ဖုန်းဘီလ်များ၏ဂယက်
ဓာတ်ပုံ−ကျော်ဇင်သန်း
လွန်ခဲ့သောသုံးနှစ်ကျော်ကစ၍ ခဲခြစ်စက္ကူ အောက်က ဂဏန်း ငယ်များက မြန်မာ့လူမှုဘ၀အ တွက် အရေးပါလာခဲ့သည်။ ထို ဂဏန်းငယ်များသည် ဖုန်းဘီလ် ဖြည့်သွင်းရသည့် လျှို့ဝှက်နံပါတ် များဖြစ်သည်။ မိုဘိုင်းဖုန်းများ ပေါပေါလောလောမရှိခင်၊ ဆက်သွယ်ရေးအော်ပရေတာများ ခေတ်မစားခင်က ကြိုတင်ငွေဖြည့်ကတ်များလည်း အရေးမပါကြသေးပါ။ ၂၀၁၅ အလွန် မိုဘိုင်းဖုန်းများ မှိုလိုပေါလာချိန်တွင်တော့ ငွေ ဖြည့်ကတ်များက လူမှုစီးပွား ဆက်သွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်လာကြသည်။
ပြဿနာက အဆိုပါ ဂဏန်း ငယ်များသည်အလောင်မြန်၊ အ စားမြန်သည့် လောင်စာများဖြစ် နေခြင်းပင်။ ဆက်သွယ်ရေး အော်ပရေတာအသီးသီး ပေါ် လာသည်ကစ၍ ပရိုမိုးရှင်းများ၊ ဈေးလျှော့ခြင်းများအပြိုင်လုပ် နေကြပြီး လူတန်းစားအလွှာ အ သီးသီးကို ဆွဲဆောင်နေကြသည်။
ထို့ကြောင့် ဖုန်းငွေဖြည့် ကတ်များက လူမှုဘ၀တွင် အ ရေးပါသလို နေ့စဉ်သုံးစွဲမှုအတွက် ငွေကုန်ပေါက် ၀န်ထုပ်တစ်ခု လည်း ဖြစ်လာသည်။
တစ်လောက ဆိပ်ကြီးခ နောင်တိုမြို့နယ်တွင် ဖုန်းဘီလ်အ ကြွေးမပေး၍ အိမ်မီးရှို့သည့် ဖြစ် စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းစာ စာမျက်နှာများပေါ်၌ ဖတ်ရှုခဲ့ရ သည်။ ဖြစ်စဉ်မှာ လင်မယားနှစ် ဦးက ဖုန်းဘီလ်ရောင်းသူတစ်ဦး ထံမှ လစဉ် ဖုန်းဘီလ်အကြွေးသုံး ပြီး လေးလကျော်သည်အထိ ဖုန်း ဘီလ်ဖိုးမချေနိုင်ခဲ့ဘဲ စုစုပေါင်း လေးသိန်းခန့်အထိ ရှိခဲ့သည်။ အကြွေးတောင်း၍ ငွေကျပ်လေး သိန်းမပေးနိုင်သောအခါ ဒေါသ ကြီးသော အကြွေးရှင်က အိမ်ကို ဓာတ်ဆီပက်၍ မီးရှို့တော့သည်။
ထို့အပြင် လွန်ခဲ့သည့် မတ် လကလည်း ပဲခူးတိုင်း သရက်တ ပင်ကျေးရွာတွင် ဖုန်းဘီလ်မထည့် ပေး၍ ဦးလေးဖြစ်သူကို ရဲတင်း နှင့် ခုတ်မှုဖြစ်ပွားခဲ့သေးသည်။ အွန်လိုင်းမှ အလုပ်လျှောက်လွှာ တင်ရန် ဖုန်းဘီလ်လွှဲခိုင်းရာ မလွှဲ ပေးသောကြောင့် အနီးရှိ ရဲတင်း နှင့် ထခုတ်သည်ဟု သရက်တပင် ၏ ရဲမှတ်တမ်းတွင် ဖော်ပြထား ၏။
ထို့အပြင် ဖုန်းဘီလ်ကြောင့် လူနေမှုဘ၀တွင် သက်ရောက်မှု များလည်းရှိနေ၏။ အကြောင်းမှာ သာမန်လူတန်းစားများအတွက် ဖုန်းဘီလ်သည် နေ့စဉ်ကုန်ကျစ ရိတ်နှင့်အတူ တွဲ၍ ပူပန်ရသည့် ထွက် ငွေဖြစ်မှန်းမသိ ဖြစ်လာ သောကြောင့်ဖြစ်၏။
