Header Ads

နောက်ဖေးလမ်းကြားထဲမှလိမ္မော်ရောင်လူသားများရဲ့ဘဝ

ပလတ်စတစ်အမှိုက်များ၊ စားကြွင်းစားကျန်များဖြင့် ပြည့်နှက်နေရုံ သာမက တိုက်နံရံများတွင်ပါ မြင်မကောင်းအောင် အမှိုက်များ တွဲလောင်းကျနေပြီး အနံ့အသက် ပါ ဆိုးရွားသော အိမ်နောက်ဖေး လမ်းကြား တစ်နေရာတွင် ဂေါ် ဖြင့် အမှိုက်များကို ဆွသူကဆွ၊ ညစ်ပေသည့် အမှိုက်များကို ပုံးထဲထည့်၍ သိမ်းသူက သိမ်းဖြင့် လှုပ်ရှားနေကြသည်။

ဓာတ်ပုံ−နစ်ကီ

ယင်းနောက်ဖေးလမ်းကြား တွင် သာမန်လူတစ်ယောက်အဖို့ ကြာကြာနေနိုင်မည်မဟုတ်သော် လည်း လိမ္မော်ရောင် အင်္ကျီဆင် တူဝတ် သန့်ရှင်းရေးလုပ်သားများ ကတော့ အနံ့အသက်ဒဏ်ကို မမှု သည့်အလား အေးဆေးစွာပင် သန့်ရှင်းရေးလုပ်ဆောင်နေသည်။

လမ်းဘေးတွင် အမှိုက်မပစ် ရဆိုသော်လည်း လမ်းသွားရင်း အမှိုက်တစ်စ ပစ်ချခဲ့ပါက ယင်း အမှိုက်စကို လူတစ်စုက ကောက် ယူရှင်းလင်းသွားပါလိမ့်မည်။

စားကြွင်းစားကျန် အမှိုက် များ ပြည့်လျှံနေသည့် အမှိုက်ပုံး များဘေးမှ ဖြတ်သွားမိလျှင်ပင် နှာခေါင်းရှုံ့ အသက်အောင့်၍ သွားလာမည်ဖြစ်သော်လည်း လူ တစ်စုက မညည်းမညူ ကိုင် တွယ် သိမ်းဆည်းပေးမည်ဖြစ် သည်။

အိမ်ပြန်ရောက်ချိန် စားကြွင်း စားကျန်အမှိုက်ဖြစ်စေ၊ ပလတ် စတစ်အမှိုက်များဖြစ်စေ နေအိမ် အပေါ်ထပ်မှ နောက်ဖေးလမ်း ကြားသို့ အလွယ်တကူ ပစ်ချမိ မည်ဖြစ်ပြီး ဟိုအခန်း သည်တစ် ခန်းများက ပစ်ချသော အမှိုက်များဖြင့် တစ်စထက်တစ်စ စုပုံလာ သည့် အမှိုက်များကိုလည်း၎င်းတို့ကပင် မရွံမရှာ ရှင်းလင်းပေးမည် ဖြစ်ပါသည်။

ယင်းလူတစ်စုသည် လိမ္မော် ရောင်လုပ်သားများဟု ခေါ်သည့် သန့်ရှင်းရေးဝန်ထမ်းများပင် ဖြစ် သည်။

ပြည်သူတစ်ဦးတစ်ယောက် ၏ တာဝန်သည် နေအိမ်မှထွက်ရှိ သည့် အမှိုက်များကို စနစ်တကျ ထုပ်ပိုး၍ လမ်းထိပ်ရှိ အမှိုက်ပုံး သို့ စနစ်တကျ စွန့်ပစ်ရမည့် ဖြစ်သော်လည်း အချို့သည် ကြုံသလို စွန့်ပစ်ခြင်းကြောင့် အမှိုက်စများ၊ ဆိုးရွားသည့်အနံ့ အသက်များနှင့် ရန်ကုန်မြို့တော် ကြီးမှာ အကျည်းတန်နေပါသည်။

ယင်းအမှိုက်များကို ရှင်း လင်းရေး တာဝန်ယူထားသည့် သန့်ရှင်းရေးလုပ်သားများ သည် လမ်းကြိုလမ်းကြားများနှင့် လမ်းမများက စည်းကမ်းမဲ့အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ နေ အိမ်များမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များ သိမ်းဆည်းခြင်း၊ နောက်ဆုံး အမှိုက်ပုံသို့ စွန့်ပစ် ခြင်းများကို နေ့ဆိုင်း၊ ညဆိုင်းခွဲ ကာ ပုံမှန်ပြု လုပ်ရသကဲ့သို့ စီမံ ချက်ဖြင့် လုပ်ဆောင်ရသည့် နောက်ဖေးလမ်းကြား အမှိုက်ရှင်း လင်းခြင်း၊ ရေစီးရေလာကောင်း မွန်ရေးများတွင်လည်း ပါဝင်လုပ် ဆောင်ရသည်။

