြီးစီး ခဲ့တဲ့ ပုံမှန်အစည်းအဝေးငါးကြိမ် ထဲမှာ ကျင်းပကာလအရှည်ကြာ ဆုံးအစည်းအဝေးလည်း ဖြစ်ပါ တယ်။

အမျိုးသားလွှတ်တော်

မေလ ၁၈ ရက်ကနေသြဂုတ် ၃၁ ရက် အထိကာလအတွင်း ၅၃ ရက် ကျင်းပခဲ့တဲ့ အမျိုးသားလွှတ် တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၂၃၅ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၂၀၈ ခုမေးမြန်းခဲ့ပါတယ်။ ကြယ် ပွင့်ပြမေးခွန်းတွေထဲက မေးခွန်း ၅၀ ကျော်ဟာဆိုရင် မဲဆန္ဒနယ် မြေတစ်ခုတည်းကိုသာမကဘဲ ပြည်သူအများစုကို ကိုယ်စားပြု တဲ့ မေးခွန်းများအဖြစ်ပါဝင်ခဲ့ပါ တယ်။

အဲဒီမေးခွန်း ၅၀ ကျော်ထဲမှာ ကလေးလုပ်သားတွေ လုပ်ငန်း ခွင်ကနေတစ်ဆင့် အသက်မွေးမှု သင်တန်းကျောင်းတွေမှာ ပညာ သင်ကြားနိုင်ဖို့၊ ကလေးလုပ်သား လျှော့ချနိုင်ရေး အစိုးရက မူဝါဒ ရေးဆွဲပြီး ထိရောက်တဲ့ စီမံချက် ဥပဒေတွေရေးဆွဲဆောင်ရွက်ဖို့၊ တောင်သူလယ်သမားတွေကို ငွေ ထုတ်ချေးပေးဖို့ စီမံကိန်းတွေနဲ့ ငွေထုတ်ချေးပေးနေတဲ့ အခြေအ နေကိုသိလိုခြင်း၊ ပြည်သူ့လုံခြုံ ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စ၊ အိမ်အကူလုပ်သားတွေ ပြည်ပကို တရားမ၀င်သွားရောက်နေခြင်း ကာကွယ်တားဆီးပေးဖို့စတဲ့ မေး ခွန်းတွေပါဝင်ခဲ့ပါတယ်။

အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းကိုကြည့်မယ်ဆိုရင် အဆို စုစုပေါင်း ခြောက်ခုတင်သွင်းခဲ့ပြီး လေးခုအတည်ပြု၊ တစ်ခုမှတ် တမ်းတင်နဲ့ ဆက်လက်ဆွေးနွေးဖို့ အဆိုတစ်ခု ကျန်ရှိခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အဆိုတွေထဲမှာ ကျောင်းစာသင်ရိုးညွှန်းတမ်းထဲ မှာ မျိုးဆက်ပွားကျန်းမာရေး၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်တွေအဖြစ် သင်ကြား ပေးဖို့၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှုနဲ့ပတ် သက်ပြီး ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့၊ ကလေး အားကစားကွင်း အယောင် ဆောင်  အကြွေစေ့သုံးလောင်း ကစားဂိမ်းဆိုင်တွေ ဖွင့်လှစ်နေတဲ့ အပေါ် စိစစ်ဖော်ထုတ်ပိတ်သိမ်းအရေးယူပေးဖို့၊ ငါးလုပ်ငန်းဆိုင် ရာ တက္ကသိုလ်တစ်ခုဖွင့်လှစ်ပေး ဖို့၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ် ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ ၀င်တွေကို အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေအရ အရေးယူပေး ဖို့ဆိုတဲ့ ကိစ္စရပ်တွေပါဝင်ခဲ့ပါ တယ်။

ဥပဒေပြုရေးအပိုင်းကိုကြည့် မယ်ဆိုရင် ဥပဒေကြမ်းခုနစ်ခုကို ပြင်ဆင်ချက်နဲ့အတည်ပြုခဲ့ပြီး ဥ ပဒေကြမ်းနှစ်ခုကို ပြည်သူ့လွှတ် တော်ရဲ့ ပြင်ဆင်ချက်အတိုင်း အ တည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်

