Header Ads

သစ်ပင်တွေစိုက်ကြစမ်းပါ



အပူရှိန်ကပြင်းလိုက်တာ။အရည်ပျော်သွားမလားတောင်အောက် မေ့ရတယ်။ ချောက်မြို့ဆိုတာက လည်း သိတဲ့အတိုင်းပဲလေ။ မြန်မာ နိုင်ငံမှာတော့ အပူဆုံးမြို့ထဲမှာ အပါအဝင် အပူချိန်ဇယားကို ကြည့်လိုက်တိုင်း ထိပ်ဆုံးက ရှိနေတဲ့မြို့။ ရေနံမြေဖြစ်နေတာက လည်း တစ်ကြောင်း၊ သစ်ကြီးဝါးကြီးပေါက်ရောက်မှုမရှိတာလည်း တစ်ကြောင်းဆိုတော့ ပူတာသိပ် တော့ မဆန်းပါဘူး။

ဒါပေမဲ့ ဒီအပူရှိန်ကို လျော့ ကျစေနိုင်တဲ့ နည်းတွေတော့ရှိခဲ့ ပါတယ်။ တစ်နိုင်တစ်ပိုင်သစ်ပင် တွေ စိုက်ပျိုးနိုင်ရင် အပူရှိန်လျော့ သွားမှာပါ။ မကွေးတိုင်းအတွင်း မှာ အပူရှိန်မြင့်တဲ့ မြို့တွေရှိသလို မန္တလေးတိုင်းအတွင်းမှာလည်း အပူရှိန်မြင့်တဲ့မြို့တွေ ရှိနေပါ တယ်။ အဲဒီမြို့တွေရဲ့အပူရှိန်တွေ ကို လျော့ကျစေဖို့ဆိုရင်တော့ သစ်ပင်တွေ များများစိုက်ဖို့ လိုပါ လိမ့်မယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့သစ်ပင်များနေ့ဆိုပြီး သစ်ပင်တွေ နှစ်တိုင်းစိုက်ခဲ့ဖူးပါတယ်။ စာရင်းဇယား တွေ ကြည့်လိုက်ရင်တော့ နှစ်စဉ် သစ်ပင်ပေါင်း သိန်းနဲ့သန်းနဲ့ချီပြီး ရှိတယ်။ တကယ်တမ်းဖြစ်ထွန်း တာဆိုလို့ လက်ချိုးရေရမလားမ သိဘူး။ တာဝန်အရ စိုက်ခဲ့လို့ လည်း သစ်ပင်တွေဟာ ရှင်သင့်သလောက် မရှင်ခဲ့ဘူး။ အ ကြောက်တရားနဲ့ စိုက်ခဲ့တဲ့သစ် ပင် ဘယ်မှာလာပြီးရှင်နိုင်ပါ့မလဲ။


တကယ်တမ်း စေတနာပါပါ အသိရှိရှိနဲ့ စိုက်နိုင်ကြမယ်ဆိုရင် တော့ သစ်ပင်ဆိုတာ မရှင်စရာ မရှိပါဘူး။ စိုက်ပြီးပြီဆိုရင်လည်း အဲဒီအပင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ပြီးပြီးရောဆိုပြီး ပစ်ထားလို့မရပါ ဘူး။ အမိန့်ကြောင့် စိုက်ခဲ့တဲ့သစ် ပင်တွေဟာ သေတဲ့အပင်က များ တယ်။ ရှင်တဲ့အပင်တွေကျပြန် တော့ သေးကွေးကြုံလှီပြီး လူစဉ် မမီဖြစ်ခဲ့ကြတယ်။

ကမ္ဘာကြီးဟာ တစ်နေ့တ ခြားအပူရှိန်တွေ မြင့်တက်လာနေ ပါပြီ။ ပင်လယ်ရေမျက်နှာပြင် တွေလည်း ဒီထက်ပိုပြီး မြင့်တက် လာစရာရှိနေပါတယ်။ ပင်လယ် ရေမျက်နှာပြင်မြင့်တက်လာပြီဆို ရင်တော့ အနိမ့်ပိုင်းဒေသတွေ၊ ကျွန်းတွေ၊ မြို့ကြီးပြကြီးတွေ ရေ အောက်ရောက်သွားမှာ မုချမလွဲ ပါပဲ။ အဲဒါကြောင့် ကမ္ဘာကြီးရဲ့ အချိန်ဇယားကို ဆွဲဆန့်နိုင်ဖို့ ကမ္ဘာ့အပူရှိန်တွေကို လျှော့ချပစ် ကြရပါတယ်။

ဖန်လုံအိမ်တွေ၊ စက်ရုံ၊ အ လုပ်ရုံတွေကို အတတ်နိုင်ဆုံးထိန်း ချုပ်ရပါတော့မယ်။ မလိုအပ်တဲ့ အပူရှိန် ထုတ်လွှတ်မှုတွေကို လည်း ထိန်းချုပ်ဖို့ လိုလာပါပြီ။ အထူးသဖြင့် ကန္တာရဖြစ်လာတဲ့ ဒေသတွေမှာ သစ်တောကြီးတွေ ဖန်တီးကြဖို့ လိုလာပါပြီ။

