Header Ads

ကျောင်းနေခြင်းနှင့်ပညာရေး

ကျောင်းနေခြင်းကို ပညာရေးဟု ကြိမ်ဖန်များစွာ ယူဆတတ်ကြသော်လည်း အမှန်တကယ်၌ ပညာရေးနှင့် ကျောင်းနေခြင်းတို့အကြား များစွာကွဲပြားခြားနားသည်။ ပညာရေးဟူသော အသုံးအနှုန်းသည် အခြေခံအားဖြင့် အဓိပ္ပာယ်နှစ်မျိုး အကျုံးဝင်သည်။ ပညာရေးဟူသည် အသိပညာ ဗဟုသုတများ ရယူရာတွင် တရားဝင် နည်းလမ်းတကျအပြင် တရားဝင် မဟုတ်ဘဲ နည်းလမ်းတကျအတိုင်း မဟုတ်ဘဲ ရယူခြင်းမျိုးလည်း ပါဝင်သည်။ ကျောင်းနေခြင်းဟူသည် ကျောင်း၌သာ ဖြစ်ပွားသည့် တရားဝင် နည်းလမ်းတကျ ပညာသင်ယူခြင်းမျိုး ဖြစ်သည်။ ပညာရေးဟူသည် တရားဝင် နည်းလမ်းတကျသာမကဘဲ သက်တူရွယ်တူများနှင့် ဘ၀အတွေ့အကြုံများမှနေ၍ လေ့လာသင်ယူခြင်း၊ စာအုပ်များနှင့် အွန်လိုင်းရင်းမြစ်များမှတစ်ဆင့် ဖတ်ရှုသင်ယူခြင်းတို့ ကဲ့သို့သော တရားဝင်မဟုတ် နည်းလမ်းတကျ မဟုတ်သော သင်ယူခြင်းများလည်း ပါဝင်သည်။ ထို့ကြောင့် ကျယ်ပြောလှသော ပညာရေးနယ်ပယ်တွင် ကျောင်းနေခြင်းသည် တရားဝင်ပညာရေး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

နိုင်ငံအများစုတွင် တရားဝင် ကျောင်းပညာရေး၏ အစပြုအဆင့်များ ရှိကြသည်။ ကျောင်းနေသည့်အရွယ် မရောက်မီ အခြေခံပညာရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ကလေးငယ်များ အနေဖြင့် မူကြို၌ လေ့လာသင်ယူရခြင်း ဖြစ်သည်။ သမိုင်းတွင် ယနေ့ခေတ် ကျောင်းများနှင့် အလားတူသော ပညာရေး အင်စတီကျူးရှင်းများ ရှေးဟောင်းဂရိခေတ်၊ ရောမခေတ်နှင့် ရှေးဟောင်း အိန္ဒိယယဉ်ကျေးမှုတို့၌ ရှိခဲ့ကြောင်း အထောက်အထားများ ရှိသည်။ ရှေးခေတ်က တရားဝင်ပညာရေး အင်စတီကျူးရှင်းများသို့ တက်ရောက်ခွင့်ရသူများသည် အခွင့်ထူးခံများ ဖြစ်ကြောင်းနှင့် လူမှုအဆင့်အတန်းပေါ်၌ မူတည်ကြောင်း တွေ့ရှိရသည်။ သို့သော် ယနေ့ခေတ်တွင် ကျောင်းပညာရေးကို နိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ်ကြသည်။ နိုင်ငံများစွာတို့၌ အစိုးရကျောင်းများရှိပြီး ကျောင်းနေစရိတ်မှာလည်း အထွေထွေ လူထုတတ်နိုင်သည့် နှုန်းထားဖြစ်သည်။