မေလ ၁၈ ရက်ကနေသြဂုတ် ၃၁ ရက်အထိကာလအတွင်း ၅၄ ရက်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ် တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၃၁၀ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၇၂၉ ခု မေးမြန်းခဲ့ပါတယ်။ ကြယ် ပွင့်ပြမေးခွန်းတွေထဲက မေးခွန်း ၁၀၀ ကျော်ဟာဆိုရင် မဲဆန္ဒနယ် မြေတစ်ခုတည်းကိုသာမကဘဲ ပြည်သူအများစုကို ကိုယ်စားပြု တဲ့ မေးခွန်းများအဖြစ်ပါဝင်ခဲ့ပါ တယ်။

အဲဒီမေးခွန်းတွေထဲမှာဆို ရင် အစိုးရ၀န်ထမ်းတွေ လစာ တိုးပေးဖို့၊ ကျယ်ပြန့်စွာပျံ့နှံ့နေ တဲ့ ငွေစက္ကူအတုတွေနဲ့ပတ်သက် ပြီး ဖြေရှင်းပေးဖို့၊ မသန်စွမ်းသူ များ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာနဲ့ပတ်သက်တဲ့မေးခွန်း၊ တောင်သူ လယ်သမားများရဲ့ ထွက်ကုန်သီးနှံတွေ ဈေးကောင်း ရရှိရေး အစိုးရက ဈေးကွက်ရှာဖွေ ပေးဖို့၊ တောင်သူလယ်သမားများ အတွက် ချေးငွေထုတ်ပေးဖို့၊ ပြည်သူ့ရဲတပ်ဖွဲ့အတွက် ဖြည့် ဆည်းပေးသင့်တာတွေ ဖြည့် ဆည်းပေးဖို့၊ ပြည်တွင်းစစ် ဘေး ဒဏ်သင့်၊ စစ်ဘေးရှောင်ပြည်သူ တို့အရေး၊ မူလတန်းအရွယ်က လေးငယ်များ အခမဲ့မသင်မနေရ ပညာရေးစနစ် အကောင်အထည် ဖော်မှုအခြေအနေ၊ လျှပ်စစ်မီး မပြတ်တောက်စေရေး စီမံဆောင် ရွက်ပေးဖို့၊ မြေသိမ်းခံရတဲ့ လယ် သမားတွေအပေါ် တရားစွဲဆိုနေ ခြင်းကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ် ဂိတ်ကပြန်လည်ဝင်ရောက်လာ တဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားများကို ကူညီပေးရေးစတဲ့ မေးခွန်းတွေ ပါဝင်ခဲ့ပါတယ်။

အဆိုတင်သွင်းဆွေးနွေးမှု အပိုင်းကိုကြည့်မယ်ဆိုရင် အရေး ကြီးအဆိုနှစ်ခုအပါအ၀င် အဆို စုစုပေါင်း ၂၃ ခုတင်သွင်းခဲ့ပါ တယ်။ အဲဒီထဲက အဆို ၁၁ ခုကို အတည်ပြုခဲ့ပြီး ၁၂ ခုကို မှတ် တမ်းတင်ခဲ့ပါတယ်။ တင်သွင်း ဆွေးနွေးခဲ့တဲ့အဆိုတွေထဲမှာ အ လုပ်လက်မဲ့ပြဿနာများ လျော့ နည်းကျဆင်းရေး၊ အဂတိလိုက် စားမှု(လာဘ်ပေးလာဘ်ယူမှု)ကျဆင်းရေး၊ ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာကိစ္စ၊ တောင်သူ လယ်သမားများအတွက် သီးနှံ အာမခံလုပ်ငန်းများ အကောင်အ ထည်ဖော်ရေး၊ သစ်မှောင်ခို၊ သစ်ခိုးထုတ်မှုတွေကို ဥပဒေနဲ့ အညီ ထိရောက်စွာဖြေရှင်းပေး ရေး၊ မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအစွန်း ရောက်အရေးတို့အပါအ၀င် အ ရေးကြီးအဆိုနှစ်ခုဖြစ်တဲ့ မစ္စရန် ဟီးလီရဲ့သတင်းထုတ်ပြန်ချက် ကို ပြင်းထန်စွာကန့်ကွက်တဲ့ အ ရေးကြီးအဆိုနဲ့ ရာသီတုပ်ကွေး ရောဂါဆိုင်ရာ အရေးကြီးအဆို တို့ပါဝင်ခဲ့ပါတယ်။

ဥပဒေပြုရေးအပိုင်းကိုကြည့် မယ်ဆိုရင် ဆွေးနွေးဆောင်ရွက်ခဲ့ တဲ့ ဥပဒေကြမ်း ၃၃ ခု ရှိပါတယ်။ အဲဒီထဲက ဥပဒေကြမ်း ၁၆ ခုကို အတည်ပြုနိုင်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ဖို့ ၁၇ ခုကျန်ရှိပါ တယ်။