ထို့အပြင် စီးပွားရေးဝန်ကြီး စီးပွားကူးသန်း၏ လက်အောက် တွင်ရှိသော စားသုံးသူဖြေရှင်းရေး အဖွဲ့တွင်လည်း ဖုန်းဘီလ်နှင့်ဆိုင် သော တိုင်ကြားမှုများသည် တစ် လနှင့်တစ်လတိုး၍ လာနေသည် ဟု အဆိုပါအဖွဲ့ ဒုတိယညွှန် ကြားရေးမှူး ဦးစိုးအောင်က ပြော သည်။၎င်း၏ အဆိုအရ ဖုန်းငွေ ဖြည့်ကတ်ရောင်းသည့်ဆိုင်က ရေစိုသွားသည့် ငွေဖြည့်ကတ်ကို ပြန်မလဲပေးခြင်း၊ ငွေဖြည့်မရ သော်လည်း ပြန်မလဲပေးခြင်း၊ ဆိုင်မှရောင်းလိုက်သည့် ငွေဖြည့် ကတ်ခဲခြစ်သည် အစိုပြန်နေ၍ ဂဏန်းများပါသွားခြင်း စသည့် ဖြစ်ရပ်များကြောင့် တိုင်ကြား သည်များလည်းရှိနေသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကုမ္ပဏီတစ်ခုတွင် ဖုန်းဘီလ် သိန်း ၂၀ ဖိုးခန့် လိမ် ထုတ်သည်ဆိုကာ နည်းပညာ ကုမ္ပဏီတစ်ခုက ၀န်ထမ်းနှစ်ဦး ကို တရားစွဲဆိုသည့် အမှုမှာလည်း ကျောက်တံတားမြို့နယ် တရား ရုံးတွင် လွန်ခဲ့သည့်လက ဖြစ်ပွား ခဲ့သေးသည်။
နေ့စဉ်သုံးစွဲနေသည်မို့ ဖုန်း ဘီလ်သည် ငွေကြေးကုန်ကျ စရိတ်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ တွင် ဖုန်းဘီလ်ဖိုးသည် တစ်နေ့စာ အစားအသောက်ဖိုးထက်ပင် ပို ကုန်သည်မျိုးရှိကြောင်း ကုမ္ပဏီ ၀န်ထမ်း ကိုမင်းဇေလတ်က ပြော သည်။
‘‘ဖုန်းဘီလ်က ကုန်မှန်းမသိ ကို ကုန်တာ။ တစ်နေ့ နှစ်ထောင် လောက်က ပုံမှန်ပဲ။ ပရိုမိုးရှင်း တွေ၊ package တွေနဲ့သုံးလည်း မရဘူး။ ဗီဒီယိုတွေ ကြည့်တော့ ပိုဆိုးတယ်’’ဟု ကိုမင်းဇေလတ် က ပြောသည်။
ထိုသို့ နေ့စဉ် ကုန်ကျနိုင် အောင်လည်း ကျပ်တစ်ထောင် တန်ငွေဖြည့်ကတ်များရှိနေ၏။ မို ဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲသူ များကြားတွင် တစ်ရက်လျှင် တစ် ထောင် နေ့စဉ် ငွေဖြည့်ကာ သုံးစွဲ သူများလည်းရှိ၏။
‘‘တစ်နေ့တစ်ထောင်ကို မနက်ဖြည့် ညကုန်၊ နောက်မနက် ဆက်ဖြည့်။ တစ်ခါတလေ တစ် နေ့ သုံးထောင်လောက်ကုန်တယ်။ မုန့်လျှော့စားပေါ့’’ဟု ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူ မအေး လဲ့ရည်ချိုကပြောသည်။
ဖုန်းဘီလ်အရောင်းဆိုင်များ အနေဖြင့်လည်း တစ်ထောင်တန် ငွေဖြည့်ကတ်သာ အများဆုံး ရောင်းရပြီး ငါးထောင်တန်သည် ဒုတိယအရောင်းလိုက်ကြောင်း MPT အော်ပရေတာမှ အရောင်း ပိုင်းဆိုင်ရာ အရာရှိတစ်ဦးက ပြောသည်။
ထို့အပြင် နေ့စဉ် ငွေဖြည့် ကတ်နှင့်ပတ်သက်၍ အကြောင်း ကြားမှုများ၊ တိုင်ကြားမှုများရှိနေ ပြီး အများစုသည် ခဲခြစ်ဂဏန်း ပျက်သွားသူများ၊ ကတ်ပြဲသွားသူ များဖြစ်ကြောင်း Telenor Myanmar မှ ကိုအဲလက်စ်က ပြောသည်။
ထို့အပြင် လူမှုကွန်ရက်တွင် လတ်တလောတွေ့ရှိလာသည် ကတော့ ဖုန်းဘီလ်များအဖြတ် လွန်နေသည့်ကိစ္စပင်ဖြစ်သည်။ သုံးစွဲသူတစ်ယောက်က Telenor ၀န်ထမ်းတစ်ယောက် ဖုန်းဘီလ် များ အလွန်အကျွံဖြတ်နေသည် ဟုဆိုကာ ရန်တွေ့နေသည့် ဗီဒီယို ဖိုင်သည် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ ခဲ့သည်။
ထိုသို့ ဘီလ်ဖြတ်တောက်မှု များလည်း မိုဘိုင်းဖုန်းသုံးစွဲသူ များ တစ်နည်းမဟုတ် တစ်နည်း ကြုံတွေ့ကြဖူးသည်။ ‘‘ငွေဖြည့် ကတ်က တစ်နေ့တစ်ထောင် တောင် မလောက်ချင်ပါဘူးဆိုမှ ဖုန်းဘီလ်က ခိုးပြီးတစ်မျိုးပေါ် တင်တစ်မျိုး အဖြတ်ခံရတာရှိ သေးတယ်’’ဟု လူမှုကွန်ရက်သုံးစွဲ သူ ကိုမကြည်စင်က ပြောသည်။