ပုံမှန်အားဖြင့် ငါးနှစ်မှ ရှစ်နှစ်အရွယ် ကလေးများ ကျောင်းသို့ စတင်ဝင်ရောက်ရသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ အတန်းများ မြင့်တက်၍သွားသည်။ အစိုးရကျောင်း ဖြစ်စေ၊ ပုဂ္ဂလိကကျောင်း ဖြစ်စေ ကျောင်းများ အားလုံးတွင် သက်ဆိုင်ရာအသက် အုပ်စုအလိုက် အတန်းအလိုက် ရည်ရွယ်ထားသည့် သီးခြားသင်ရိုးများ ရေးဆွဲထားကြသည်။ ကျောင်း၌ရှိသော ကျောင်းသားများသည် စာသင်ခန်းဟူသော ဖွဲ့စည်းပုံထဲ၌ ဆရာများက လူသားရင်းမြစ်များအဖြစ် ဆောင်ရွက်ကာ ပညာသင်ကြား ကြရသည်။ ကျောင်းပညာရေး၌ သင်ကြားရေး လုပ်ငန်းစဉ်သည် ကြိုတင်အစီအစဉ် ချမှတ်ထားခြင်းဖြစ်ပြီး အရာရာနှင့် ပတ်သက်၍ တင်းကျပ်သော ဖွဲ့စည်းတည်ဆောက်ထားမှု ပါဝင်ကြောင်း သတိပြုရမည်ဖြစ်သည်။

ပညာရေးဟူသည့် အသုံးအနှုန်း၌မူ အသိပညာ ဗဟုသုတများ ရယူရာတွင် တရားဝင် စနစ်တကျ နည်းလမ်းများသာမက တရားဝင်မဟုတ်သည့် စနစ်တကျ ပြုလုပ်ထားခြင်းမရှိသော နည်းလမ်းများပါ ပါဝင်သည်။ ပညာရေးတွင် အခြေခံပညာရေးကို သင်ယူပြီးနောက် တက္ကသိုလ်/ကောလိပ်များနှင့် ဘွဲ့လွန်များအထိ အဆင့်ဆင့် မြင့်တက်သွားသော တရားဝင်နည်းလမ်းများ ပါဝင်သည်။ ပညာရေးနှင့် ပတ်သက်သည့် တရားဝင် နည်းလမ်းတကျ ရှုထောင့်မှာ စနစ်ကျသော၊ ကြိုတင်အစီအစဉ် ချထားသောနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ကြီးကြပ်သော စနစ်ဖြစ်သည်။ သို့သော် ပညာရေးတွင် သက်တူရွယ်တူများထံမှ လေ့လာသင်ယူခြင်း၊ လုပ်ငန်းခွင် အနေအထားများမှ သင်ယူခြင်း၊ စာအုပ်နှင့် အွန်လိုင်းကဲ့သို့သော ရင်းမြစ်များမှ သင်ယူခြင်း၊ ပညာရေး အင်စတီကျူးရှင်းများပြင်ပ၌ ဖြစ်ပွားသော ပို့ချမှုများကို တက်ရောက်ခြင်းတို့ ကဲ့သို့သော နည်းလမ်းတကျ မဟုတ်သည့် သင်ယူမှုများက ပို၍ပင် အရေးကြီးသည်။ ထို့ကြောင့် ပညာရေးနှင့် ပတ်သက်သော တရားဝင် မဟုတ်သည့် ရှုထောင့်မှာ နည်းလမ်းတကျ မဟုတ်သော၊ ကြိုတင်အစီအစဉ်ချ မထားသော၊ စနစ်တကျ ကြီးကြပ်မှုမရှိသော သင်ယူမှုဟု ဆိုနိုင်သည်။

ထို့ကြောင့် ကျောင်းနေခြင်းဟူသည် ကျောင်း၌သာဖြစ်ပွားသော တရားဝင် ပညာရေးစနစ်ကို ကိုယ်စားပြုပြီး ပညာရေးဟူသည် တရားဝင်သာမက တရားဝင်မဟုတ်သော နည်းလမ်းများဖြင့်ပါ အသိပညာ ဗဟုသုတများကို ရယူခြင်း ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။


No comments