 ကမ္ဘာနဲ့ တစ်ဝန်းသစ်တော ဧရိယာတွေ လျော့နည်းလာသလို မြန်မာနိုင်ငံမှာလည်း သစ်တော ဧရိယာအနည်းအကျဉ်းပဲ ရှိပါ တော့တယ်။ သစ်တောတွေ ပြုန်း တီးလာခြင်းဟာ မိုးခေါင်ရေရှား ရပ်ဝန်းကို ဖြစ်ပေါ်စေသလို သ ဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လည်း ဖြစ်ပေါ်စေပါတယ်။ အထူး သဖြင့် ရာသီဥတုဖောက်ပြန်ပြီး သဲကန္တာရတွေ အမြန်ဆုံးဖြစ်ပေါ် လာနိုင်ပါတယ်။

အဲဒါကြောင့် ကျွန်တော်တို့ တစ်တွေ သစ်ပင်တွေကို စီမံကိန်း တစ်ရပ်ချပြီး စိုက်ကြဖို့ လိုပါပြီ။ အမိန့်နဲ့ စိုက်တာမျိုး၊ တာဝန်အရ ဝတ်ကျေတန်းကျေစိုက်တာမျိုး မဟုတ်ဘဲ အမျိုးသားရေးအသိနဲ့ စိုက်ဖို့ လိုအပ်နေပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့ ချောက်မြို့မှာ ရှိခဲ့ဖူးတဲ့ အင်္ဂလိပ် ဘီအိုစီကုမ္ပဏီရဲ့လုပ်နည်းလုပ် ဟန်လေးကို ပြောပြချင်ပါတယ်။ ချောက်မြို့ဆိုတာ သိတဲ့အတိုင်းပဲ လေ။ ပူစရာရှိရင်လည်း သိပ်ပူတဲ့ မြို့။ ဒါပေမဲ့ အဲဒီလောက်ပူတဲ့မြို့ ဟာ အင်္ဂလိပ်ခေတ်တစ်လျှောက် လုံး ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ သစ် ကြီးဝါးကြီးမပေါက်တဲ့မြို့မှာ သစ် တောကြီးတွေနဲ့ စိမ်းနေအောင် ဖန်တီးပေးနိုင်ခဲ့တယ်။

နယ်ချဲ့ အင်္ဂလိပ်အစိုးရ ခေတ်မှာ ရေနံကုမ္ပဏီအမြောက် အမြား ချောက်ကို ရောက်လာကြ တယ်။ ရေနံရှာဖွေကြတယ်။ တွေ့ တယ်။ အလုပ်သမားတွေ လိုလာ တယ်။ ရပ်ဝေးရပ်နီးက အလုပ် သမားတွေ အခြေချနေထိုင်လာ ကြတယ်။ ဒီလိုနဲ့ ချောက်မြို့လေး မှာ လူဦးရေထူထပ်လာတယ်။

နဂိုက ပူပြင်းခြောက်သွေ့တဲ့ မြို့မှာ လူနေအိမ်ခြေထူထပ်လာ တာနဲ့အမျှ ပိုပြီး ပူလာစရာရှိပါ တယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘီအိုစီ ကုမ္ပဏီက ချောက်ရေနံမြေမှာ သစ်ကြီးဝါးကြီးတွေကို စနစ်တကျ ပြုစုပျိုးထောင် စိုက်ပျိုးစေခဲ့တယ်။

လူနေအိမ်တွေမှာ တစ်အိမ် ထောင် တစ်ပင်ကျစီ ကုက္ကိုပင် တွေ၊ တမာပင်တွေကို စိုက်စေခဲ့ တယ်။ ဆုပေးခဲ့တယ်။ ကိုယ့်အိမ် ကိုယ်ရာမှာ အရိပ်ရအပင်စိုက်ရ မှာမို့ မပင်မပန်းစိုက်ခဲ့ကြတယ်။ နောက်ပြီး များများစားစားလည်း မဟုတ်ဘူး။ တစ်ပင်တည်းရယ်။ ဒီတော့ စိုက်တဲ့ တစ်ပင်ကိုလည်း ဂရုတစိုက်ရေလောင်းပေါင်းသင် ခဲ့ကြတယ်။ ရှင်လာတယ်။ ဒီနေ့ အထိ အဲဒီခေတ်က စိုက်ခဲ့တဲ့ ကုက္ကိုပင်ကြီးတွေ၊ တမာပင်ကြီး တွေ ရှိနေဆဲပဲ။ အဲဒီအပင်ကြီး တွေရဲ့ အရိပ်အာဝါသကို မှီခိုနေရဆဲပဲ ရှိနေသေးတယ်။