‘‘ဖုန်းဘီလ်ဖြတ်တာက အင် တာနက်သုံးတဲ့လူတွေဆို ပိုသိ တယ်။ တစ်ခါတလေ ဘာပလန်၊ ညာပလန်ဆိုလို့ လုပ်ကြည့်ပြီး တစ်ရက်နှစ်ရက်လောက်က တော့ အသားကုန်အဖြတ်ခံရတာ ပဲ’’ဟု မအေးလဲ့ရည်ချိုက ပြော သည်။
ထိုသို့ ဖုန်းဘီလ်ဖြတ်ခြင်း သည် ယခင်ပရိုမိုးရှင်းများ၊ Package များနှင့် အစီအစဉ်များ ၀ယ်ယူထားမိသောကြောင့်ဖြစ် နိုင်ပြီး အော်ပရေတာ၏ ဖုန်းငွေ ကောက်ခံသည့်စနစ် အမှားအ ယွင်းနည်းကြောင်း သက်ဆိုင်ရာ အော်ပရေတာမှ တာဝန်ရှိသူများ က ပြောဆိုထား၏။ ထို့အပြင် ထိုကဲ့သို့ ဖြစ်စဉ်များရှိပါက နီးစပ် ရာ ဆက်သွယ်ရေးရုံးများသို့ ဖုန်း ခေါ်ဆိုနိုင်ကြောင်း သတင်းထုတ် ပြန်ထားသည်။
မိုဘိုင်းဖုန်းမှ ငွေဖြတ်ခြင်း ကြောင့် အော်ပရေတာများသို့ တိုင်ကြားမှုများလည်း အပတ်စဉ် ရှိနေပြီး အော်ပရေတာက မှား ယွင်းမှုမရှိပါက အဆင်ပြေရန် ဆောင်ရွက်ပေးနေကြောင်း Ooredoo Myanmar မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ထို့ပြင် လွန်ခဲ့သည့် လများက ဖုန်းဘီလ် မှားယွင်းဖြတ်တောက်မှုကြောင့် အော်ပရေတာအချို့ ငွေပြန်ဖြည့် ပေးခဲ့ရသည်များလည်းရှိခဲ့သည်။
နိုင်ငံတကာတွင်တော့ ကြို တင်ကတ်များအစား လစဉ် ဖုန်း ဘီလ်ပေးသွင်းမှုများ ပို၍ ခေတ် စားသည်။ တစ်ကမ္ဘာလုံးတွင် ဖုန်းဘီလ်ဈေးနှုန်းအများဆုံးနိုင်ငံ အဖြစ် ကနေဒါနိုင်ငံဟု ယေဘုယျ သတ်မှတ်ထားသည်။ အဆိုပါ နိုင်ငံတွင် တစ်လလျှင် ဖုန်းဘီလ် ဖိုးပျမ်းမျှ ၅၅ ဒေါ်လာ(မြန်မာ ငွေ ခြောက်သောင်းကျော်) ကုန်ကျပြီး အခြားသောနိုင်ငံများထက် အဆ များစွာ များနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ လူတစ်ဦး လျှင် တစ်လဘီလ်ဖိုးတစ်သောင်း နှင့် လေးသောင်းကြား သုံးစွဲကြ သည်ဟု အော်ပရေတာ၏ အ ချက်အလက်များအရ ခန့်မှန်းနိုင် သည်။
သာမန်ပြည်သူများအတွက် စားဝတ်နေရေးအပြင် ဖုန်းဘီလ် တစ်လလုံး အပိုငွေကပါ အင်တာ နေရှင်နယ်ဈေးနှုန်းဖြစ်နေသည်။ အော်ပရေတာများကို မေးမြန်း ချက်အရတော့ ငွေဖြည့်ကတ် သုံး စွဲမှုများအတွက် ဈေးနှုန်းချပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် ပရိုမိုးရှင်းအစီအစဉ်များကို တောက်လျှောက်လုပ်ဆောင် မည်ဖြစ်ကြောင်း အသီးသီးဖြေ ကြားသည်။
ခဲခြစ်စက္ကူအောက်မှ ဂဏန်း ငယ်များ ခေတ်စားလာသည်မှာ သုံးနှစ်ကျော်လေးနှစ်အတွင်းရှိပြီ ဖြစ်သည်။ လာမည့်နှစ်များတွင် လူမှုဘ၀များ၌ စားသောက်ရေး နှင့် နည်းတူ နေ့စဉ်အရေးပါနေ သော ဖုန်းဘီလ်ဈေးနှုန်းများ လျော့ကျရန်လည်း ပြည်သူများ မျှော်လင့်လျက်ရှိသည်။
Ref : 7daydaily
Post a Comment