ပုံမှန်လုပ်ဆောင်နေကျ ဝတ္တရားများဖြစ်သည့်အမှိုက်လှည်း ခြင်း၊ သိမ်းဆည်းခြင်းတို့ကို ပြု လုပ်ရသည်မှာ လွယ်ကူသော် လည်း ညစ်ပတ်နံစော်နေသည့် မြောင်းအတွင်းနှင့် နောက်ဖေး လမ်းကြားတွင်တော့ သူတို့သည် လည်း သာမန်လူသားများဖြစ်၍ မသက်သာပေ။

‘‘နောက်ဖေးလမ်းကြားတွေ ဆို အမှိုက်တွေက နည်းတာ မဟုတ်ဘူး။ ညစ်ပတ်သေးတယ်။ တစ်ခါဆို အမှိုက်ထုကြီးက ဒူး အထိတောင်ရှိတယ်။ အဲဒါတွေ ကို ခက်ရင်းနဲ့ဆွပြီးတော့ ရှင်းခဲ့ရ တယ်’’ဟု နောက်ဖေးလမ်းကြား အမှိုက်ရှင်းလင်းရေးကို လုပ် သက်သုံးနှစ်နီးပါး ဖြတ်သန်းခဲ့ သည့် သန့်ရှင်းရေးလုပ်သား ကိုသန်းစိုးဦးက ပြောသည်။

ကမာရွတ်မြို့နယ် သန့်ရှင်း ရေးလုပ်သား ကိုသန်းစိုးဦးသည် လည်း ပုံမှန်တာဝန်ဖြစ်သည့် အမှိုက်သိမ်းဆည်းရေးတာဝန် များကို ညဘက်တွင်ညဆိုင်း အဖြစ် လုပ်ကိုင်ရသည့်အပြင် နောက်ဖေးလမ်းကြား အမှိုက်ရှင်း လင်းရေး၊ ရေစီးရေလာကောင်း မွန်ရေး စီမံချက်များတွင်လည်း ပါဝင်လုပ်ကိုင်ရသည်။

အသက် (၃၀)အရွယ် ကိုသန်းစိုးဦးအတွက် တစ်ခါတစ် ရံ မိလ္လာပိုက် ချို့ယွင်းမှုကြောင့် အညစ်အကြေးတွေ ရုတ်တရက် ထွက်လာချိန် နံစော်နေသည့် အမှိုက်များကြောင့် စိတ်ရှုပ်ရ သည့်အချိန်များတွင် ယခုလုပ် ကိုင်နေသည့် အလုပ်ကို စွန့်ခွာ ချင်စိတ်မျိုး ဖြစ်မိသည်။ သို့သော် စည်ပင်ဝန်ထမ်းတစ်ဦးအတွက် နေထိုင်ရေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုများ ခံစားခွင့်က မိသားစု အတွက် အတော်အဆင်ပြေလှ သည်။ ကိုသန်းစိုးဦး၏ဇနီးသည် လည်း စည်ပင်ဝန်ထမ်းဖြစ်ပြီး ၎င်းတို့တွင် သားသမီးနှစ်ဦးရှိ သည်။ လုပ်ခလစာမှာ တစ်ရက် လျှင် ၃,၆၀၀ ကျပ်နှုန်း ရှင်းပေး သဖြင့် စားဝတ်နေရေးလည်း အဆင်ပြေသည်ဟုဆိုသည်။

‘‘တချို့အိမ်တွေဆို မိလ္လာ ပိုက်တွေက မပြင်ထားတော့ ရေ လောင်းချတဲ့အချိန် ဝေါခနဲဆို ကျလာပြီး သန့်ရှင်းရေးလုပ်သား တွေကို စင်ကုန်ရော။ တစ်ခါဆို အောက်မှာရှင်းနေတုန်း အပေါ် ကနေ အမှိုက်ထုပ်က ဘုတ်ဆို ကျလာတာရှိသေးတယ်’’ ဟု ကိုသန်းစိုးဦးက ပြောသည်။