ပြည်ထောင်စုလွှတ်တော်

မေလ ၁၈ ရက်ကနေသြဂုတ် ၃၁ ရက်အထိကာလအတွင်း ၂၁ ရက်ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေပေါင်း ၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ဥပဒေသစ်ရှစ်ခု၊ ပြင်ဆင်တဲ့ဥပဒေ ၁၁ ခု၊ ရုပ်သိမ်း တဲ့ဥပဒေတစ်ခုတို့ ပါဝင်ခဲ့ပါ တယ်။ အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနဲ့ ကုန်သွယ်လုပ်ငန်း ခွန်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကြမ်းတွေကို လွှတ်တော်ရဲ့သ ဘောတူညီချက်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ ပြန်လည်ပေးအပ် ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက အဆို ပြုတင်ပြတဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးလေး  ဦး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်နှစ်ဦး၊ မြန် မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌသုံးဦးနဲ့ ဒါရိုက်တာအဖွဲ့ဝင် ငါးဦးခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်ရဲ့သဘောတူညီချက်ရယူပေးခဲ့ပါတယ်။

ခြေရာကောက်ခြင်း

ဒီချုပ်အစိုးရလက်ထက် ကျင်းပပြီးစီးခဲ့တဲ့ လွှတ်တော်အ စည်းအဝေးငါးကြိမ်ထဲမှာ အ စည်းအဝေးကျင်းပကာလ စံချိန် တင်ခဲ့တဲ့ ပဉ္စမပုံမှန်အစည်းအဝေး မှာ အများပြည်သူကြားထိုးထိုး ဖောက်ဖောက်ရောက်ရှိခဲ့၊ ဝေဖန် ထောက်ပြခဲ့ကြတဲ့ ကိစ္စရပ်တချို့ ရှိခဲ့သလို လွှတ်တော်တွင်းကိုယ် စားလှယ်များအကြား သဘော ထားကွဲလွဲမှု၊ ကန့်ကွက်မှုတွေနဲ့သက်ဝင်လှုပ်ရှားစေခဲ့တဲ့ အစည်း အဝေးလို့လည်း ဆိုရမှာဖြစ်ပါ တယ်။

ပြည်သူလူထု စိတ်ဝင်တ စားအာရုံစိုက် စောင့်ကြည့်ခဲ့ရတဲ့ ရာသီတုပ်ကွေးရောဂါအသိပညာ ပေးကာကွယ်ရေးအတွက် တင် သွင်းတဲ့အရေးကြီးအဆို၊ အစွန်း ရောက်အကြမ်းဖက်သမားများ အရေးတင်သွင်းတဲ့ အဆို၊ ဆက် သွယ်ရေးဥပဒေ ပြင်ဆင်ခြင်းတို့ ဟာ လွှတ်တော်ကို လှုပ်လှုပ်ခတ် ခတ်ဖြစ်စေခဲ့ပါတယ်။ မျှော်လင့် ထားတဲ့ ရလဒ်မျိုးထွက်ပေါ်မလာ ခြင်းအတွက် အများပြည်သူကြား ဝေဖန်သံတွေလည်း ညံစီခဲ့ပါ တယ်။