လမ်းဘေးတစ်လျှောက်မှာ ဆိုရင်လည်း တစ်ပင်နဲ့တစ်ပင် ပေငါးဆယ်၊ တစ်ရာခွာပြီး ကုက္ကို ပင်ကြီးတွေ၊ တမာပင်ကြီးတွေကို စိုက်ထားကြတယ်။ လမ်းအကျယ် ပေတစ်ရာမှာ ကုက္ကိုပင်တွေဟာ အစီအရီပေါက်နေကြတယ်။ ရေနံချောင်း၊ ချောက်လမ်းဘေးတစ် လျှောက် ဂွေးပင်ဂွေးချိုလမ်းမကြီး တွေမှာ နှစ်ပေါင်း ၇၀၊ ၈၀ ရှိနေ တဲ့ ကုက္ကိုပင်ကြီးတွေကို ဒီကနေ့ အထိ တွေ့နိုင်ပါသေးတယ်။

  လမ်းဘေးကုက္ကိုပင်ကြီး တွေဆိုတာ ကျွန်တော်တို့ ရေနံမြေဒေသတွေမှာတင် မကပါဘူး။ မြန်မာနိုင်ငံအနှံ့အပြား လမ်းဘေး ဝဲယာတစ်လျှောက်မှာ ဒီနေ့အထိ တွေ့မြင်နိုင်ပါတယ်။ မြို့တိုင်းနီး နီးလောက် လမ်းဘေးဝဲယာတွေ မှာ အရိပ်ရ ကုက္ကိုပင်ကြီးတွေ၊ ပိတောက်ပင်ကြီးတွေ၊ ညောင်ပင် ကြီးတွေကို တွေ့မြင်နိုင်ပါတယ်။

နဝတ၊ နအဖခေတ်တွေမှာ ဇူလိုင်လရောက်တိုင်း သစ်ပင် စိုက်တဲ့ ပွဲတော်တွေကို For Showလုပ်တာ တွေ့ဖူးကြမှာပါ။ ဝန်ကြီးတွေ၊ ဝန်ကလေးတွေ၊ ကတော် ကြီးတွေ၊ ကတော်လေးတွေက ရေပန်းကရားလေးတွေနဲ့ ရေလောင်း

စိုက်ခဲ့ကြတာလေ။ ပွဲလည်းပြီး ရော သစ်ပင်တွေလည်း ပြန်ကြည့် မယ့်သူမရှိလို့ သေကုန်ကြရော။

အဲဒီအကျင့်က ဒီခေတ်အထိ ရှိနေသေးတယ်။ စိုက်လည်းစိုက် ကြပါရဲ့။ တစ်ပင်မှလည်း ဟုတ် တိပတ်တိမရှင်ကြဘူး။ စိုက်ပြီး ပြန်မကြည့်တဲ့ သစ်ပင်စိုက်ပွဲ တော်ကြီးမှာ သစ်ပင်တွေမရှင် တာ မဆန်းပါဘူး။ ကျွန်တော်တို့ တစ်တွေလည်း ဒီလို ‘ပွဲပြီးမီးသေ’ စိတ်မျိုးတွေကို တော်လှန်နိုင်ကြရ ပါတယ်။ အရေအတွက်မလိုဘဲ အရည်အချင်းကို ဦးစားပေးဖို့လို ပါတယ်။ သစ်ပင်တွေ ထောင်ချီ သောင်းချီ စိုက်ဖို့မလိုပါဘူး။ တစ် ပင်စိုက်ရင် တစ်ပင်ရှင်ဖို့ပဲ လိုပါ တယ်။ ရှေးမြန်မာကြီးတွေဟာ အဲဒီလို တစ်ပင်စိုက်၊ တစ်ပင်ရှင် အောင် စိုက်ခဲ့ကြလို့ ဒီကနေ့ ကျွန် တော်တို့ အရိပ်အာဝါသတွေ ရ နေကြတာပါ။

အခု မိုးကျလာပါတော့မယ်။ တချို့ဒေသတွေမှာ မိုးကြီးလေကြီးတွေတောင် ကျနေပါပြီ။ ဇူလိုင်လဆိုရင်ပဲ သစ်ပင်စိုက်တဲ့ပွဲတော်ဆိုပြီး လာပါတော့မယ်။ ခေါင်းဆောင် ကြီးတွေကိုယ်တိုင် ရေပန်းကရား ကိုင်ပြီး သစ်ပင်စိုက်ကြပါတော့မယ်။

ကျွန်တော်တို့တစ်တွေ အ ပင်ရေထောင်ချီပြီး စိုက်ဖို့ မလိုပါ ဘူး။ တစ်ယောက်တစ်ပင် လောက်ပဲ ရှင်အောင်စိုက်မယ်ဆို ရင် မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅၀ ကျော်ရှိပါတယ်။ သစ်ပင် ပေါင်း သန်းနဲ့ချီပြီး ရှင်သန်ခဲ့မယ် ဆိုရင် နောက်အနှစ် ၂၀ ကြာတဲ့ အခါ မြန်မာနိုင်ငံဟာ ပြန်လည် စိမ်းစိုလာမှာ ဖြစ်ကြောင်းပါ ခင် ဗျာ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)


7daydaily မှ ကူးယူဖော်ပြပါသည်။


No comments