လိမ္မော်ရောင်သန့်ရှင်းရေး လုပ်သားများ ကြုံတွေ့ရသည့် အန္တရာယ်တစ်ခုသည် ထိရှနိုင် သည့် ဖန်စ၊ မှန်ကွဲစ၊ ပုလင်းကွဲစ များ ပင်ဖြစ်သည်။ အမှိုက်စွန့်ပစ် ရာတွင် အချို့နေအိမ်များမှ ကွဲရှ ထားသည့်ပစ္စည်းများကို ကြုံ သလို စွန့်ပစ်သည့်အတွက် အမှိုက်သိမ်းဆည်းရာတွင် မသိ ဘဲ ကိုင်မိရာက ထိခိုက်မှုများ ကြုံ တွေ့ရသည်ဟုဆိုသည်။

‘‘တချို့တွေက ပုလင်းကွဲ တွေကို ဒီတိုင်းပစ်တော့ အမှိုက် ကိုင်ရင်း မမြင်ဘဲ လက်နဲ့ကိုင် လိုက်လို့ ရှသွားတာမျိုး ကြုံရ တယ်’’ ဟု ကိုသန်းစိုးဦးက ပြော သည်။ထို့အပြင် နောက်ဖေးလမ်း ကြားအမှိုက်များ၊ စွန့်ပစ်အမှိုက် များကို အမြဲတစေ ထိတွေ့နေရ သည့် လိမ္မော်ရောင်လုပ်သားများ အနေဖြင့် ရောဂါဘယများ လည်း ကြုံတွေ့နိုင်သေးသည်။

မြောင်းဖော်သူ၊ သန့်ရှင်း ရေးလုပ်သူ စည်ပင်ဝန်ထမ်းများ အနေဖြင့် Leptospirosis ဟုခေါ် သော ကြွက်သေးမှဖြစ်ပွား ရရှိ သည့် အသည်းရောင်ရောဂါများ၊ ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ခြင်းကို သထိထားရ မည်ဖြစ်သည်။

‘‘သူတို့က မသန့်တာတွေနဲ့ ထိတွေ့ရတော့ အရေပြားရောဂါ တွေလည်း သတိရှိရမယ်။ အဓိက ကတော့ Personal Safety ရှိဖို့ ပဲ။ မြန်မာပြည်မှာလုပ်နေကြတာ အန္တရာယ်များတယ်။ ဒီအတိုင်းကို ချနေကြတာ။ ပြီးတော့ အမှိုက် သိမ်းတဲ့သူတွေလည်း တချို့ တလေ အပ်စူးမိတာမျိုးမဖြစ် အောင် လက်အိတ်ဝတ်ဖို့၊ လက် အိတ်ဆိုတာမှာလည်း ပြီးပြီးရော မဟုတ်ဘဲ သတ်မှတ်ချက်ရှိတဲ့ အထူလိုမျိုး ကာကွယ်ရေးဝတ်စုံ တွေ သုံးစွဲရမှာပါ’’ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်သက်စိုးက ပြောသည်။

ထို့အပြင် နေ့စဉ် အမှိုက် သရိုက်များနှင့် ထိတွေ့နေရ သဖြင့် အဆုတ်ကို ဒုက္ခပေးနိုင် ခြင်း၊ ဝမ်းကိုက်ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါတို့အပြင် အူ ရောင်ငန်းဖျား (တိုက်ဖွိုက်)ရော ဂါနှင့် အရေပြားရောဂါများ ဖြစ် ပေါ်နိုင်သည်ဟု ဆရာဝန်ကြီးများ က ဆိုသည်။

‘‘သူတို့မှာ ရောဂါရဖို့ ဖြစ် နိုင်ခြေ အများကြီးရှိတာပေါ့။ ဒါ ကြောင့် အလုပ်လုပ်ကိုင်တဲ့အခါ မှာ Mask တပ်ရမယ်။ လက်အိပ် ကို တံတောင်ဆစ်ထိ စွပ်ထားရ မယ်။ ဘွတ်ဖိနပ်စီးရမယ်။ အလုပ်ပြီးရင်လည်း တစ်ကိုယ် လုံးကို ဆပ်ပြာတိုက်ပြီး ဆေး ကြောရမယ်။ ဆေးရုံအမှိုက် သရိုက်ကို သွားကိုင်လို့ အပ်စူးမိ ပြီး အိတ်ခ်ျအိုင်ဗီလိုမျိုးတွေလည်း ရနိုင်သေးတယ်။ အဲဒီအခါကျရင် ကာကွယ်ဆေးလိုမျိုး ချက်ချင်း ထိုးရမယ်’’ဟု ဒေါက်တာဘရွှေ က အကြံပြုသည်။