ဒီတစ်ကြိမ်အစည်းအဝေး မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောကြားချက်၊ သတိပေးချက် တော်တော်များများ ရှိခဲ့တာကို လည်း သတိပြုမိပါတယ်။ လယ် မြေအသိမ်းခံရသလို တရားစွဲခံ နေရတဲ့ တောင်သူလယ်သမား တွေအရေးနဲ့ပတ်သက်ပြီး တရား ဥပဒေဟာဘာလဲလို့ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ကို မေး ခွန်းထုတ်ခဲ့တာ၊ ကိုယ်စားလှယ် တွေအနေနဲ့ မိမိမဲဆန္ဒနယ်က ဘတ်ဂျက်ကို စိစစ်ဖို့၊ တင်ဒါခေါ် ယူတဲ့ကိစ္စတွေမှာ ကိုယ်စားလှယ် တွေ လုံးဝမပါဝင်ဖို့၊ တရားသူကြီး နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မဟုတ်မမှန် လုပ်ရပ်တွေကို အချက်အလက် တိတိကျကျနဲ့ တိုင်ကြားဖို့ပြောဆိုသတိပေးချက်တွေကို ပြုခဲ့သလို စီမံကိန်းမလုပ်ဖြစ်တဲ့ လယ်ယာ မြေတွေကို မူလတောင်သူများထံ မှန်မှန်ကန်ကန်ပြန်ပေးဖို့ အစီအ စဉ်ရှိ၊ မရှိဆိုပြီး ဆိုင်ရာဝန်ကြီး ဌာနဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကို မေးခွန်းထုတ်တာတွေရှိခဲ့ပါ တယ်။ ဥက္ကဋ္ဌရဲ့ ဒီပြောဆိုမှု၊သတိ ပေးမှု၊ မေးခွန်းထုတ်မှုတွေဟာ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုပြောဆိုခြင်း ဖြစ်တာကို တော့ အသိအမှတ်ပြုရပါလိမ့် မယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ နှုတ်ခွန်းဆက်စကားမှာလည်း အ တည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဟာ ပြည်သူကို အကာအကွယ် မပေးနိုင်တဲ့ ဥပဒေတွေဖြစ်နေရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို နှောင့်နှေးစေနိုင်တယ်ဆိုတာ ကို အထူးသတိပြုဖို့၊ တင်းကျပ်တဲ့ ဥပဒေတွေက ပြင်းထန်တဲ့ အုပ် ချုပ်မှုပုံစံ(Extremism)နဲ့ ဥပဒေ အရအုပ်ချုပ်ခြင်းပုံစံ(By the Law)များကို ဦးတည်သွားစေနိုင် ကြောင်း၊ ဥပဒေဟာ ဖိနှိပ်ချုပ် ချယ်ဖို့အတွက် မဟုတ်ဘဲ အခြေ ခံလူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်နိုင်မှသာ လူထုအ ကျိုးပြုဥပဒေတွေအဖြစ် ပြည်သူ က အားကိုးယုံကြည်လာမှာဖြစ် ကြောင်း၊ ပြည်သူလူထုနဲ့ ကင်း ကွာမနေဘဲ ပြည်သူ့ကြားက ပြည် သူ့ကိုယ်စားလှယ်များအဖြစ် စဉ် ဆက်မပြတ် ထိတွေ့ဆက်ဆံ ဆောင်ရွက်ပေးကြဖို့၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလည်း ကြပ် ကြပ်မတ်မတ် ဆောင်ရွက်ပေးကြ ဖို့တို့ကို ထည့်သွင်းပြောကြားခဲ့ပါ တယ်။ ဒီပြောကြားချက်များဟာ ပြည်သူ့အကျိုးကို သယ်ပိုးနေကြ တဲ့ လွှတ်တော်ကိုယ်စားလှယ်များ အလေးဂရုပြုသင့်တဲ့ စကားများ ဖြစ်ပါတယ်။

သုံးလခွဲခန့်အချိန်ယူကျင်းပ ခဲ့တဲ့ ပဉ္စမပုံမှန်အစည်းအဝေးက တော့ ပြီးဆုံးခဲ့ပါပြီ။ ဒီအစည်းအ ဝေးမှာလည်း လွှတ်တော်ရဲ့အဓိ ကလုပ်ငန်းစဉ်ဖြစ်တဲ့ ဥပဒေပြု ခြင်းနဲ့အတူ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းတွေ ပြုခဲ့ရာ မှာ ပြည်သူလူထုအကျိုးရှေးရှုမှု တွေနဲ့ပတ်သက်ပြီး အသိအမှတ် ပြုပေးခဲ့ကြသလို တချို့သော ဆောင်ရွက်ချက်တွေမှာ ပြည်သူ လူထုအကျိုးစီးပွားကို မျက်ကွယ် ပြုခဲ့တယ်ဆိုတဲ့ ဝေဖန်ထောက်ပြ မှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ထပ်လျှောက်လှမ်း လာဦးမယ့် ဆဋ္ဌမပုံမှန်အစည်း အဝေးမှာရော ပြည်သူလူထုအ ကျိုးအတွက် ဘယ်လိုခြေလှမ်း တွေလှမ်းပြီး ဘယ်လိုခြေရာတွေ ထင်ကျန်ရစ်ဦးမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်သွားကြ ရဦးမှာဖြစ်ကြောင်းပါ။

ကိုးကား -

လွှတ်တော်အစည်းအဝေးမှတ် တမ်းများ။

ပြည်ထောင်စုလွှတ်တော်နာယ က ရှင်းလင်းပြောကြားချက်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှုတ် ခွန်းဆက်စကား။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှုတ် ခွန်းဆက်စကား။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)


No comments