လက်ရှိတွင် စည်ပင်သာ ယာရေးကော်မတီ၊ ကျန်းမာရေး ဌာနအနေဖြင့် စည်ပင်သာယာ ရေးဝန်ထမ်းများ အားလုံးကို ဖျား နာမှုအပါအဝင် အခြေခံကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးနေ ပြီး ဘီပိုးကာကွယ်ဆေးများပါ ထိုးနှံပေးလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန ခေတ္တဌာနမှူး ဒေါက်တာသန်း သန်းလွင်က ရှင်းပြသည်။

‘‘စည်ပင်ဝန်ထမ်းတွေ အ ကုန်လုံးကို အလျဉ်းသင့်ရင် သင့် သလို ပေးပါတယ်။ မြောင်းဖော် တဲ့သူတွေ၊ သန့်ရှင်းရေးဝန်ထမ်း တွေ၊ ပန်းဥယျာဉ်အားကစားဝန် ထမ်းတွေ၊ တိမွေးကုဝန်ထမ်းတွေ နဲ့ စည်ပင်လက်အောက်က ဝန် ထမ်းတွေ အကုန်ပါတယ်။ အ သည်းရောင်အသားဝါဘီပိုး ကာ ကွယ်ဆေးလည်း ထိုးနှံပေးတယ်။ ဒါတွေကို ခရိုင်အလိုက် အလှည့် ကျ လုပ်နေတာပါ။ ပြီးတော့ Mobile Clinic ဖွင့်ပြီးတော့ စည် ပင်ကော်မတီဝင် ဝန်ထမ်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်’’ဟု ၎င်းကဆို သည်။

မြင်မကောင်းသည့် အမှိုက် များကို ရပ်ကွက်အားဖြင့် ကိုယ် ထူကိုယ်ထ ရှင်းလင်းသော်လည်း အရေးယူမှုအပိုင်း အားနည်း သည့်အပြင် စည်းကမ်းမဲ့သူများ ကြောင့် အမှိုက်များ ပြန်လည်ပစ် ချမြဲဖြစ်၍ စည်းကမ်းမဲ့အမှိုက် မပစ်ရေး၊ အမှိုက်စို၊ အမှိုက် ခြောက် ခွဲခြားစွန့်ပစ်ရေးအတွက် ပညာပေးမှုများ ပြုလုပ်ခြင်း၊ လမ်းဘေးဝဲယာများ လမ်းမတန်း များတွင် အမှိုက်ပုံးများ၊ အမှိုက် ကန်များ ထားရှိပေးသော်လည်း စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေ သေးသည့်အပြင် သန့်ရှင်းရေး လုပ်သားကြီးများ အားကြိုးမာန် တက် ရှင်းလင်းပေးခဲ့သည့် နောက်ဖေးလမ်းကြားများ မြောင်း များတွင် အမှိုက်များက ပြန်လည် နေရာယူမှုများ ရှိနေဆဲဖြစ်သည်။

ယင်းအတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်ရေး၊ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား၍ သတ်မှတ် အမှိုက်ပုံးများ၊ ကန်များသို့ အရောက်ပစ်ပေးရန် သန့်ရှင်းရေး လုပ်သားများက လိုလားကြ သည်။

အမှိုက်သိမ်းဆည်းမှု၊ ရှင်း လင်းမှုတို့သည် စည်ပင်နှင့်သက် ဆိုင်သည်ဆိုသော်လည်း ပြည်သူ များကိုယ်တိုင် ပြောင်းလဲကာ ကြုံ သလို အမှိုက်စွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ပူးပေါင်းပါဝင်သင့်ပြီး သို့မှသာ အမှိုက်ကင်းစင်ပြီး သန့်ရှင်းလှပ သည့် ရန်ကုန်မြို့တော် ဖြစ်လာ မည်။

‘‘အမှိုက်ပုံးထားပေးထားပေ မယ့် ပုံးထဲမထည့်ဘဲ ဘေးမှာပုံ ထားခဲ့တယ်။ အမှိုက်က ကန်ထဲ မှာမရှိဘူး။ ကန်ပတ်ပတ်လည်မှာ ချည်းပဲ။ နံလို့ဆိုပြီး အထဲကို မထည့်ဘဲ အပြင်မှာပဲ ပုံခဲ့ကြ တယ်။ သတ်မှတ်ထားတဲ့ အမှိုက် ကန်တွေမှာလာပြီး စွန့်ပစ်ပေးစေ ချင်တယ်’’ဟု ကိုသန်းစိုးဦးက ပြောသည်။


No comments